ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာချစ်တော်မူ၏’
    ယေဟောဝါထံ ချဉ်းကပ်လော့
    • အထူးကဲဆုံး မေတ္တာလုပ်ရပ်

      ၄။ ယေရှုသည် သာမန်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း ရောမစစ်သားတစ်ဦး မည်သို့သိမြင်လာခဲ့သနည်း၊ ထိုစစ်သားက မည်သို့ကောက်ချက်ချခဲ့သနည်း။

      ၄ ယေရှုအား အဆုံးစီရင်ကွပ်မျက်ချိန်တွင် ကြီးကြပ်ခဲ့သူ ရောမတပ်မှူးသည် ကိုယ်တော်မသေဆုံးမီ မှောင်မိုက်သွားခြင်းနှင့် ၎င်းနောက် ပြင်းထန်သောမြေငလျင်လှုပ်ခြင်းတို့ကြောင့် အံ့သြမိန်းမောခဲ့သည်။ “ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏” ဟူ၍ သူပြောခဲ့သည်။ (မဿဲ ၂၇:၅၄) ရှင်းနေသည်ကား ယေရှုသည် သာမန်ပုဂ္ဂိုလ်မဟုတ်ချေ။ ထိုစစ်သားသည် အကြီးမြတ်ဆုံးဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို အဆုံးစီရင်ရန် အကူအညီပေးခဲ့ပြီတကား! ထိုသားတော်ကို ခမည်းတော် အဘယ်အထိတန်ဖိုးထားမြတ်နိုးသနည်း။

      ၅။ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်သည် ကောင်းကင်တွင် အတူတကွနေထိုင်ခဲ့သော အချိန်ကာလကို မည်သို့သရုပ်ဖော်နိုင်မည်နည်း။

      ၅ သမ္မာကျမ်းစာက ယေရှုကို “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦး” ဖြစ်သည်ဟု ဆိုသည်။ (ကောလောသဲ ၁:၁၅) စဉ်းစားကြည့်ပါ၊ ယေဟောဝါ၏သားတော်သည် မျက်မြင်ရ စကြဝဠာမတည်မရှိမီ တည်ရှိတော်မူ၏။ သို့ဖြစ်လျှင် ခမည်းတော်နှင့် သားတော်သည် မည်မျှကြာအတူတူရှိခဲ့သနည်း။ သိပ္ပံပညာရှင်အချို့က စကြဝဠာသည် နှစ်ပေါင်း ၁၃ ဘီလီယံသက်တမ်းရှိပြီဟု ခန့်မှန်းကြ၏။ ထိုမျှကြာမြင့်ချိန်ကို သင်စိတ်ကူးကြည့်နိုင်သလော။ သိပ္ပံပညာရှင်များ ခန့်မှန်းထားကြသည့် စကြဝဠာ၏သက်တမ်းကို လူတို့နားလည်စေရန် နက္ခတ်တာရာပြခန်းတစ်ခုတွင် ပေ ၃၆၀ ရှည်မျဉ်းဖြောင့်လိုင်းကိုသုံးထားသည့် အချိန်တစ်ခုကို ဖော်ပြထားသည်။ ထိုပြခန်းသို့ လေ့လာသူများရောက်လာ၍ ၎င်းအချိန်ကန့်မျဉ်းပြ သက္ကရာဇ်စဉ်ဇယားအတိုင်း လျှောက်လှမ်းသွားသည့်အခါ သူတို့၏ခြေလှမ်းတစ်လှမ်းသည် စကြဝဠာသက်တမ်း နှစ်ပေါင်း ၇၅ သန်းခန့်နှင့်ညီမျှသည်။ ထိုအချိန်ကန့်မျဉ်းဇယားအဆုံး၌ လူ့သမိုင်းအားလုံးကို ဆံချည်မျှင်တစ်မျှင်အထူရှိ အမှတ်တစ်ခုနှင့် ကိုယ်စားပြုထားသည်! ဤခန့်မှန်းချက်သည် မှန်ကန်ဦးတော့ ထိုအချိန်ကန့်မျဉ်းဇယားတစ်ခုလုံးသည် ယေဟောဝါသားတော်၏သက်တမ်းနှင့် ညီမျှနိုင်လောက်အောင် မရှည်သေးပါ! ကိုယ်တော်သည် ထိုနှစ်ကာလများတစ်လျှောက် အဘယ်အရာများကို ပြုလုပ်ဆောင်ရွက်ခဲ့သနည်း။

      ၆။ (က) လူသားဘဝမတိုင်မီကာလတွင် ယေဟောဝါ၏သားတော်သည် အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။ (ခ) ယေဟောဝါနှင့် ကိုယ်တော်၏သားတော်စပ်ကြား အဘယ်နှောင်ကြိုးမျိုးရှိသနည်း။

      ၆ သားတော်သည် ခမည်းတော်၏ “ကျွမ်းကျင်လုပ်သား၊” [ကဘ] အဖြစ် ပျော်ရွှင်စွာအမှုထမ်းခဲ့သည်။ (သုတ္တံ ၈:၃၀) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “[သားတော်] နှင့်ကင်းလွတ်လျက် ဖန်ဆင်းသောအရာ တစ်စုံတစ်ခုမျှမရှိ။” (ယောဟန် ၁:၃၊ သမ္မာ) သို့ဖြစ်၍ အခြားအရာအားလုံး တည်ရှိလာစေရန် ယေဟောဝါနှင့် သားတော်တို့သည် တွဲဖက်အမှုဆောင်ခဲ့ကြ၏။ ပီတိဖြာစရာ ပျော်ရွှင်မှုရှိအချိန် ပါတကား! မိဘနှင့် သားသမီးသံယောဇဉ်သည် အလွန်ကြီးမားကြောင်း သဘောတူသူ များစွာရှိမည်။ ထို့ပြင် မေတ္တာသည် “စုံလင်ခြင်းအဖွဲ့အစည်း” လည်းဖြစ်သည်။ (ကောလောသဲ ၃:၁၄) သို့ဆိုလျှင် အတိုင်းမသိကြာမြင့်သော အချိန်ကာလအတွင်း တည်ရှိခဲ့သည့် အနှောင်အဖွဲ့စွမ်းအားကို မည်သူစတင်နားလည်နိုင်မည်နည်း။ ရှင်းနေသည်ကား ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်တို့ ဖွဲ့ထားသောမေတ္တာနှောင်ကြိုးသည် အခိုင်မာဆုံးဖြစ်သည်။

      ၇။ ယေရှုနှစ်ခြင်းခံချိန်တွင် သားတော်နှင့်ပတ်သက်၍ မိမိ၏ခံစားချက်ကို ယေဟောဝါမည်သို့ဖော်ပြတော်မူခဲ့သနည်း။

      ၇ ထိုသို့ဖြစ်စေကာမူ ခမည်းတော်သည် မိမိ၏သားကို လူသားကလေးတစ်ဦးအဖြစ် မွေးဖွားလာစေရန် ကမ္ဘာမြေပေါ်သို့ စေလွှတ်တော်မူခဲ့သည်။ ထိုသို့ပြုရန် ယေဟောဝါသည် ကောင်းကင်တွင် မိမိ၏ချစ်မြတ်နိုးလှသောသားတော်နှင့် တရင်းတနှီးပေါင်းသင်းမှုကို ဆယ်စုနှစ်ချီ စွန့်လွှတ်ခဲ့ရ၏။ စုံလင်သောလူသားတစ်ဦးအဖြစ် ယေရှုကြီးပြင်းလာသည်ကို အလွန်စိတ်ဝင်စားစွာဖြင့် ကိုယ်တော်သည် ကောင်းကင်မှ ရှုစားခဲ့၏။ အသက် ၃၀ အရွယ်တွင် ယေရှုနှစ်ခြင်းခံခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါမည်သို့ခံစားလိုက်ရမည်ကို ကျွန်ုပ်တို့ ခန့်မှန်းစရာမလိုပါ။ ခမည်းတော်ကိုယ်တော်တိုင် ကောင်းကင်မှ ဤသို့မိန့်တော်မူခဲ့သည်– “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” (မဿဲ ၃:၁၇) ယေရှုထံမှ တောင်းဆိုခဲ့သမျှ အရာအားလုံးဖြစ်သည့် ပရောဖက်ပြုထားသမျှကို ကိုယ်တော်သစ္စာရှိရှိ ဆောင်ရွက်ခဲ့ကြောင်းတွေ့မြင်ရခြင်းက ခမည်းတော်အား အလွန်ပျော်ရွှင်စရာဖြစ်စေမည်ဖြစ်သည်!—ယောဟန် ၅:၃၆; ၁၇:၄။

      ၈၊ ၉။ (က) စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေရှု အဘယ်အရာခံစားခဲ့ရပြီး ကိုယ်တော်၏ကောင်းကင်ခမည်းတော်လည်း မည်သို့ခံစားခဲ့ရသနည်း။ (ခ) ယေဟောဝါသည် ကိုယ်တော်၏သားတော်အား အဘယ်ကြောင့်ဝေဒနာခံ၍သေဆုံးစေခဲ့သနည်း။

      ၈ သို့သော် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေဟောဝါ မည်သို့ခံစားခဲ့ရသနည်း။ ထိုညတွင် ယေရှုသစ္စာဖောက်ခံရ၍ လူအုပ်၏ဖမ်းဆီးချုပ်နှောင်ခြင်းခံရစဉ် ကိုယ်တော် မည်သို့ခံစားခဲ့ရသနည်း။ ယေရှု၏မိတ်ဆွေများက ကိုယ်တော့်အား စွန့်ပစ်သွားခဲ့ကြပြီး မတရားသဖြင့်စစ်ဆေးခံရစဉ်၌ကော။ လှောင်ပြောင်သရော်ခံရ၍ တံတွေးထွေးခြင်း၊ လက်သီးဖြင့်ထိုးခြင်းတို့ကို ခံရချိန်၌ကော။ ကျာပွတ်ဖြင့်ရိုက်နှက်ခံရ၍ ကိုယ်တော်၏ကျောသည် အမြှောင်းလိုက်စုတ်ပြဲသွားချိန်၌ကော။ သစ်တိုင်ပေါ် လက်နှင့်ခြေတို့ကို သံဖြင့်ရိုက်ထား၍ ဆွဲထားစဉ် လူတို့က ကိုယ်တော့်အား ကဲ့ရဲ့သရော်ကြစဉ်၌ကော။ အပြင်းအထန်ဝေဒနာခံရခြင်းကြောင့် ချစ်မြတ်နိုးရသောသားတော်သည် ခမည်းတော်ထံ သံကုန်လွှင့် အသနားခံသောအခါ ကိုယ်တော်အနေနှင့် မည်သို့ခံစားလိုက်ရမည်နည်း။ ယေရှုသည် နောက်ဆုံးတွင် အသက်ထွက်၍ ဖန်ဆင်းချိန်မှစ၍ ဦးဆုံးအကြိမ် ခမည်းတော်၏ချစ်လှစွာသောသားတော် မရှိတော့သည့်အခါ ယေဟောဝါ မည်သို့ခံစားခဲ့ရသနည်း။—မဿဲ ၂၆:၁၄-၁၆၊ ၄၆၊ ၄၇၊ ၅၆၊ ၅၉၊ ၆၇; ၂၇:၃၈-၄၄၊ ၄၆; ယောဟန် ၁၉:၁။

      “ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်”

      ၉ ကျွန်ုပ်တို့ မှင်တက်မိနေကြသည်။ ယေဟောဝါသည် ခံစားချက်များရှိရာ သားတော်သေဆုံးရခြင်းကြောင့် ကိုယ်တော်ခံစားလိုက်ရမည့်ဝေဒနာကို ကျွန်ုပ်တို့၏စကားဖြင့်ဖော်ပြရန် မစွမ်းဆောင်နိုင်ချေ။ သို့သော် ကျွန်ုပ်တို့ဖော်ပြနိုင်ရာမှာ ယင်းသို့ဖြစ်ရန် ယေဟောဝါခွင့်ပြုခဲ့ရသည့်သဘောထားဖြစ်သည်။ ခမည်းတော်သည် မိမိကိုယ်ကို အဘယ်ကြောင့် ထိုသို့ခံစားစေခဲ့ရသနည်း။ အရေးကြီးလှသဖြင့် အသေးစားပုံစံဖြင့် ခရစ်ဝင်ကျမ်းဟု ခေါ်ဆိုကြသည့် ကျမ်းချက်တစ်ချက်ဖြစ်သော ယောဟန် ၃:၁၆ တွင် ယေဟောဝါသည် ကျွန်ုပ်တို့အား ထူးခြားလှသည့် အကြောင်းတစ်ခုကို ဖော်ပြပေးသည်။ ယင်းက ဤသို့ဆိုသည်– “ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” ထိုကြောင့် ယေဟောဝါ၏သဘောထားမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ကျွန်ုပ်တို့အတွက် သားတော်ကို ဝေဒနာခံ၍သေဆုံးရန် စေလွှတ်ခဲ့ခြင်းတည်းဟူသော ယေဟောဝါ၏ဆုကျေးဇူးသည် အထူးကဲဆုံးမေတ္တာလုပ်ရပ်ဖြစ်သည်။

  • ‘ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာချစ်တော်မူ၏’
    ယေဟောဝါထံ ချဉ်းကပ်လော့
    • ၁၂ အဂါးပီးသည် ကျင့်စဉ်မူအားဖြင့် လမ်းညွှန်ခံရသောမေတ္တာကို ရည်ညွှန်းသည်။ ထို့ကြောင့် ယင်းသည် အခြားသူတစ်ဦး၏ ပြုမူပြောဆိုရာအား စိတ်လှုပ်ရှားမှုဆိုင်ရာ တုံ့ပြန်ခြင်းသက်သက်မျှ မဟုတ်ချေ။ ၎င်းသည် အတိုင်းအတာကျယ်ပြန့်ပြီး ယင်း၏အခြေခံတွင် ပိုမိုထောက်ထားမှုရှိ၍ ဆင်ဆင်ခြင်ခြင်ရှိ၏။ ထိုထက်ကား အဂါးပီးသည် လုံးဝကိုယ်ကျိုးမဖက်ချေ။ ဥပမာ၊ ယောဟန် ၃:၁၆ ကိုထပ်မံကြည့်ပါ။ ကိုယ်တော်၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင် ဘုရားသခင်ချစ်တော်မူသော “လောကီသား” တို့ကား အဘယ်နည်း။ ရွေးနုတ်ခံထိုက်သော လူသားအပေါင်းပါဝင်သည့် လောကဖြစ်သည်။ ထိုတွင် အပြစ်ရှိလမ်းစဉ်ကို လိုက်စားနေကြသူ လူများစွာပါဝင်သည်။ ယေဟောဝါသည် သစ္စာရှိအာဗြဟံကို ချစ်သည့်နည်းတူ လူတစ်ဦးစီကို ရင်းနှီးလှသောမိတ်ဆွေအဖြစ် ချစ်ခင်ပါသလော။ (ယာကုပ် ၂:၂၃) ထိုသို့မဟုတ်သော်လည်း ယေဟောဝါသည် ကိုယ်တော်တိုင် ဆုံးရှုံးမှုများစွာဖြင့် မေတ္တာပါစွာ လူအပေါင်းထံ ကောင်းမြတ်ခြင်းကို ကမ်းလှမ်းတော်မူ၏။ လူအားလုံး နောင်တယူကာ သူတို့၏လမ်းစဉ်များကို ပြောင်းလဲစေလိုတော်မူ၏။ (၂ ပေတရု ၃:၉) ထိုသို့ပြုသူ များစွာရှိ၏။ ဤသူတို့ကို ကိုယ်တော်သည် မိမိ၏အဆွေများအဖြစ် ဝမ်းသာအားရ လက်ခံတော်မူသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ