ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ စက်တင်ဘာ စာ. ၂၆
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အသက်စာစောင်” မှာ သင့်နာမည် ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ‘လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရှင်ပြန်ထမြောက်ခြင်း​— မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ စက်တင်ဘာ စာ. ၂၆

စာရှုသူများထံမှ မေးခွန်းလွှာ

မြေကြီးပေါ် ဘယ်လို ထမြောက်ခြင်းမျိုးနဲ့ ဘယ်သူတွေ ထမြောက်လာမလဲ

ကျမ်းစာအဖြေကို သုံးသပ်ကြည့်ပါ။

“ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ့်အကြောင်း” တမန်တော် ၂၄:၁၅ မှာ ဖော်ပြထားတယ်။ ဖြောင့်မတ်သူဆိုတာ မသေဆုံးခင် ဘုရားကို နာခံခဲ့သူတွေ ဖြစ်တယ်။ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံထားရတယ်။ (မာလ. ၃:၁၆) မဖြောင့်မတ်သူဆိုတာ ယေဟောဝါအကြောင်း သင်ယူဖို့ အခွင့်အရေး အလုံအလောက် မရဘဲ သေဆုံးသွားသူတွေ ဖြစ်တယ်။ အသက်စာစောင်မှာ နာမည် ရေးမှတ်မခံထားရဘူး။

တမန်တော် ၂၄:၁၅ မှာ ပါတဲ့ အုပ်စုနှစ်စုကိုပဲ ယောဟန် ၅:၂၈၊ ၂၉ မှာလည်း ဖော်ပြထားတယ်။ “ကောင်းတဲ့အကျင့်ကို ကျင့်သူတွေ အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။ ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေကတော့ တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်” လို့ ယေရှု ပြောတယ်။ ဖြောင့်မတ်သူတွေဟာ မသေဆုံးခင် ကောင်းတဲ့အကျင့် ကျင့်ခဲ့ကြတယ်။ အသက်စာစောင်မှာ သူတို့နာမည် ရေးမှတ်ခံထားရတဲ့အတွက် အသက်ရှင်ဖို့ ထမြောက်လာမယ်။ မဖြောင့်မတ်သူတွေကျတော့ မသေဆုံးခင် ဆိုးညစ်တဲ့အကျင့် ကျင့်ခဲ့ကြတယ်။ တရားစီရင်ခံရဖို့ ထမြောက်လာမယ်။ အသက်စာစောင်မှာ သူတို့နာမည် ရေးမှတ်မခံရသေးဘူး။ အကဲဖြတ်၊ စောင့်ကြည့်ခံရမယ်။ အဲဒီအတောအတွင်း ယေဟောဝါအကြောင်း သင်ယူဖို့၊ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရဖို့ အခွင့်အရေး ရမယ်။

ဗျာဒိတ် ၂၀:၁၂၊ ၁၃ အရ ထမြောက်လာသူအားလုံး “စာလိပ်တွေမှာ ရေးထားတဲ့ စကားတွေ၊” ကမ္ဘာသစ်မှာ ဘုရား ပေးမယ့် ပညတ်သစ်တွေကို လိုက်နာရမယ်။ မလိုက်နာတဲ့သူတွေ ဖယ်ရှားခံရမယ်။—ဟေရှာ. ၆၅:၂၀။

ဒံယေလ ၁၂:၂ အရ “တချို့က ထာဝရ အသက်ရှင်ဖို့၊ တချို့က ကဲ့ရဲ့ရှုတ်ချခံရဖို့၊ ထာဝရ အထင်သေးရွံရှာခံရဖို့ နိုးထလာမယ်။” ထမြောက်လာသူတွေ “ထာဝရ အသက်ရှင်” မလား၊ “ထာဝရ အထင်သေးရွံရှာခံရ” မလားဆိုတဲ့ နောက်ဆုံး စီရင်ချက်အကြောင်း ပြောနေတာပါ။ အနှစ် ၁၀၀၀ အကုန်မှာ တချို့ ထာဝရအသက် ရမယ်။ တချို့ ထာဝရ ဖျက်ဆီးခံရမယ်။—ဗျာ. ၂၀:၁၅။ ၂၁:၃၊ ၄။

ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ထမြောက်လာမယ့် အုပ်စုနှစ်စုဟာ တခြားနိုင်ငံမှာ နေထိုင်ချင်တဲ့ နိုင်ငံခြားသားတွေနဲ့ တူတယ်။ ဖြောင့်မတ်သူတွေဟာ အလုပ်ဗီဇာ၊ နေထိုင်ခွင့်ဗီဇာ ရထားလို့ အသိအမှတ်ပြုမှု၊ လွတ်လပ်မှု အတော်အတန် ရထားသူတွေနဲ့ တူတယ်။ မဖြောင့်မတ်သူတွေကျတော့ ယာယီဗီဇာ၊ အလည်အပတ်ဗီဇာ ရထားတဲ့ နိုင်ငံခြားသားတွေနဲ့ တူတယ်။ နိုင်ငံသစ်မှာ ဆက်နေချင်ရင် နေထိုက်သူတွေ ဖြစ်ကြောင်း သက်သေထူရမယ်။ ဒီလိုပဲ၊ ထမြောက်လာတဲ့ မဖြောင့်မတ်သူတွေဟာ ယေဟောဝါရဲ့ ပညတ်တွေကို နာခံရမယ်။ ပရဒိသုမှာ ဆက်နေထိုက်တဲ့ ဖြောင့်မတ်သူတွေ ဖြစ်ကြောင်း သက်သေထူရမယ်။ ဘယ်ဗီဇာနဲ့ပဲ နိုင်ငံထဲ ဝင်လာကြပါစေ နိုင်ငံသစ်မှာ ပြတဲ့ သဘောထား၊ အပြုအမူကို ကြည့်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချမှာ ဖြစ်တယ်။ တချို့ နိုင်ငံသား ဖြစ်ခွင့်ရမယ်။ တချို့ ပြည်နှင်ခံရမယ်။ ကမ္ဘာသစ်မှာ ထမြောက်လာသူအားလုံးလည်း သစ္စာရှိမှုနဲ့ အပြုအမူတွေကို ကြည့်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချခံရမှာ ဖြစ်တယ်။

ယေဟောဝါဟာ မေတ္တာရှင် ဖြစ်သလို တရားမျှတတဲ့အရှင်လည်း ဖြစ်တယ်။ (တရား. ၃၂:၄။ ဆာ. ၃၃:၅) ဖြောင့်မတ်သူကိုရော မဖြောင့်မတ်သူတွေကိုပါ ထမြောက်ပေးခြင်းအားဖြင့် မေတ္တာပြမယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လိုက်နာစေပါလိမ့်မယ်။ မိမိကို ချစ်သူ၊ စံနှုန်းတွေအတိုင်း နေထိုင်သူတွေကိုပဲ ကမ္ဘာသစ်မှာ ဆက်နေခွင့်ပေးမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ