ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၇ စာ. ၄၄-စာ. ၄၅ ပိုဒ်. ၁
  • ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိကောဒင်အား သင်ကြားပေးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နိကောဒင် ထံမှသင်ခန်းစာယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မည်သူများ တစ်ဖန်မွေးဖွားခြင်း ခံကြရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၇ စာ. ၄၄-စာ. ၄၅ ပိုဒ်. ၁
ညအချိန်မှာ နိကောဒင်နဲ့ ယေရှု စကားပြောနေ

အခန်း ၁၇

ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး

ယောဟန် ၂:၂၃–၃:၂၁

  • နိကောဒင်နဲ့ ယေရှု စကားပြော

  • “တစ်ဖန်မွေးဖွားခြင်း” ရဲ့အဓိပ္ပာယ်

အေဒီ ၃၀၊ ပသခါပွဲအတွက် ဂျေရုဆလင်မြို့ကို ယေရှုရောက်နေချိန်မှာ အံဖွယ်အမှုတွေ လုပ်ခဲ့တယ်။ ဒါကြောင့် သူ့ကို လူတွေ ယုံကြည်လာကြတယ်။ အဲဒီထဲမှာ ဖာရိရှဲလည်းဖြစ်၊ ဆဲန်ဟီဒရင်လို့ခေါ်တဲ့ ဂျူးတရားရုံးချုပ် အဖွဲ့ဝင်လည်းဖြစ်တဲ့ နိကောဒင်လည်း ပါတယ်။ သူက ပိုသိချင်တဲ့အတွက် ညအချိန်ကျမှ ယေရှုဆီလာတယ်။ သူ့ကို လူတွေမြင်သွားရင် ဂျူးခေါင်းဆောင်တွေကြား နာမည်ပျက်မှာ စိုးရိမ်လို့ပဲ။

နိကောဒင်က “ဆရာ၊ ဆရာဟာ ဘုရားသခင် စေလွှတ်တဲ့သူဖြစ်မှန်း ကျွန်တော်တို့ သိပါတယ်။ ဘုရားသခင် အတူမရှိရင် ဒီလိုအံ့ဖွယ်အမှုတွေကို ဘယ်သူမှ မလုပ်ပြနိုင်ဘူး” လို့ပြောတော့ ယေရှုက “တစ်ဖန်မွေးဖွားခြင်း” ခံမှသာ ဘုရားသခင့်နိုင်ငံတော်ကို ဝင်ရမယ်လို့ ပြန်ပြောတယ်။—ယောဟန် ၃:၂၊ ၃။

လူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ တစ်ဖန်မွေးဖွားခံရမလဲ။ နိကောဒင်က “မိခင်ဝမ်းထဲ ပြန်ဝင်ပြီး ဒုတိယအကြိမ် မွေးဖွားခံလို့မှ မရတာ” လို့ပြောတယ်။—ယောဟန် ၃:၄။

တစ်ဖန်မွေးဖွားခြင်းဆိုတာ အဲဒါကိုပြောချင်တာ မဟုတ်ဘူး။ ယေရှုက “ရေနဲ့ရော စွမ်းအားတော်နဲ့ပါ မွေးဖွားခြင်းမခံရင် ဘယ်သူမှ ဘုရားသခင့်နိုင်ငံတော်ကို ဝင်လို့မရဘူး” လို့ရှင်းပြတယ်။ (ယောဟန် ၃:၅) ယေရှုနှစ်ခြင်းခံချိန်မှာ သန့်ရှင်းသောစွမ်းအားတော် သူ့အပေါ် သက်ရောက်တဲ့အတွက် “ရေနဲ့ရော စွမ်းအားတော်နဲ့ပါ” မွေးဖွားခြင်းခံရတယ်။ အဲဒီအချိန်မှာပဲ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုတဲ့အသံ ကောင်းကင်က ထွက်လာတယ်။ (မဿဲ ၃:၁၆၊ ၁၇) ဒီလိုနည်းနဲ့ ယေရှုဟာ ဘုရားရဲ့သား၊ ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရမယ့် မျှော်လင့်ချက် ရှိလာပြီဆိုတာ ဘုရားကြေညာလိုက်တယ်။ နောက်ပိုင်း အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာလည်း နှစ်ခြင်းခံပြီးသူတွေအပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းလိမ့်မယ်။ ဒီအခါ သူတို့လည်း သန့်ရှင်းသောစွမ်းအားတော်နဲ့ တစ်ဖန်မွေးဖွားခံရတဲ့ ဘုရားရဲ့သားတွေအဖြစ် ကောင်းကင်အသက်တာ မျှော်လင့်ချက်ရှိလာကြလိမ့်မယ်။—တမန်တော် ၂:၁-၄။

နိုင်ငံတော်နဲ့ပတ်သက်တဲ့ ယေရှုရဲ့ သွန်သင်ချက်တွေဟာ နိကောဒင်အတွက် နားလည်ဖို့ခက်တယ်။ ဒါကြောင့် ယေရှုက ဘုရားရဲ့သားအနေနဲ့ မြေကြီးပေါ်မှာ သူ့ရဲ့အရေးပါတဲ့ အခန်းကဏ္ဍအကြောင်း ပိုသိအောင် ရှင်းပြခဲ့တယ်။ “မောရှေက တောမှာ မြွေကို မြှောက်ထားသလို လူသားလည်း မြှောက်ထားခံရလိမ့်မယ်။ ဒါမှ လူသားကို ယုံကြည်သူအားလုံး ထာဝရအသက် ရနိုင်ကြမယ်” လို့ ယေရှုပြောတယ်။—ယောဟန် ၃:၁၄၊ ၁၅။

မြွေကိုက်ခံရတဲ့အစ္စရေးတွေ အသက်ချမ်းသာရဖို့ ကြေးနီမြွေရုပ်ကို ကြည့်နေကြ

မြွေကိုက်ခံရတဲ့ အစ္စရေးတွေဟာ အသက်ချမ်းသာရဖို့ ကြေးနီမြွေရုပ်ကို ကြည့်ခဲ့ရတယ်။ (တောလည်ရာ ၂၁:၉) အဲဒီလိုပဲ လူတွေဟာ သေမျိုးဘဝကနေ လွတ်မြောက်ပြီး ထာဝရအသက်ရဖို့ ဘုရားရဲ့သားကို သက်ဝင်ယုံကြည်ရမယ်။ ဒီနေရာမှာ ယေဟောဝါဘုရားရဲ့ မေတ္တာကို အလေးပေးချင်တဲ့အတွက် နိကောဒင်ကို ယေရှု အခုလို ဆက်ပြောတယ်– “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။” (ယောဟန် ၃:၁၆) ဒါကြောင့် အမှုဆောင်လုပ်ငန်း စတင်ပြီး ခြောက်လလောက် အကြာမှာပဲ ယေရှုက သူဟာ လူသားတွေအတွက် ကယ်တင်ခြင်းနည်းလမ်း ဖြစ်တယ်ဆိုတာ နိကောဒင်ကို ရှင်းပြခဲ့တယ်။

ယေရှုက “အဲဒီသားကို စေလွှတ်ရတဲ့ အကြောင်းရင်းက လူ့လောကကို ပြစ်ဒဏ်စီရင်ဖို့ မဟုတ်ဘူး” လို့ နိကောဒင်ကို ပြောတယ်။ ပြောချင်တာက သူဟာ လူသားတွေကို ပြစ်ဒဏ်စီရင်ပြီး ဖျက်ဆီးပစ်ဖို့ လာတာမဟုတ်ဘူး။ အဲဒီအစား “လူ့လောကကို ကယ်တင်ဖို့” လာတာ။—ယောဟန် ၃:၁၇။

နိကောဒင်က လူမြင်မှာစိုးလို့ ညအမှောင်မှာ လာတယ်။ ဒါကြောင့် ယေရှုက သူ့စကားကို ဒီလို နိဂုံးချုပ်လိုက်တယ်– “အလင်း [ယေရှုဟာ အလင်းဖြစ်ပြီး သူ့ဘဝအသက်တာနဲ့ သွန်သင်ချက်တွေအားဖြင့် အလင်းထွန်းလင်းတယ်] က လူ့လောကကို ရောက်လာပြီ။ ဒါပေမဲ့ လူတွေက သူတို့ရဲ့မကောင်းတဲ့ အကျင့်တွေကြောင့် အလင်းထက် အမှောင်ကို ပိုနှစ်သက်ကြတယ်။ ဒါကြောင့် သူတို့ ပြစ်ဒဏ်စီရင် ခံရလိမ့်မယ်။ ဆိုးညစ်တဲ့အကျင့်ရှိသူဟာ အလင်းကို မုန်းတယ်။ သူ့အကျင့်တွေ ပေါ်သွားမှာ စိုးလို့ အလင်းဆီ မလာဘူး။ ဖြောင့်မတ်တဲ့အကျင့် ရှိသူကတော့ သူ့အကျင့်တွေ ဘုရားသခင့်အလိုတော်နဲ့ ကိုက်ညီမှန်း ဖော်ပြဖို့ အလင်းဆီ လာတတ်တယ်။”—ယောဟန် ၃:၁၉-၂၁။

ဖာရိရှဲလည်းဖြစ်၊ အစ္စရေးတွေရဲ့ ဆရာလည်းဖြစ်တဲ့ နိကောဒင်အနေနဲ့ ဘုရားရဲ့ရည်ရွယ်ချက်မှာ ယေရှုရဲ့အခန်းကဏ္ဍအကြောင်း အခု သူကြားခဲ့တာကို သေချာ စဉ်းစားဆင်ခြင်ရတော့မယ်။

  • ယေရှုဆီလာဖို့ နိကောဒင်ကို ဘာက လှုံ့ဆော်ခဲ့ သလဲ။ ဘာဖြစ်လို့ ညမှာ လာသလဲ။

  • “တစ်ဖန်မွေးဖွားခြင်း” ဆိုတာ ဘာအဓိပ္ပာယ်လဲ။

  • “လောကကို ပြစ်ဒဏ်စီရင်ဖို့” ယေရှုလာတာ မဟုတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ