ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၁၈
  • ခရစ်ယာန်စစ်တွေကို ခွဲခြားသိနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်စစ်တွေကို ခွဲခြားသိနိုင်ပုံ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • စစ်မှန်သောဘာသာကို သင်မည်သို့တွေ့ ရှိနိုင်မည်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • သတင်းကောင်းကို ဘယ်သူတွေ ဟောနေကြသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၁၈
သင်ခန်းစာ ၁၈။ ယေရှုက တပည့်တွေကို ညွှန်ကြားချက်ပေးပြီး နှစ်ယောက်တစ်တွဲစီ ဟောဖို့ စေလွှတ်နေ။

သင်ခန်းစာ ၁၈

ခရစ်ယာန်စစ်တွေကို ခွဲခြားသိနိုင်ပုံ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ခရစ်ယာန်ပါလို့ ဆိုသူ လူသန်းထောင်နဲ့ချီ ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်ချက်တွေ၊ စံနှုန်းတွေ မတူကြဘူး။ ဒါဆိုရင် စစ်မှန်တဲ့ ခရစ်ယာန်တွေကို ဘယ်လို ခွဲခြားသိနိုင်မလဲ။

၁။ ခရစ်ယာန်ဆိုတာ ဘာလဲ။

ခရစ်ယာန်ဆိုတာ ယေရှုခရစ်ရဲ့ တပည့်နောက်လိုက်တွေပါ။ (တမန်တော် ၁၁:၂၆ ကို ဖတ်ပါ။) ယေရှုတပည့်ဖြစ်ကြောင်း ဘယ်လို သက်သေပြကြသလဲ။ ‘ခင်ဗျားတို့သာ ကျွန်တော့်စကားကို အမြဲလိုက်နာရင် ကျွန်တော့်တပည့်အစစ် ဖြစ်တယ်’ လို့ ယေရှု ပြောတယ်။ (ယောဟန် ၈:၃၁) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ ယေရှုရဲ့သွန်သင်ချက်ကို လိုက်နာရမယ်။ ယေရှုက ကျမ်းစာကို အခြေခံပြီး သွန်သင်တယ်။ ခရစ်ယာန်စစ်တွေရဲ့ ယုံကြည်ချက်ကလည်း ကျမ်းစာကို အခြေခံတယ်။​—လုကာ ၂၄:၂၇ ကို ဖတ်ပါ။

၂။ ခရစ်ယာန်စစ်တွေ ဘယ်လို မေတ္တာပြကြသလဲ။

“ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ” လို့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ (ယောဟန် ၁၅:၁၂) တပည့်တွေကို ချစ်ကြောင်း ယေရှု ဘယ်လို ပြသလဲ။ သူတို့ကို အချိန်ပေးတယ်။ အားပေးတယ်။ ကူညီတယ်။ သူတို့အတွက် အသက်ကိုတောင် စွန့်ခဲ့တယ်။ (၁ ယောဟန် ၃:၁၆) အလားတူပဲ၊ ခရစ်ယာန်စစ်တွေဟာ မေတ္တာထားဖို့ သင်ပေးရုံလောက်ပဲ မဟုတ်ဘူး။ အပြောနဲ့ရော အလုပ်နဲ့ပါ မေတ္တာပြကြတယ်။

၃။ ခရစ်ယာန်စစ်တွေ ဘာလုပ်ဆောင်ကြသလဲ။

ယေရှုက တပည့်တွေကို လုပ်စရာအလုပ် ပေးခဲ့တယ်။ “ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောဖို့” စေလွှတ်တယ်။ (လုကာ ၉:၂) အစောပိုင်း ခရစ်ယာန်တွေဟာ ဝတ်ပြုတဲ့နေရာမှာသာမက လူအများရှိတဲ့နေရာ၊ အိမ်တွေမှာလည်း သွားဟောကြတယ်။ (တမန်တော် ၅:၄၂ နဲ့ ၁၇:၁၇ ကို ဖတ်ပါ။) ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေလည်း လူတွေရှိတဲ့နေရာတိုင်းမှာ ကျမ်းစာအမှန်တရားကို ဟောကြတယ်။ လူတွေကို ချစ်တဲ့အတွက် အချိန်နဲ့ ခွန်အား စိုက်ထုတ်ပြီး မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုပေးတဲ့ ကျမ်းစာသတင်းတရား ဟောကြတယ်။​—မာကု ၁၂:၃၁။

ရှာဖွေလေ တွေ့ရှိလေ

ခရစ်ယာန်စစ်တွေနဲ့ ယေရှုရဲ့ သွန်သင်ချက်၊ စံနမူနာ မလိုက်နာသူတွေ ကွာခြားပုံကို သုံးသပ်ပါ။

၄။ ခရစ်ယာန်စစ်တွေ ကျမ်းစာအမှန်တရား ရှာဖွေကြ

ပထမရာစုက ခရစ်ယာန်နှစ်ဦး ကျမ်းလိပ်ကို ဖတ်ပြီး ကျမ်းစာအမှန်တရား ရှာဖွေနေ။

အစောပိုင်းခရစ်ယာန်တွေ ကျမ်းစာကို တန်ဖိုးထား

ခရစ်ယာန်အမည်ခံသူတိုင်း ကျမ်းစာအမှန်တရားကို တန်ဖိုးထားကြတာ မဟုတ်ဘူး။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို ဆွေးနွေးပါ။

ဗီဒီယို။ ခရစ်ယာန်ဘာသာ ယိုယွင်းပျက်စီးလာ (၅:၁၁)

  • ခရစ်ယာန်ချာ့ချ်တချို့ ယေရှုရဲ့ သွန်သင်ချက်တွေ သင်ပေးဖို့ ဘယ်လို ပျက်ကွက်ကြသလဲ။

ကျမ်းစာထဲက အမှန်တရားကို ယေရှု သွန်သင်တယ်။ ယောဟန် ၁၈:၃၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • ယေရှုရဲ့စကားအရ ‘အမှန်တရားဘက် ရပ်တည်တဲ့’ ခရစ်ယာန်တွေကို ဘယ်လို ခွဲခြားသိနိုင်မလဲ။

၅။ ခရစ်ယာန်စစ်တွေ ကျမ်းစာအမှန်တရား ဟောပြောကြ

ပထမရာစု ခရစ်ယာန်တွေ အိမ်တွေဆီ သွားပြီး ဟောပြောနေ။

အစောပိုင်းခရစ်ယာန်တွေ တခြားသူတွေကို ဟောပြော

ယေရှု ကောင်းကင်မတက်ခင် နောက်လိုက်တွေကို တာဝန်တစ်ခု ပေးတယ်။ ဒါကို အခုချိန်ထိ လုပ်ဆောင်နေပါတယ်။ မဿဲ ၂၈:၁၉၊ ၂၀ နဲ့ တမန်တော် ၁:၈ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • ဟောပြောခြင်းလုပ်ငန်းကို ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ကြမလဲ။

၆။ ခရစ်ယာန်စစ်တွေ အပြောနဲ့ အလုပ်ညီကြ

စစ်မှန်တဲ့ခရစ်ယာန်ဘာသာကို တွေ့ပြီလို့ တွမ် ဘာကြောင့် လက်ခံသွားသလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ဘာသာရေးကို စိတ်ပျက်ခဲ့ (၅:၂၀)

  • ဒီဗီဒီယိုမှာ ဘာသာရေးကို တွမ် ဘာကြောင့် စိတ်ပျက်ခဲ့သလဲ။

  • အမှန်တရား တွေ့ပြီလို့ သူ ဘာကြောင့် လက်ခံသွားသလဲ။

အပြောထက် အလုပ်က ပိုထိရောက်တယ်။ မဿဲ ၇:၂၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • ယုံကြည်တယ်လို့ ပြောရုံပြောတာ၊ လုပ်ရပ်နဲ့ သက်သေပြတာ ဘယ်တစ်ခုကို ယေရှု အလေးထားသလဲ။

၇။ ခရစ်ယာန်စစ်တွေ အချင်းချင်း ချစ်ကြ

ပထမရာစု ခရစ်ယာန်မိသားစုက ယုံကြည်သူချင်းတွေဆီ စားစရာတွေ ယူလာပေးနေ။

အစောပိုင်းခရစ်ယာန်တွေ အချင်းချင်း ချစ်ကြ

ခရစ်ယာန်တွေဟာ အချင်းချင်းအတွက် အသက်စတေးဝံ့သလား။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို ဆွေးနွေးပါ။

ဗီဒီယို။ အသက်စတေးဝံ့သူ (၂:၅၅)

  • ဒီဗီဒီယိုမှာ ညီအစ်ကို ယိုဟန်စန်အတွက် အသက်စတေးဖို့ လွိုက်ကို ဘာက လှုံ့ဆော်သလဲ။

  • သူ ခရစ်ယာန်စစ် ပီသတယ်လို့ ထင်ပါသလား။

ယောဟန် ၁၃:၃၄၊ ၃၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။

  • ယေရှုတပည့်တွေ (ခရစ်ယာန်စစ်တွေ) ဟာ လူမျိုးမတူသူတွေကို ဘယ်လို ပြုမူဆက်ဆံကြသလဲ။

  • စစ်ဖြစ်ချိန်မှာ သူတို့ ဘာလုပ်ကြမလဲ။

လူတချို့အဆို။ “ခရစ်ယာန်ဂိုဏ်းတွေ အများကြီးရှိပေမဲ့ ကိုးကွယ်တဲ့ ဘုရားကတော့ တစ်ဆူတည်းပါ။”

  • ခရစ်ယာန်စစ်တွေကို ခွဲခြားသိနိုင်ပုံအကြောင်း ဘယ်ကျမ်းပိုဒ် သုံးပြီး ရှင်းပြမလဲ။

အနှစ်ချုပ်

ခရစ်ယာန်စစ်တွေ ကျမ်းစာသွန်သင်ချက်ကို လိုက်နာကြတယ်။ ကိုယ်ကျိုးစွန့်မေတ္တာ ပြကြတယ်။ ကျမ်းစာအမှန်တရား ဟောကြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ခရစ်ယာန်စစ်တွေရဲ့ ယုံကြည်ချက်တွေက ဘာကို အခြေခံသလဲ။

  • ခရစ်ယာန်စစ်တွေ ဖြစ်ကြောင်း ဘယ်အရည်အသွေးက သိစေသလဲ။

  • ခရစ်ယာန်စစ်တွေ ဘာကို လုပ်ဆောင်ကြသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ယေရှုရဲ့ စံနမူနာနဲ့ သွန်သင်ချက်ကို လိုက်နာဖို့ ကြိုးစားတဲ့အဖွဲ့အကြောင်း ထပ်လေ့လာပါ။

ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ (၁:၁၃)

သီလရှင်ဖြစ်ခဲ့ဖူးသူ ‘ဘုရားအမှုဆောင်တဲ့ မိသားစု’ ရှာတွေ့ပုံကို ဖတ်ကြည့်ပါ။

‘မေးခွန်းတိုင်းကို ကျမ်းစာနဲ့ဖြေ’ (ကင်းမျှော်စင် ဧပြီ ၁၊ ၂၀၁၄)

အကူအညီလိုနေသူတွေကို ခရစ်ယာန်စစ်တွေ ဘယ်လို မေတ္တာပြသလဲ။

သဘာဝဘေးကြုံချိန် ကူညီပေး​—ကောက်နုတ်ချက် (၃:၅၇)

ယေရှုနောက်လိုက်တွေကို ခွဲခြားသိစေမယ့်အချက်နဲ့ အစောပိုင်း ခရစ်ယာန်တွေကော အခုခေတ် ခရစ်ယာန်စစ်တွေပါ ကိုက်ညီပုံကို ဆန်းစစ်ပါ။

“စစ်မှန်တဲ့ခရစ်ယာန်ဘာသာကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ” (ကင်းမျှော်စင် မတ် ၁၊ ၂၀၁၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ