ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘုရားသခင်၏အနားယူရာနေ့ဆိုတာ ဘာလဲ
    ကင်းမျှော်စင်—၂၀၁၁ | ဇူလိုင် ၁၅
    • ၃။ သတ္တမနေ့က ယေရှုအသက်ရှင်နေတဲ့အချိန်အထိ ဆက်ရှိနေသေးတယ်ဆိုတာ ယောဟန် ၅:၁၆၊ ၁၇ မှာပါတဲ့ ယေရှုရဲ့စကားတွေက ဘယ်လိုဖော်ပြသလဲ။

      ၃ အဲဒီသတ္တမနေ့က ယေရှုနဲ့ ပထမရာစုခရစ်ယာန်ခေတ်အထိ ဆက်ရှိနေဆဲဖြစ်တယ်လို့ ကောက်ချက်ချနိုင်တဲ့ အကြောင်းရင်းနှစ်ခုရှိတယ်။ ပထမအကြောင်းရင်းကို ဆန့်ကျင်သူတွေကို ယေရှုပြန်ဖြေတဲ့စကားမှာ တွေ့ရတယ်။ သတ္တမနေ့မှာ အလုပ်မလုပ်ရဘူးလို့ ဆန့်ကျင်သူတွေက လက်ခံထားတဲ့အတွက် အဲဒီနေ့မှာ ယေရှု ရောဂါကုပေးတာကိုမြင်တဲ့အခါ သူတို့ ပြစ်တင်ဝေဖန်ကြတယ်။ ယေရှု ဒီလိုပြန်ဖြေတယ်– “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူ၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်၏။” (ယော. ၅:၁၆၊ ၁၇) ကိုယ်တော် ဘာကိုဆိုလိုတာလဲ။ ဆိုလိုရင်းက ‘ငါနဲ့ ငါ့ခမည်းတော်က အလုပ်တစ်မျိုးတည်းကိုပဲလုပ်တယ်။ ခမည်းတော်က နှစ်ထောင်ချီကြာတဲ့ အနားယူရာသတ္တမနေ့မှာ အလုပ်လုပ်နေဆဲဖြစ်လို့ ငါလည်း အနားယူရာသတ္တမနေ့မှာ အလုပ်လုပ်လို့ရတယ်။’ ယေရှုရဲ့စကားတွေက မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အနားယူရာ သတ္တမနေ့က ကိုယ်တော်အသက်ရှင်တဲ့အချိန်အထိ မကုန်ဆုံးသေးဘူးဆိုတာ ဖော်ပြတယ်။a

  • ဘုရားသခင်၏အနားယူရာနေ့ဆိုတာ ဘာလဲ
    ကင်းမျှော်စင်—၂၀၁၁ | ဇူလိုင် ၁၅
    • ၅။ သတ္တမနေ့ရဲ့ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်အချိန်မှာ ဒီရည်ရွယ်ချက်ပြည့်စုံမလဲ။

      ၅ ဒီမေးခွန်းအဖြေရဖို့ သတ္တမနေ့ရဲ့ ရည်ရွယ်ချက်ကို သတိရဖို့လိုတယ်။ ကမ္ဘာဦး ၂:၃ က ဒီလိုပြောတယ်– “ထိုသတ္တမနေ့ကို ဘုရားသခင်သည်ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။” ယေဟောဝါ ဒီနေ့ကို သန့်ရှင်းစေတဲ့ အကြောင်းကတော့ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံစေဖို့ဖြစ်တယ်။ နာခံမှုရှိတဲ့အမျိုးသား၊ အမျိုးသမီးတွေ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်ပြီး ကမ္ဘာမြေကြီးနဲ့ မြေကြီးပေါ်မှာရှိတဲ့အရာတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ဖြစ်တယ်။ (က. ၁:၂၈) ဒီရည်ရွယ်ချက်ကြောင့် ယေဟောဝါဘုရားသခင်နဲ့ အနားယူရာသတ္တမနေ့ရဲ့သခင် ယေရှုခရစ်က “ယခုတိုင်အောင်အလုပ်လုပ်” နေရခြင်းဖြစ်တယ်။ (မ. ၁၂:၈) ဒါကြောင့် ဘုရားသခင့်အနားယူရာနေ့က ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံတဲ့ ခရစ်တော်ရဲ့အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အဆုံးအထိ ဆက်ရှိနေမယ်။

  • ဘုရားသခင်၏အနားယူရာနေ့ဆိုတာ ဘာလဲ
    ကင်းမျှော်စင်—၂၀၁၁ | ဇူလိုင် ၁၅
    • a ယဇ်ပုရောဟိတ်နဲ့ လေဝိသားတွေက ဝတ်ပြုရာအိမ်တော်မှာ အနားယူရာသတ္တမနေ့အတွင်း အလုပ်လုပ်တာ “အပြစ်မသင့်” ဘူး။ ဒါကြောင့် ပုံဆောင်ဝတ်ပြုရာအိမ်တော်ရဲ့ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်တဲ့ ယေရှုက အဲဒီနေ့မှာ ယေဟောဝါပေးအပ်ထားတဲ့အလုပ်လုပ်တာ မမှားဘူး။—မ. ၁၂:၅၊ ၆။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ