ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၂၂ စာ. ၂၈၀-စာ. ၂၈၁ ပိုဒ်. ၃
  • အပေါ်ထပ်အခန်းမှာ ယေရှုရဲ့နိဂုံးချုပ်ဆုတောင်းချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပေါ်ထပ်အခန်းမှာ ယေရှုရဲ့နိဂုံးချုပ်ဆုတောင်းချက်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော်၏ခွဲခွာမှုအတွက် တမန်တော်များအားပြင်ဆင်ပေးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှုရဲ့ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ‘လမ်းခရီး၊ အမှန်တရား၊ အသက်’
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ယောဟန် ၁၄:၆—“ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်းဖြစ်တယ်။ အသက်လည်းဖြစ်တယ်။”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၂၂ စာ. ၂၈၀-စာ. ၂၈၁ ပိုဒ်. ၃
ယေရှုက ကောင်းကင်ကိုမော့ကြည့်ပြီး တမန်တော်တွေရှေ့ ဆုတောင်းနေ

အခန်း ၁၂၂

အပေါ်ထပ်အခန်းမှာ ယေရှုရဲ့ နိဂုံးချုပ် ဆုတောင်းချက်

ယောဟန် ၁၇:၁-၂၆

  • ဘုရားနဲ့ သားတော်ကို သိခြင်းရဲ့ အကျိုးကျေးဇူး

  • ယေဟောဝါ၊ ယေရှုနဲ့ တပည့်တွေ တစ်စိတ်တစ်ဝမ်းတည်းဖြစ်

ယေရှုဟာ တမန်တော်တွေကို သိပ်ချစ်တာကြောင့် သူတို့နဲ့ ခွဲခွာရတော့မယ့် အချိန်အတွက် ပြင်ဆင်ပေးတယ်။ အခု ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်– “သားက အဖကို ဘုန်းထင်ရှားစေဖို့ သားရဲ့ဘုန်းကိုလည်း ထင်ရှားစေပါ။ လူသားအားလုံးကို အုပ်ချုပ်ရမယ့် အခွင့်အာဏာကို သားဆီ အဖ အပ်နှင်းထားပါပြီ။ သားကို ဒီလိုအပ်နှင်းတာက အဖပေးအပ်ထားသူတွေကို ထာဝရအသက် ပေးနိုင်ဖို့ပါ။”—ယောဟန် ၁၇:၁၊ ၂။

ဘုရားရဲ့ဘုန်း ထင်ရှားဖို့က အရေးကြီးဆုံးဖြစ်မှန်း ယေရှု အသိအမှတ်ပြုတယ်။ သူပြောတဲ့ ထာဝရအသက် မျှော်လင့်ချက်ကလည်း တကယ့်ကို နှစ်သိမ့်မှုဖြစ်စေတယ်။ “လူသားအားလုံးကို အုပ်ချုပ်ရမယ့် အခွင့်အာဏာကို” ယေရှုရရှိတဲ့အခါ သူ့ရဲ့ ရွေးဖိုး အကျိုးကျေးဇူးတွေကို လူအားလုံးကို ပေးနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ လူတချို့ပဲ ကောင်းချီးခံစားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ။ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော၊ အဖစေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်” ဆိုတဲ့ စကားအတိုင်း လုပ်ဆောင်သူတွေပဲ ရွေးဖိုး အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်လို့ပဲ။—ယောဟန် ၁၇:၃။

လူတစ်ယောက်ဟာ အဖဘုရားကိုရော သားတော်ကိုပါ ကောင်းကောင်း သိနေရမှာဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ ကိစ္စရပ်တွေကို သူတို့ရှုမြင်သလို ရှုမြင်တတ်ရမယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း သူတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ အရည်အသွေးတွေကို အတတ်နိုင်ဆုံး ကြိုးစားအတုယူရမယ်။ ဘုရားသခင့် ဘုန်းထင်ရှားစေရေးက ပထမ၊ လူသားတွေ ထာဝရအသက်ရရှိရေးက ဒုတိယဆိုတာ နားလည်ရမယ်။ အဲဒီအချက်ကို ယေရှု အခုလို ထပ်ပြောတယ်–

“ကမ္ဘာပေါ်မှာ အဖရဲ့ဘုန်းကို ကျွန်တော် ထင်ရှားစေခဲ့ပါပြီ။ အဖခိုင်းထားတဲ့အလုပ်ကို လုပ်ပြီးပါပြီ။ အဖ၊ ဒီလောက မတည်ရှိခင် အဖရဲ့ဘေးနားမှာ ကျွန်တော်ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုးကို အခုလည်း အဖရဲ့ဘေးနားမှာ ပြန်ခံစားခွင့်ပေးပါ။” (ယောဟန် ၁၇:၄၊ ၅) မှန်ပါတယ်၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းကင်မှာ ဘုန်း အသရေ ပြန်ခံစားခွင့်ပေးဖို့ ယေရှု တောင်းဆိုနေတာ။

ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ သူပြီးမြောက်ခဲ့တဲ့အရာကို သူမမေ့ဘူး။ “ဒီလောကထဲက အဖ ပေးအပ်ထားသူတွေကို အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ။ သူတို့ကို အဖပိုင်ဆိုင်လို့ ကျွန်တော့်ဆီ ပေးအပ်ခဲ့တာပါ။ အဖရဲ့တရားစကားကို သူတို့ လိုက်နာပါတယ်” ဆိုပြီး ဆုတောင်းတယ်။ (ယောဟန် ၁၇:၆) ယေရှုက ဘုရားရဲ့နာမည်ဟာ ယေဟောဝါ ဆိုတာလောက်ပဲ ပြောတာမဟုတ်ဘူး။ အဲဒီနာမည်ကို ခံယူထားတဲ့အရှင်ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်တယ်၊ တစ်နည်းအားဖြင့် ဘုရားရဲ့ အရည်အသွေးတွေ၊ လူသားတွေနဲ့ ဘုရားသခင် ဆက်ဆံပုံတွေကို တမန်တော်တွေ သိလာအောင် ကူညီပေးခဲ့တယ်။

တမန်တော်တွေဟာ ယေဟောဝါဘုရားအကြောင်း၊ သားတော်ရဲ့ အခန်းကဏ္ဍနဲ့ သွန်သင်ချက်တွေအကြောင်း သိလာကြပြီ။ ယေရှုက “ကျွန်တော့်ကို အဖပြောသမျှ သူတို့ကို ပြန်ပြောပြခဲ့လို့ပါ။ သူတို့က အဲဒီစကားတွေကို လက်ခံတယ်။ အဖရဲ့ကိုယ်စားလှယ်အဖြစ် ကျွန်တော်ရောက်လာမှန်း ကောင်းကောင်းသိတယ်။ အဖစေလွှတ်လိုက်တဲ့သူ ဖြစ်မှန်းလည်း ယုံတယ်” လို့ နှိမ့်ချစွာ ပြောတယ်။—ယောဟန် ၁၇:၈။

နောက်လိုက်တွေနဲ့ လောကမှာရှိတဲ့လူတွေ ကွာခြားမှန်း အခုလို အသိအမှတ်ပြုတယ်– “သူတို့အတွက် ကျွန်တော် ဆုတောင်းပေးပါတယ်။ ဒီလောကအတွက်မဟုတ်ဘဲ အဖပေးအပ်ထားသူတွေအတွက် ဆုတောင်းနေတာပါ။ သူတို့ဟာ အဖရဲ့လူတွေဖြစ်လို့ပါ။ . . . သန့်ရှင်းမြင့်မြတ်တဲ့ အဖ၊ ကျွန်တော့်ကို ခံယူခွင့်ပေးထားတဲ့ နာမတော်ကို ထောက်ပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ပေးပါ။ ဒါဆိုရင် အဖနဲ့ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလို သူတို့လည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှာပါ။ ကျွန်တော်ဟာ . . . သူတို့ကို စောင့်ရှောက်ခဲ့တယ်၊ ကာကွယ်ခဲ့တယ်။ ပျက်စီးခြင်းရဲ့သားကလွဲလို့ တစ်ယောက်မှ မဆုံးရှုံးပါဘူး။” “ပျက်စီးခြင်းရဲ့သား” ဆိုတာ သစ္စာဖောက် ယုဒရှကာရုတ်ကို ပြောနေတာ။—ယောဟန် ၁၇:၉-၁၂။

ယေရှု ဆက်ပြီး ဆုတောင်းတာက– “လောကက သူတို့ကို မုန်းပါတယ်။ သူတို့ကို ဒီလောကကနေ ခေါ်ထုတ်ပေးဖို့ ကျွန်တော် ဆုတောင်းနေတာမဟုတ်ပါဘူး။ ဆိုးညစ်သူရဲ့ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုတောင်းနေတာပါ။ ကျွန်တော်က ဒီလောကနဲ့ မပတ်သက်သလို သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး။” (ယောဟန် ၁၇:၁၄-၁၆) တမန်တော်တွေနဲ့ တခြားတပည့်တွေဟာ စာတန်အုပ်ချုပ်နေတဲ့ လောကမှာ နေထိုင်ကြပေမဲ့ လောကနဲ့ လောကမှာရှိတဲ့ ဆိုးညစ်တဲ့ အရာတွေကနေ သီးခြားနေရမယ်။ ဘယ်လိုနည်းနဲ့လဲ။

ဟီဘရူး ကျမ်းစောင်တွေမှာပါတဲ့ အမှန်တရားနဲ့ ယေရှု သွန်သင်တဲ့ အမှန်တရားတွေကို လိုက်လျှောက်ခြင်းအားဖြင့် ဘုရားအမှုတော်ဆောင်ဖို့ သူတို့ကိုယ်ကို သန့်ရှင်းနေစေရမယ်၊ သီးခြားဖြစ်စေရမယ်။ ယေရှုက “အဖရဲ့ တရားစကားဟာ အမှန်တရားဖြစ်ပါတယ်။ အဲဒီအမှန်တရားအားဖြင့် သူတို့ကို သန့်စင်စေပါ” လို့ ဆုတောင်းတယ်။ (ယောဟန် ၁၇:၁၇) နောက်ပိုင်းမှာ တမန်တော် တချို့ဟာ စွမ်းအားတော် လမ်းညွှန်မှုအားဖြင့် ကျမ်းစောင်တွေကို ရေးသားကြလိမ့်မယ်။ အဲဒါတွေကလည်း “အမှန်တရား” ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူတစ်ယောက်ကို သန့်ရှင်းနေစေဖို့ ကူညီပေးပါလိမ့်မယ်။

အချိန်တန်တဲ့အခါ တခြားသူတွေလည်း “အမှန်တရား” ကိုလက်ခံလာလိမ့်မယ်။ ဒါကြောင့် “သူတို့ [တမန်တော်ဆယ့်တစ်ယောက်] အတွက်ပဲ ကျွန်တော် ဆုတောင်းနေတာ မဟုတ်ပါဘူး။ သူတို့စကားကြောင့် ကျွန်တော့်ကို ယုံကြည်လာမယ့် သူတွေအတွက်ပါ ဆုတောင်းပါတယ်” လို့ ယေရှုပြောတယ်။ သူတို့အားလုံးအတွက် ဘာကို ဆုတောင်းပေးတာလဲ။ “သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာအောင်လို့ပါ။ အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ကျွန်တော်က အဖနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလိုမျိုးပေါ့။ ဒါဆိုရင် သူတို့အားလုံးက ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။” (ယောဟန် ၁၇:၂၀၊ ၂၁) ဘုရားသခင်နဲ့ ယေရှုဟာ ကိစ္စရပ်အားလုံးမှာ စိတ်တူသဘောတူပဲ။ ဒါကြောင့် နောက်လိုက်တွေလည်း အဲဒီလိုဖြစ်ဖို့ ဆုတောင်းပေးနေတာ။

ယေရှုက ပေတရုနဲ့ ကျန်တဲ့သူတွေအတွက် ကောင်းကင်မှာ နေစရာပြင်ဆင်ဖို့ သွားရမယ်လို့ ခုနလေးတင် ပြောခဲ့တယ်။ (ယောဟန် ၁၄:၂၊ ၃) အခု အဲဒီအကြောင်းကို ဆုတောင်းချက်ထဲမှာ ထပ်ပြောတယ်– “အဖ၊ အဖပေးအပ်ထားသူတွေကို ကျွန်တော်ရှိတဲ့နေရာမှာ ရှိစေချင်လိုက်တာ။ ဒါမှ လူ့လောကအစပြုချိန် မတိုင်ခင်ကတည်းက ကျွန်တော့်ကိုချစ်လို့ အဖပေးထားတဲ့ ဘုန်းအသရေကို သူတို့မြင်နိုင်မှာပါ။” (ယောဟန် ၁၇:၂၄) အာဒံနဲ့ဧဝ သားသမီးတွေမရခင် ဟိုးအရင်ကတည်းက ဘုရားသခင်ဟာ ယေရှုခရစ်ဖြစ်လာမယ့် တစ်ပါးတည်းသော သားတော်ကို ချစ်တယ်ဆိုတဲ့အကြောင်း အလေးပေး ပြောနေတာ။

တမန်တော်တွေ၊ အမှန်တရားကို လက်မခံသေးတဲ့ တခြားသူတွေအပေါ်ထားတဲ့ ဘုရားရဲ့မေတ္တာနဲ့ ဘုရားရဲ့ နာမည်ကို ထပ်အလေးပေးပြီး ဆုတောင်းချက်ကို ယေရှု ဒီလိုနိဂုံးချုပ်တယ်– “အဖရဲ့ နာမည်ကိုသိအောင် သူတို့ကို ကျွန်တော်ပြောပြပါပြီ။ နောင်လည်း ပြောပြဦးမှာပါ။ ဒါမှ ကျွန်တော့်ကိုချစ်တဲ့ အဖရဲ့မေတ္တာမျိုးနဲ့ သူတစ်ပါးကို သူတို့ ချစ်နိုင်လိမ့်မယ်။ သူတို့နဲ့ ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။”—ယောဟန် ၁၇:၂၆။

  • ဘုရားသခင်နဲ့ သားတော်ကို သိကျွမ်းတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

  • ဘုရားရဲ့နာမည်ကို ယေရှု ဘယ်နည်းလမ်းတွေနဲ့ ဖော်ပြသလဲ။

  • ဘုရားသခင်၊ သားတော်နဲ့ နောက်လိုက်တွေအားလုံးဟာ ဘယ်လိုနည်းနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ