-
“ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”ကင်းမျှော်စင်—၂၀၀၆ | ဇွန် ၁၅
-
-
ဇာတိဣသရေလလူများကို စပျစ်နွယ်ပင်နှင့် ယေဟောဝါ ခိုင်းနှိုင်းသကဲ့သို့ ယေရှုလည်း အလားတူခိုင်းနှိုင်းခဲ့သည်။ ယေရှုသည် နောက်ဆုံးညစာစားပွဲတွင် တပည့်များအား “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁) ယေရှုသည် တပည့်တော်များကို စပျစ်ပင်အခက်များနှင့် ခိုင်းနှိုင်းခဲ့သည်။ ပကတိစပျစ်ပင်အခက်များသည် သန်မာအားကောင်းနေရန် အဓိကပင်စည်ကို မှီခိုရသည့်နည်းတူ ခရစ်တော်၏တပည့်များသည်လည်း ကိုယ်တော်၌တည်နေရမည်။ “ငါနှင့်ကွာလျှင်သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” ဟု ယေရှုဆိုခဲ့သည်။ (ယောဟန် ၁၅:၅) ဥယျာဉ်ရှင်များသည် စပျစ်သီးဆွတ်ခူးရရန် စပျစ်ခြံစိုက်ပျိုးကြသကဲ့သို့ ယေဟောဝါသည် မိမိလူမျိုးတော်ထံမှ ဝိညာဉ်ရေးအသီးများသီးပွင့်ရန် မျှော်လင့်တော်မူသည်။ ယင်းအသီးများသီးပွင့်ခြင်းက စပျစ်ဥယျာဉ်ရှင်ဘုရားသခင်၏ အလိုတော်နှင့်တွေ့ပြီး ဘုန်းထင်ရှားစေသည်။—ယောဟန် ၁၅:၈။
-
-
“ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”ကင်းမျှော်စင်—၂၀၀၆ | ဇွန် ၁၅
-
-
“များစွာသော အသီးကိုသီး” နေလော့
“မှန်သောစပျစ်နွယ်ပင်” ၏ပုံဆောင်အခက်များသည် ဘိသိက်ခံခရစ်ယာန်များကို ပုံဆောင်သော်လည်း “အခြားသိုး” များလည်း မိမိတို့ကိုယ်ကို ခရစ်တော်၏ အသီး,သီးသောတပည့်များအဖြစ် သက်သေထူရမည်။ (ယောဟန် ၁၀:၁၆) သူတို့လည်း “များစွာသောအသီးကို” သီးနိုင်ပြီး ကောင်းကင်ခမည်းတော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်သည်။ (ယောဟန် ၁၅:၅၊ ၈) ယေရှု၏ မှန်သောစပျစ်နွယ်ပင်ပုံဥပမာက ကယ်တင်ခြင်းရရေးသည် ခရစ်တော်၌ ကျွန်ုပ်တို့တည်နေခြင်းနှင့် ဝိညာဉ်ရေးအသီးကောင်းများ သီးပွင့်နေခြင်းအပေါ်မူတည်ကြောင်း ကျွန်ုပ်တို့ကို သတိပေးသည်။ ယေရှုက “ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကိုစောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်” ဟုဆိုခဲ့သည်။—ယောဟန် ၁၅:၁၀။
-