ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁၅ စာ. ၃
  • မည်သူများ တစ်ဖန်မွေးဖွားခြင်း ခံကြရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သူများ တစ်ဖန်မွေးဖွားခြင်း ခံကြရသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်လှုပ်ရှားမှုများနှင့် စိတ်
  • တစ်ဖန်မွေးဖွားခံရခြင်း—ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးသောလမ်းလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • တစ်ဖန်မွေးဖွားခြင်းဆိုတာ ဘာကိုဆိုလိုသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • နိကောဒင်အား သင်ကြားပေးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁၅ စာ. ၃

မည်သူများ တစ်ဖန်မွေးဖွားခြင်း ခံကြရသနည်း

လူကောင်းအားလုံး ကောင်းကင်သွားသလော။ သွားကြသည်ဟု လူအများထင်ကြသော်လည်း ယေရှုခရစ် ထိုသို့မယူဆပါ။ ညအခါ ကိုယ်တော်ထံ လျှို့ဝှက်စွာလာခဲ့သော ဂျူးအရာရှိနိကောဒင်အား ယေရှုက “အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်ပြီ” ဟုဆိုသည်။—ယောဟန် ၃:၁၃။

သို့ဆိုသော်လည်း အချို့သည်ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရမည့်အချိန်ရောက်လာမည့်အကြောင်း နိကောဒင်အား ယေရှုအရိပ်အမြွက်ပြောဆိုသည်။ ဤသူများအကြောင်း ယေရှုတင်ပြတော်မူသည်။ “ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရ။ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ ဒုတိယမွေးခြင်းကိုခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။” သို့သော် လူသည် မည်သို့ပြန်မွေးဖွားနိုင်မည်ကို နိကောဒင် နားမလည်နိုင်ပါ။—ယောဟန် ၃:၁-၉။

ယေရှု ဘာကိုဆိုလိုကြောင်း အသင်လည်း နားမလည်နိုင်ဘဲ ဖြစ်ကောင်းဖြစ်နေမည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းခံရသည်ဟု ယူမှတ်သူများစွာ ပြောဆိုသည့် ရုတ်တရက်ပြုပြင်ပြောင်းလဲသော အတွေ့အကြုံများကို ကိုယ်တော်ဆိုလိုပါသလော။

စိတ်လှုပ်ရှားမှုများနှင့် စိတ်

လူတစ်ဦး တစ်ဖန်မွေးဖွားခံပြီးမပြီး ဆုံးဖြတ်ရာတွင် အရေးကြီးသည်ကား ဝိညာဉ်တော်၏တန်ခိုးကို ခံစားရခြင်း ဖြစ်သည်ဟု အချို့ဆိုသည်။ သို့တိုင်အထူးသဖြင့် စိတ်လှုပ်ရှားမှုပြင်းထန်မည်ဆိုလျှင် ကျွန်ုပ်တို့စိတ်နှလုံးသည် ကျွန်ုပ်တို့ကိုထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။—ယေရမိ ၁၇:၉။

စိတ်ကို စိတ်လှုပ်ရှားမှုများ မည်သို့ဖြစ်စေနိုင်ကြောင်း သုတေသနပြုသူ ဝီလျမ်စာဂင့်ဆိုသူက “ကျွန်ုပ်တို့အသိဉာဏ်သည် ကျွန်ုပ်တို့အား လှည့်စားနေသည့်အခါ စိတ်လှုပ်ရှားခံနေရစဉ် ရရှိလာသည့်ယုံကြည်ချက်များကို သတိပြုရန်” လိုကြောင်းပြောခဲ့ပါသည်။ စာဂင့်အဆိုအရ ဥပမာတစ်ခုမှာ လှုံ့ဆော်ဟောပြောခြင်းဖြင့်လည်းကောင်း၊ ငရဲမီးစီရင်ချက် ခံရမည်ဟု ခြိမ်းခြောက်ခြင်းဖြင့်လည်းကောင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်ဖြစ်သည်။ ရွေးစရာမှာ ထာဝစဉ်ညှဉ်းပန်းနှိပ်စက်ခံရခြင်းသာဖြစ်မည်ဆိုလျှင် ကောင်းကင်သွားရန် မည်သူ တစ်ဖန်မွေးဖွားခြင်းမခံဘဲ နေလိုပါမည်နည်း။ ဤကဲ့သို့သော စိတ်လှုပ်ရှားမှုပြင်းပြနေစဉ် “ဆင်ခြင်တုံတရားပျောက်လွင့်ကာ သာမန်ဉာဏ်ရည်ဉာဏ်စွမ်းသည် ခေတ္တအလုပ်မလုပ်နိုင်တော့ဘဲ အယူအဆသစ်များ၊ ခံယူချက်အသစ်များကို ချင့်ချိန်ဝေဖန်ခြင်းမရှိ လက်ခံယုံကြည်လေတော့သည်။”—The Mind Possessed.

ထိုသို့ဖြစ်သဖြင့် တစ်ဖန်မွေးဖွားခြင်းကိစ္စကို ယုံကြည်ခြင်းသည် “ချင့်ချိန်ဝေဖန်ခြင်းမရှိ လက်ခံယုံကြည်ခြင်း” ဖြစ်မဖြစ် မည်သို့သိရှိနိုင်မည်နည်း။ ကျမ်းရေးသူတို့အား မှတ်တမ်းတင်စေသည့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လမ်းပြညွှန်ကြားခံခြင်းသည်ကား စစ်မှန်သောပညာရှိလမ်းစဉ်ပင်ဖြစ်သည်။ ‘ဉာဏ်ဆိုင်ရာဝတ်အလျောက်’ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ကြရန်လည်းကောင်း၊ ယုံကြည်ချက်သည် မှန်မမှန်အသေအချာစစ်ဆေးရန်လည်းကောင်း၊ ခရစ်ယာန်များအား တိုက်တွန်းထားသည်။—ရောမ ၁၂:၁၊ ၂၊ သမ။ ၁ သက်သာလောနိတ် ၅:၂၁။

တစ်ဖန်မွေးဖွားခံရခြင်းအားဖြင့် လူသားတို့အား ကမ်းလှမ်းထားသည့် အလွန်ထူးကဲသောအခွင့်အရေးတစ်ခုကို ရရှိစေပါသည်။ ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာခြင်းတွင် အမှန်ထူးခြားသောအဖြစ်အပျက်နှင့် ကွင်းဆက်နေပါသည်။ ယင်းအဖြစ်အပျက်အားလုံး အမှန်ဖြစ်ပျက်သော်လည်း မည်သူတို့တစ်ဖန်မွေးဖွားခြင်းခံရသနည်း၊ ယင်းအမှုသည် မည်သို့ဖြစ်ပျက်သနည်း၊ ဤကဲ့သို့သောသူများအတွက် အဘယ်မျှော်လင့်ချက်များရှိသနည်း၊ ဤသူများသာလျှင် ကယ်တင်ခြင်းရကြမည်လော အစရှိသည့်မေးခွန်းများ ပေါ်ပေါက်လာစေသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

လူသည် မည်သို့ပြန်မွေးဖွားနိုင်မည်ကို နိကောဒင် နားမလည်နိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ