ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
    • “လူတစ်ယောက်ဟာ စားသောက်ပွဲကြီး တည်ခင်းပြီး လူအများကြီးကို ဖိတ်ခေါ်တယ်။ စားသောက်ချိန်ရောက်တော့ ဖိတ်ခေါ်ထားသူတွေဆီ ကျွန်ကိုလွှတ်ပြီး ‘လာကြပါ၊ အားလုံးအသင့်ဖြစ်နေပြီ’ လို့ ပြောခိုင်းလိုက်တယ်။ ဒါပေမဲ့ သူတို့အားလုံးက မလာနိုင်တဲ့အကြောင်း တစ်ယောက်တစ်မျိုး ဆင်ခြေပေးကြတယ်။ တစ်ယောက်က ‘ကျွန်တော် လယ်တစ်ကွက် ဝယ်ထားလို့ သွားကြည့်ရဦးမယ်။ မလာနိုင်တာကို စိတ်မရှိပါနဲ့’ လို့ပြောတယ်။ နောက်တစ်ယောက်က ‘ကျွန်တော် နွားငါးရှဉ်း ဝယ်ထားလို့ သွားပြီး အစမ်းခိုင်းကြည့်ဦးမယ်။ မလာနိုင်တာကို စိတ်မရှိပါနဲ့’ လို့ပြောတယ်။ နောက်တစ်ယောက်ကလည်း ‘ကျွန်တော် လက်ထပ်ပြီးခါစမို့လို့ မလာနိုင်ပါဘူး’ လို့ပြောတယ်။”—လုကာ ၁၄:၁၆-၂၀။

  • စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
    • ယေဟောဝါဘုရားက ယေရှုခရစ်ကို စေလွှတ်ပြီး ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရဖို့ လူတွေကို ဖိတ်ခေါ်ခိုင်းတယ်ဆိုတာ ဒီဥပမာက ကောင်းကောင်းပုံဖော်တယ်။ ဂျူးဘာသာရေး ခေါင်းဆောင်တွေဟာ ဦးဆုံး ဖိတ်ခေါ်ခံရသူတွေပါ။ သူတို့အများစုဟာ ယေရှုရဲ့ အမှုဆောင်ချိန် တစ်လျှောက်လုံး ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကိုပဲ ဖိတ်ခေါ်တာ မဟုတ်ဘူး။ အနှိမ်ခံရတဲ့ ဂျူးတွေနဲ့ ဂျူးဘာသာ ပြောင်းဝင်လာသူတွေကို အနာဂတ်မှာ ဒုတိယအနေနဲ့ ဖိတ်ခေါ်မယ်လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ အဲဒီနောက် ဘုရားရှေ့မှာ အရည်အချင်း မပြည့်မီဘူးလို့ ဂျူးတွေယူမှတ်တဲ့ လူတွေကို တတိယနဲ့ နောက်ဆုံးအနေနဲ့ ဖိတ်ခေါ်မှာဖြစ်တယ်။—တမန်တော် ၁၀:၂၈-၄၈။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ