-
“မည်သူ စာလိပ်ကို ဖွင့်ထိုက်သနည်း”ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၇။ အဘယ်အရာက ယေရှုအား “ပလ္လင်တော်ပေါ်တွင် စံတော်မူသောအရှင်၏ လက်ယာလက်တော်” မှ စာလိပ်ကို ခံယူထိုက်သူ ဖြစ်စေသနည်း။
၇ ယေရှုသည် စုံလင်သော လူသားတစ်ဦးအနေနှင့် စမ်းသပ်မှုအောက် အလူးအလှိမ့်ခံပြီး ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့သူဖြစ်သည်။ စာတန်၏စိန်ခေါ်ချက်ကို ထိထိမိမိ အဖြေပေးခဲ့သည်။ (သုတ္တံ ၂၇:၁၁) ထို့ကြောင့် ယဇ်ကောင်အဖြစ် အသေမခံမီည၌ “ငါသည် လောကကိုအောင်ပြီ” ဟု ဆိုနိုင်ခဲ့သည်။ (ယောဟန် ၁၆:၃၃) ယင်းကြောင့် ထမြောက်လာသော ယေရှုအား “ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်၌လည်းကောင်း ရှိသမျှသော တန်ခိုးအာဏာတို့ကို” ယေဟောဝါ အပ်နှင်းတော်မူသည်။ ဘုရားသခင့်အစေခံ အားလုံးထဲတွင် ယေရှုတစ်ပါးတည်းသာလျှင် စာလိပ်ကိုခံယူကာ ၎င်း၏အရေးပါလှသောသတင်းကို ထုတ်ပြန်နိုင်သော အရည်အချင်းရှိသည်။—မဿဲ ၂၈:၁၈။
-
-
“မည်သူ စာလိပ်ကို ဖွင့်ထိုက်သနည်း”ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၁၁။ ဘုန်းပွင့်သောယေရှုကို “အသတ်ခံခဲ့ရဟန်ရှိသော သိုးသငယ်တစ်ကောင်” ဖြင့်ကိုယ်စားပြုသည်မှာ အဘယ်ကြောင့် သိက္ခာချရာ မရောက်သနည်း။
၁၁ ဘုန်းပွင့်ယေရှုကို “အသတ်ခံရဟန်ရှိသော သိုးသငယ်တစ်ကောင်” နှင့်နှိုင်းယှဉ်သည်မှာ ကိုယ်တော်ကိုနှိမ်ရာ၊ သိက္ခာချရာ မရောက်သလော။ လုံးဝမရောက်ပါ။ သေသည့်တိုင် ယေရှု သစ္စာစောင့်ခြင်းက စာတန့်အဖို့ မဟာအရှုံး၊ ယေဟောဝါ ဘုရားသခင်အဖို့ မဟာအောင်ပွဲဖြစ်သည်။ ယေရှုကို ဤသို့သရုပ်ဖော်သည့်အတွက် စာတန့်လောကအပေါ် ယေရှုအောင်ပွဲရခြင်းကို ကွင်းကွင်းကွက်ကွက် ပေါ်လွင်စေပြီး လူသားတို့အပေါ်ထားရှိသော ယေဟောဝါနှင့် ယေရှု၏နက်ရှိုင်းသည့် မေတ္တာတော်ကိုလည်း သတိရစေသည်။ (ယောဟန် ၃:၁၆; ၁၅:၁၃; ကောလောသဲ ၂:၁၅ နှိုင်းယှဉ်။) သို့ဖြင့် ယေရှုသည် စာလိပ်ကိုဖွင့်နိုင်သော အရည်အချင်း အထူးပြည့်ဝသည့် ကတိထားရာ အမျိုးအနွယ်တော်ဖြစ်ကြောင်း ထင်ရှားသည်။—ကမ္ဘာဦး ၃:၁၅။
-