ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထင်ရှားသော ဖာရိရှဲတစ်ဦး ဧည့်ခံ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • “လူတစ်ဦးသည် ကြီးစွာသောပွဲကိုစီရင်၍ လူများတို့ကို ခေါ်ဖိတ်လေ၏။ ပွဲခံချိန်ရောက်သော် ခေါ်ဖိတ်သောသူတို့ကို ‘လာကြပါ။ အလုံးစုံတို့သည်အသင့်ရှိပြီ’ ဟုမှာ၍ အစေအပါးကိုစေလွှတ်၏။ ခေါ်အပ်သောသူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏။ တစ်ယောက်က ‘အကျွန်ုပ်သည် မြေရာကိုဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကိုလွှတ်ပါဦးလော့’ ဟုတောင်းပန်လေ၏။ တစ်ယောက်က ‘အကျွန်ုပ်သည် နွားငါးယှဉ်းကိုဝယ်ပါပြီ။ သွား၍စမ်းရပါမည်။ အကျွန်ုပ်ကိုလွှတ်ပါဦးလော့’ ဟုတောင်းပန်လေ၏။ တစ်ယောက်က ‘အကျွန်ုပ်သည် မယားနှင့်လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါ’ ဟုဆို၏။”

  • ထင်ရှားသော ဖာရိရှဲတစ်ဦး ဧည့်ခံ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • ထိုဥပမာအားဖြင့် ဘာကိုတင်ပြနေသနည်း။ စားသောက်ပွဲပြင်ဆင်ပေးသူ “သခင်” မှာ ယေဟောဝါဘုရားကိုပုံဆောင်သည်။ လိုက်ဖိတ်ခေါ်သော “ကျွန်” သည် ယေရှုခရစ်ဖြစ်သည်။ “ကြီးစွာသောပွဲ” ကား ကောင်းကင်နိုင်ငံတော်ဝင်နိုင်ရန်အခွင့်အရေးပင်ဖြစ်သည်။

  • ထင်ရှားသော ဖာရိရှဲတစ်ဦး ဧည့်ခံ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • ဘုရားနိုင်ငံတော်ဝင်ရန်ပထမဆုံးခေါ်ဖိတ်ခံရသူများကား ယေရှုလက်ထက်ရှိဂျူးဘာသာရေးခေါင်းဆောင်များဖြစ်သည်။ သို့သော်သူတို့လက်မခံကြ။ သို့နှင့်စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ဒုတိယဖိတ်ခေါ်ချက်ကို ယုဒလူမျိုးတွင် အနှိမ်ခံရသူတို့အားကမ်းလှမ်းလေသည်။ သို့သော်ကောင်းကင်နိုင်ငံတော်ရှိနေရာ ၁၄၄၀၀၀ ကိုပြည့်သည်တိုင်မတုံ့ပြန်ကြပါ။ သို့ဖြစ်၍သုံးနှစ်ခွဲကြာသောအခါစီအီး ၃၆ ခုနှစ်တွင် တတိယနှင့်နောက်ဆုံးဖိတ်ခေါ်ချက်ကို အရေဖျားမလှီးသောဂျူးမဟုတ်သူတို့အားကမ်းလှမ်းလေသည်။ ထိုသို့ ၂၀ ရာစုအထိဆက်စုသိမ်းပါသည်။ လုကာ ၁၄:၁-၂၄။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ