-
“ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုးကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၈ | မေ
-
-
၇။ (က) “စိုက်ပျိုးသူ၊” “စပျစ်ပင်” နဲ့ “စပျစ်ကိုင်းတွေ” က ဘယ်သူတွေကို ပုံဆောင်သလဲ။ (ခ) ဘယ်မေးခွန်းရဲ့ အဖြေကို သိဖို့ လိုသလဲ။
၇ ယောဟန် ၁၅:၁-၅၊ ၈ ကိုဖတ်ပါ။ “အသီးများစွာ သီးပြီး ကျွန်တော့်တပည့်ဖြစ်မှန်း သက်သေပြကြပါ။ ဒါဆိုရင် အဖဘုရား ဘုန်းထင်ရှားလိမ့်မယ်” ဆိုပြီး တမန်တော်တွေကို ယေရှု ပြောခဲ့တယ်။ ယေဟောဝါကို “စိုက်ပျိုးသူ၊” မိမိကိုယ်ကို “စစ်မှန်တဲ့စပျစ်ပင်၊” တပည့်တွေကို “စပျစ်ကိုင်းတွေ” အဖြစ် ဖော်ပြခဲ့တယ်။b ဒါဆို ဘယ်လိုအသီးမျိုးကို ယေရှုရဲ့ နောက်လိုက်တွေ သီးရမှာလဲ။ ဒီပုံဥပမာမှာတော့ ဘယ်လိုအသီးဆိုတာကို ယေရှု တိုက်ရိုက်မပြောဘူး။ ဒါပေမဲ့ အဖြေကို သိနိုင်ဖို့ အရေးကြီးတဲ့ အသေးစိတ်အချက်တွေကိုတော့ ဖော်ပြခဲ့တယ်။
၈။ (က) ဒီပုံဥပမာမှာပါတဲ့ အသီးတွေက တပည့်သစ်တွေကို ဘာကြောင့် မဆိုလိုတာလဲ။ (ခ) ယေဟောဝါ ဘာကိုပဲ တောင်းဆိုသလဲ။
၈ “ကျွန်တော့်ဆီမှာရှိတဲ့ အသီးမသီးတဲ့ အကိုင်းတွေကို သူခုတ်ပစ်တယ်” လို့ ဖခင်အကြောင်း ယေရှုပြောတယ်။ တစ်နည်းအားဖြင့် သီးပွင့်ဖြစ်ထွန်းသူတွေကိုသာ မိမိကျေးကျွန်တွေအဖြစ် ယေဟောဝါ ရှုမြင်တယ်။ (မ. ၁၃:၂၃။ ၂၁:၄၃) ဒီပုံဥပမာအရ ခရစ်ယာန်တွေ သီးပွင့်ရမယ့် အသီးဟာ တပည့်သစ်ဖြစ်လာစေခြင်းကို ဆိုလိုတာ မဖြစ်နိုင်ဘူး။ (မ. ၂၈:၁၉) အဲဒီလိုသာဆိုလိုခဲ့ရင် တုံ့ပြန်မှုမရှိတဲ့ ရပ်ကွက်မှာ တပည့်သစ်ဖြစ်အောင် မလုပ်နိုင်တဲ့ သစ္စာရှိခရစ်ယာန်တွေဟာ ယေရှုရဲ့ ပုံဥပမာထဲက မသီးပွင့်တဲ့ စပျစ်ကိုင်းတွေလို ဖြစ်သွားလိမ့်မယ်။ အဲဒီလို ယူဆတာ မမှန်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လူတွေကို တပည့်ဖြစ်လာအောင် ဖိအားပေးလို့ မရလို့ပဲ။ ယေဟောဝါဟာ မေတ္တာရှင်ဖြစ်တယ်။ ကျွန်တော်တို့ မတတ်နိုင်တာကို အတင်းလုပ်ခိုင်းမှာ မဟုတ်ဘူး။ တတ်နိုင်တာကိုပဲ တောင်းဆိုတယ်။—တရား. ၃၀:၁၁-၁၄။
၉။ (က) ဘယ်လုပ်ငန်းမှာ ပါဝင်တာက သီးပွင့်ဖြစ်ထွန်းတာနဲ့တူသလဲ။ (ခ) ဘယ်ပုံဥပမာကို သုံးသပ်ကြမလဲ။
၉ ဒါဆိုရင် ဘယ်လို အသီးတွေ သီးပွင့်ရမှာလဲ။ အသီးဆိုတာ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့အရာတွေကို ရည်ညွှန်းတယ်။ ဘယ်လုပ်ဆောင်မှုက “သီးပွင့်ဖြစ်ထွန်း” တာနဲ့ တူသလဲ။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းပါပဲ။c (မ. ၂၄:၁၄) ယေရှုရဲ့ မျိုးကြဲသူ ပုံဥပမာက ဒီအချက်ကို ထောက်ခံတယ်။ အဲဒီဒုတိယပုံဥပမာကို သုံးသပ်ကြည့်ရအောင်။
-
-
“ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုးကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၈ | မေ
-
-
b ဒီပုံဥပမာမှာပါတဲ့ စပျစ်ကိုင်းတွေက ကောင်းကင်အသက်တာရမယ့်သူတွေကို ဆိုလိုပေမဲ့ ဘုရားသခင့်ကျေးကျွန်အားလုံး အကျိုးရယူနိုင်ပါတယ်။
c “သီးပွင့်ဖြစ်ထွန်း” ခြင်းဆိုတာ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” တင်ပြတာကိုလည်း ဆိုလိုတယ်။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာတော့ နိုင်ငံတော်သတင်း ဟောပြောခြင်းအားဖြင့် သီးပွင့်ဖြစ်ထွန်းခြင်းအကြောင်း အာရုံစိုက်ပါမယ်။—ဂလ. ၅:၂၂၊ ၂၃။
-