ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၇ အခန်း ၈
  • နိကောဒင်အား သင်ကြားပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိကောဒင်အား သင်ကြားပေးခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • နိကောဒင် ထံမှသင်ခန်းစာယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မည်သူများ တစ်ဖန်မွေးဖွားခြင်း ခံကြရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၇ အခန်း ၈

အခန်း ၁၇

နိကောဒင်အား သင်ကြားပေးခြင်း

စီအီး ၃၀ ပသခါပွဲတွင် အံ့ဖွယ်အမှုများကို ယေရှုပြသော် လူအပေါင်းတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ ဂျူးလွှတ်တော်အရာရှိနိကောဒင်သည် စိတ်လှုံ့ဆော်ခံရသဖြင့် ပို၍သိချင်သည်။ လူများမြင်လျှင် ဂျူးခေါင်းဆောင်များရှေ့နာမည်ပျက်မည်ကိုစိုးရိမ်၍ ညအချိန်၌ ယေရှုကိုသွားရောက်တွေ့ဆုံသည်။

“ရဗ္ဗိ၊ ကိုယ်တော်ပြတော်မူသော ဤနိမိတ်လက္ခဏာကို ဘုရားသခင်အခွင့်မရှိလျှင် အဘယ်သူမျှမပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည်ဘုရားသခင်ထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်း သိပါ၏” ဟုနိကောဒင်လျှောက်သော်ယေရှုက ‘ဒုတိယမွေးခြင်း’ ကိုခံသောသူသာလျှင် ဘုရားသခင်နိုင်ငံတော်သို့ ဝင်ရမည်ဟုမိန့်ဆိုသည်။

လူသည်ဒုတိယအကြိမ်မည်သို့မွေးဖွားနိုင်မည်နည်း။ ‘သူသည်အမိဝမ်းထဲ၌ တစ်ဖန်ဝင်၍မွေးခြင်းကိုခံနိုင်ပါမည်လော’ ဟုနိကောဒင်မေးသည်။

ဒုတိယမွေးခြင်းဟူသည် ထိုအချက်ကိုမဆိုလို။ “ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား ဘုရားသခင်နိုင်ငံတော်သို့မဝင်ရ” ဟုယေရှုရှင်းပြသည်။ ယေရှုနှစ်ခြင်းခံစဉ်က သန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အပေါ်ဆင်းသက်သဖြင့် ကိုယ်တော်သည် “ရေနှင့်ဝိညာဉ်တော်” ဖြင့်ဖွားခဲ့သည်။ ‘ဤသူကား ငါနှစ်သက်ရာချစ်သားပေတည်း’ ဟူသောကောင်းကင်မှ ကြေညာချက်နှင့်အတူ ကောင်းကင်နိုင်ငံတော်ဝင်ရန် အလားအလာရှိဝိညာဏသားအဖြစ် ကိုယ်တော်အားယေဟောဝါသည် ဖွားစေကြောင်း ဘုရားသခင်ကြေညာသည်။ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် အခြားနှစ်ခြင်းခံပြီးသူများ သန့်ရှင်းသောဝိညာဉ်တော်ကိုရခြင်းဖြင့် ဘုရား၏ဝိညာဏသားများအဖြစ် ဒုတိယမွေးခြင်းကိုခံသူများဖြစ်လာကြ၏။

သို့သော်ဘုရားသခင်၏အထူးလူသား သားတော်ကဏ္ဍသည် အလွန်အရေးပါသည်။ နိကောဒင်အားယေရှုဤသို့ဆိုသည်။ “မောရှေသည်တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည်မြှောက်ထားခြင်းကိုခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကိုယုံကြည်သူအပေါင်းတို့သည် ထာဝရအသက်ကိုရမည်အကြောင်းတည်း။” မှန်ပါသည်။ မြွေကိုက်သဖြင့် ဣသရေလများအသက်ချမ်းသာရရန် ကြေးဝါမြွေကိုကြည့်ကြရသည့်နည်းတူ လူသားအားလုံး ဆုံးပါးနေရသောအခြေအနေမှ ကယ်တင်ခြင်းရရန် ဘုရားသခင်သားတော်ကို ယုံကြည်ရန်လိုသည်။

ယေဟောဝါ၏မေတ္တာပါကဏ္ဍကိုဖိအားပေးရင်း နိကောဒင်အား ယေရှုဤသို့ဆိုသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည်မိမိ၌တစ်ပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့အားချစ်တော်မူ၏။” ယေရုရှလင်၌ ယေရှုစတင်ဓမ္မအမှုဆောင်ပြီး ခြောက်လအကြာတွင် လူသားတို့အားကယ်တင်ရန် မိမိအားယေဟောဝါစေလွှတ်ကြောင်း နားလည်စေသည်။

ယေရှုဤသို့ရှင်းပြသည်။ “လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည်သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။” ဆိုလိုသည်ကား လူသားတို့ကိုပျက်စီးစေခြင်းငှာ အပြစ်စီရင်ရန်ကိုယ်တော်ကြွလာသည်မဟုတ်ပါ။ ယင်းအစားယေရှုဆိုသည့်အတိုင်း “လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်” ခံရ၏။

ညအချိန်တွင် ယေရှုထံနိကောဒင်တိတ်တဆိတ်လာသည်။ ယင်းကြောင့် ယေရှု၏နိဂုံးစကားက စိတ်ဝင်စားဖွယ်ဖြစ်သည်။ “အပြစ်စီရင်ခြင်းကိုခံရကြောင်းကား [မိမိဘဝနှင့်သွန်သင်ချက်များတွင် ပြယုဂ်အဖြစ်တင်ပြသော] အလင်းသည် ဤလောကသို့ဝင်၍ လူတို့သည် မကောင်းသောအကျင့်ကိုကျင့်သောကြောင့် အလင်းထက်မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကိုမထင်မရှားစေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ။ သမ္မာတရားကိုကျင့်သောသူမူကား မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကိုထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်။” ယောဟန် ၂:၂၃-၃:၂၁။ မဿဲ ၃:၁၆၊ ၁၇။ တမန်တော် ၂:၁-၄။ တောလည်ရာ ၂၁:၉။

▪ ယေရှုထံသွားရန် နိကောဒင်အား အဘယ်အရာလှုံ့ဆော်သနည်း။ အဘယ်ကြောင့်ညတွင်သွားသနည်း။

▪ ‘ဒုတိယမွေးဖွားခြင်း’ ဟူသည်အဘယ်နည်း။

▪ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် မိမိကဏ္ဍကို ယေရှုမည်သို့ရှင်းပြသနည်း။

▪ လောကီသားတို့အား အပြစ်စီရင်ရန် ယေရှုကြွလာတော်မူသည်မဟုတ်ခြင်းကား ဘာကိုဆိုလိုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ