ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၄၅
  • ကြားနေခြင်းဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြားနေခြင်းဆိုတာ ဘာလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • တကွဲတပြားဖြစ်နေတဲ့ လောကမှာ ကြားနေမှုကို ဆက်ထိန်းထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေဟောဝါသက်သေတွေက ဘာဖြစ်လို့ နိုင်ငံရေးမှာ ကြားနေကြတာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ‘သူတို့သည် ဤလောကနှင့် မစပ်ဆိုင်ကြပါ’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • နောက်ဆုံးကာလတွင် ကြားနေသောခရစ်ယာန်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၄၅
သင်ခန်းစာ ၄၅။ သစ္စာအဓိဋ္ဌာန်ဆိုချိန်အတွင်း လေးစားစွာ ရပ်နေပေမဲ့ တခြားကျောင်းသားတွေလို သစ္စာအဓိဋ္ဌာန်ဆိုတာ၊ ရင်ဘတ်ဘယ်ဘက်မှာ လက်တင်ထားတာ မလုပ်တဲ့ ညီအစ်မငယ်။

သင်ခန်းစာ ၄၅

ကြားနေခြင်းဆိုတာ ဘာလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေရှုက မိမိနောက်လိုက်တွေကို ‘ဒီလောကနဲ့ မပတ်သက်’ ဖို့ သင်ပေးတယ်။ (ယောဟန် ၁၅:၁၉) လောကနဲ့ မပတ်သက်ခြင်းမှာ နိုင်ငံရေး၊ စစ်ရေးမှာ ကြားနေခြင်း ပါဝင်တယ်။ ကြားနေဖို့ အမြဲတော့ မလွယ်ဘူး။ ကဲ့ရဲ့လှောင်ပြောင်ခံရနိုင်တယ်။ ဒါဆိုရင် ကြားနေပြီး ယေဟောဝါဘုရားကိုပဲ သစ္စာစောင့်သိကြောင်း ဘယ်လို ပြနိုင်သလဲ။

၁။ လူ့အစိုးရတွေကို ခရစ်ယာန်စစ်တွေ ဘယ်လို ရှုမြင်ကြသလဲ။

ခရစ်ယာန်တွေဟာ အစိုးရကို လေးစားကြတယ်။ ယေရှုစကားအတိုင်း “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေး” ကြတယ်။ နိုင်ငံ့ဥပဒေကို လိုက်နာတဲ့အနေနဲ့ အခွန်ပေးကြတယ်။ (မာကု ၁၂:၁၇) ယေဟောဝါရဲ့ ခွင့်ပြုချက်ကြောင့်သာ လူ့အာဏာပိုင်တွေ အုပ်ချုပ်နေတယ်လို့ ကျမ်းစာက ဆိုတယ်။ (ရောမ ၁၃:၁) ဒါကြောင့် လူ့အစိုးရရဲ့ အခွင့်အာဏာဟာ အကန့်အသတ်ပဲ ရှိကြောင်း ကျွန်တော်တို့ သိထားကြတယ်။ လူ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဘုရားသခင်နဲ့ ကောင်းကင်နိုင်ငံတော်ကိုပဲ မျှော်ကိုးကြတယ်။

၂။ ကြားနေကြောင်း ဘယ်လို ပြနိုင်သလဲ။

ယေရှုလိုပဲ ကျွန်တော်တို့လည်း နိုင်ငံရေးမှာ ဝင်မစွက်ကြဘူး။ ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုကို လူတွေ မြင်တဲ့အခါ ဘုရင်မြှောက်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ယေရှု ရှောင်ထွက်သွားတယ်။ (ယောဟန် ၆:၁၅) ဘာကြောင့်လဲ။ “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး” လို့ နောက်ပိုင်းမှာ ယေရှု ပြောတယ်။ (ယောဟန် ၁၈:၃၆) ယေရှုတပည့်တွေဖြစ်တဲ့ ကျွန်တော်တို့လည်း ကြားနေကြောင်း နည်းအမျိုးမျိုးနဲ့ ပြကြတယ်။ ဥပမာ၊ စစ်ထဲ မဝင်ဘူး။ (မိက္ခာ ၄:၃ ကို ဖတ်ပါ။) အလံတို့လို နိုင်ငံ့အထိမ်းအမှတ်တွေကို လေးစားပေမဲ့ မကိုးကွယ်ကြဘူး။ (၁ ယောဟန် ၅:၂၁) နိုင်ငံရေးပါတီကိုဖြစ်စေ၊ ကိုယ်စားလှယ်လောင်းတွေကိုဖြစ်စေ ထောက်ခံတာ၊ ကန့်ကွက်တာတွေ မလုပ်ကြဘူး။ ဒီနည်းတွေနဲ့ ဘုရားနိုင်ငံတော်ကိုပဲ အကြွင်းမဲ့ သစ္စာစောင့်သိကြောင်း ပြကြတယ်။

ရှာဖွေလေ တွေ့ရှိလေ

ဘယ်အခြေအနေတွေမှာ ကြားနေဖို့ ခက်နိုင်သလဲ၊ ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက် ဘယ်လိုချနိုင်သလဲ လေ့လာပါ။

ကြားနေရပ်တည်တဲ့ အမျိုးသား။ အတိုက်အခံ နိုင်ငံရေးသမားတွေ ဟောတာကို သူ အာရုံမစိုက်ဘူး။

၃။ ခရစ်ယာန်စစ်တွေ ကြားနေကြ

ယေရှုနဲ့ နောက်လိုက်တွေက ကျွန်တော်တို့အတွက် စံနမူနာထားခဲ့တယ်။ ရောမ ၁၃:၁၊ ၅-၇ နဲ့ ၁ ပေတရု ၂:၁၃၊ ၁၄ တို့ကို ဖတ်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ခရစ်ယာန်စစ်တွေ ကြားနေကြ​—အပိုင်း ၁ (၄:၂၈)

  • လောကအာဏာပိုင်တွေကို ဘာကြောင့် လေးစားသင့်သလဲ။

  • သူတို့ကို လက်အောက်ခံကြောင်း ပြနိုင်တဲ့ နည်းတချို့က ဘာလဲ။

စစ်ဖြစ်ချိန်မှာ နိုင်ငံတချို့က ကြားနေတယ်ဆိုပေမဲ့ နှစ်ဖက်စလုံးကို ထောက်ခံကြတယ်။ ကြားနေတယ်ဆိုတာ တကယ်တမ်း ဘာကိုဆိုလိုသလဲ။ ယောဟန် ၁၇:၁၆ ကို ဖတ်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ခရစ်ယာန်စစ်တွေ ကြားနေကြ​—အပိုင်း ၂ (၃:၁၁)

  • ကြားနေတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

ဘုရားပညတ်နဲ့ ဆန့်ကျင်တာကို လုပ်ဖို့ လောကအာဏာပိုင်တွေ တောင်းဆိုလာရင်ကော။ တမန်တော် ၅:၂၈၊ ၂၉ ကို ဖတ်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ခရစ်ယာန်စစ်တွေ ကြားနေကြ​—အပိုင်း ၃ (၁:၁၈)

  • လူ့ဥပဒေနဲ့ ဘုရားပညတ် ဆန့်ကျင်လာရင် ဘယ်သူ့ကို နာခံသင့်သလဲ။

  • ဘယ်အခြေအနေမျိုးမှာတော့ လောကအာဏာပိုင်တွေကို ခရစ်ယာန်တွေ နာခံစရာမလိုဘူးလို့ ထင်သလဲ။

၄။ အတွေးနဲ့ လုပ်ရပ်မှာ ကြားနေပါ

၁ ယောဟန် ၅:၂၁ ကို ဖတ်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ခရစ်ယာန်စစ်တွေ ရဲစွမ်းသတ္တိရှိဖို့လို​ —ကြားနေခြင်းမှာ (၂:၄၉)

  • ဒီဗီဒီယိုမှာ နိုင်ငံရေးပါတီ မဝင်ဖို့၊ အလံအလေးပြုရတဲ့ အခမ်းအနားတွေမှာ မပါဝင်ဖို့ အရင်းဂျီး ဘာလို့ ဆုံးဖြတ်သလဲ။

  • သူ့ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်သလား။

ဘယ်အခြေအနေမျိုးမှာ ကြားနေဖို့ အခက်တွေ့နိုင်သေးသလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ကင်းမျှော်စင်မှ သင်ခန်းစာများ​—တကွဲတပြား ဖြစ်နေတဲ့လောကမှာ ကြားနေမှုကို ဆက်ထိန်းပါ (၅:၁၆)

  • နိုင်ငံတကာ အားကစားပွဲတွေမှာ ဘယ်လို ကြားနေနိုင်သလဲ။

  • နိုင်ငံရေးဆုံးဖြတ်ချက်တွေကြောင့် ကိုယ်တိုင် ကောင်းကျိုး၊ ဆိုးကျိုး ကြုံရမယ်ဆိုရင်တောင် ဘယ်လို ကြားနေနိုင်သလဲ။

  • သတင်းမီဒီယာနဲ့ အပေါင်းအသင်းတွေက ကြားနေဖို့ ဘယ်လို အခက်တွေ့စေနိုင်သလဲ။

ပုံ။ ၁။ ဒေါသထွက်နေတဲ့ လူတစ်အုပ် ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြနေ။ ၂။ အားကစားပွဲမှာ အလံကိုင်ပြီး အားပေးနေသူ။ ၃။ အဓိဋ္ဌာန်ဆိုနေတဲ့ ကျောင်းသား။ ၄။ သေနတ်ကိုင်ထားတဲ့ စစ်သား။ ၅။ နိုင်ငံရေးသမားနှစ်ဦး စကားစစ်ထိုးနေ။ ၆။ မဲပုံးထဲ မဲထည့်နေတဲ့ အမျိုးသမီး။

ဘယ်အခြေအနေတွေမှာ ခရစ်ယာန်တစ်ဦး အတွေးနဲ့ လုပ်ရပ်အားဖြင့် ကြားနေရမလဲ

လူတချို့ အမေး။ “အလံ အလေးပြုတာ၊ နိုင်ငံတော်သီချင်း ဆိုတာတွေကို ဘာလို့ မလုပ်ကြသလဲ။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

ခရစ်ယာန်တွေဟာ နိုင်ငံရေးနဲ့ပတ်သက်ရင် အတွေး၊ အပြောအဆို၊ လုပ်ရပ်တွေမှာ ကြားနေဖို့ ကြိုးစားကြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • လူ့အစိုးရတွေအပေါ် ကျွန်တော်တို့ ဘာတာဝန် ရှိသလဲ။

  • နိုင်ငံရေးမှာ ဘာကြောင့် ကြားနေကြသလဲ။

  • ဘယ်အခြေအနေတွေမှာ ကြားနေဖို့ ခက်နိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကြားနေတဲ့အတွက် ဘာတွေ ထိခိုက်နစ်နာနိုင်သလဲ။

ကျွန်တော်တို့ စိတ်ပျက်အောင် ယေဟောဝါ မလုပ် (၃:၁၄)

ကြားနေဖို့ စမ်းသပ်ခံရချိန်အတွက် မိသားစုလိုက် ဘာတွေ ကြိုတင်ပြင်ဆင်နိုင်သလဲ။

အခမ်းအနားတွေမှာ ကြားနေမှုကို ဆက်ထိန်းသိမ်းပါ (၄:၂၅)

ကိုယ့်နိုင်ငံကို ကာကွယ်တာက ဘာကြောင့် ဂုဏ်အရှိဆုံးအရာ မဟုတ်သလဲ။

“ဘုရားအတွက် အရာအားလုံး ဖြစ်နိုင်တယ်” (၅:၁၉)

အလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ လောကနဲ့ မပတ်သက်ဘဲ နေနိုင်ပုံကို သုံးသပ်ပါ။

“လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်” (ကင်းမျှော်စင် မတ် ၁၅၊ ၂၀၀၆)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ