ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၅၅ စာ. ၁၃၄-စာ. ၁၃၅ ပိုဒ်. ၁၀
  • ယေရှုရဲ့စကားကြောင့် လူတွေလန့်သွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုရဲ့စကားကြောင့် လူတွေလန့်သွား
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • တပည့်များစွာ ယေရှုထံမှ ထွက်ခွာသွား
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ထာဝရအသက် သင် ဘယ်လို ရနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “အသက်မုန့်”
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၅၅ စာ. ၁၃၄-စာ. ၁၃၅ ပိုဒ်. ၁၀
ယေရှု တမန်တော် ၁၂ ပါးနဲ့စကားပြောနေချိန်မှာ အကြံသမားယုဒ အဝေးကိုကြည့်နေ၊ တခြားတပည့်တွေ ညည်းညူပြီး ထွက်သွားကြ

အခန်း ၅၅

ယေရှုရဲ့ စကားကြောင့် လူတွေ လန့်သွား

ယောဟန် ၆:၄၈-၇၁

  • ယေရှုရဲ့အသားကို စားပြီး အသွေးကို သောက်ခြင်း

  • တပည့်အတော်များများ လန့်သွားပြီး ယေရှုနောက် မလိုက်ကြတော့

ကပေရနောင်မြို့ တရားဇရပ်မှာ ယေရှုက သူဟာ ကောင်းကင်က စစ်မှန်တဲ့မုန့်ဖြစ်ကြောင်း သွန်သင်ပေးနေတယ်။ ဂါလိလဲအိုင် အရှေ့ဘက်ကနေ ပြန်လာသူတွေ၊ အဲဒီမှာကျွေးမွေးတဲ့ မုန့်နဲ့ငါးကို စားခဲ့သူတွေကို ပြောခဲ့တဲ့အကြောင်း ဆက်ပြောနေတာ။

“ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေက တောထဲမှာ မန္နမုန့်ကို စားရပေမဲ့ သေခဲ့ကြတယ်” လို့ပြောပြီး ဆွေးနွေးခန်းကို ပြန်ဆက်တယ်။ ပြီးတော့ အခုလို နှိုင်းယှဉ်ပြတယ်– “ကျွန်တော်ဟာ ကောင်းကင်ကလာတဲ့ သက်ရှိမုန့်ပဲ။ ဒီမုန့်ကိုစားတဲ့သူတိုင်း ထာဝစဉ် အသက်ရှင်လိမ့်မယ်။ ဒီလောကမှာရှိတဲ့လူတွေ အသက်ရနိုင်ဖို့ ကျွန်တော်ပေးမယ့် မုန့်ဟာ ကျွန်တော့်အသားပဲ။”—ယောဟန် ၆:၄၈-၅၁။

အေဒီ ၃၀၊ နွေဦးရာသီမှာ ယေရှုက ဘုရားသခင်ဟာ လူ့လောကကို ချစ်လွန်းလို့ သူ့သားကို ကယ်တင်ရှင်အဖြစ် ပေးအပ်ခဲ့တယ်လို့ နိကောဒင်ကို ပြောပြတယ်။ အခု ယေရှုက သူ့အသားကို စားဖို့လိုကြောင်း၊ ဆိုလိုတာက သူပေးမယ့် ပူဇော်သက္ကာကို ယုံကြည်သက်ဝင်ဖို့လိုကြောင်း အလေးပေး ပြောတယ်။ ဒါမှ ထာဝရအသက်ရနိုင်မယ်။

ဒါပေမဲ့ ဂျူးတွေက ယေရှုပြောတဲ့စကားကို လက်မခံနိုင်ကြဘူး။ “သူ့အသားကိုစားဖို့ ငါတို့ကို ဘယ်လို လုပ်ပေးလို့ရမှာလဲ” ဆိုပြီးမေးကြတယ်။ (ယောဟန် ၆:၅၂) တကယ့်အသားစားဖို့ ပြောနေတာမဟုတ်ဘဲ တင်စားပြီး ပြောနေမှန်း သူတို့ကို ယေရှု သိစေချင်တယ်။ ဆက်ပြောတဲ့ စကားတွေက သူပြောချင်တဲ့ အဓိပ္ပာယ်ကို သိဖို့ ကူညီပေးတယ်။

“လူသားရဲ့အသားကို မစားဘူး၊ လူသားရဲ့သွေးကို မသောက်ဘူးဆိုရင် ခင်ဗျားတို့ အသက်ရမှာမဟုတ်ဘူး။ ကျွန်တော့်အသားကို စားပြီး ကျွန်တော့်သွေးကို သောက်တဲ့သူဟာ ထာဝရအသက်ရလိမ့်မယ်။ . . . ကျွန်တော့်အသားဟာ စစ်မှန်တဲ့စားစရာပဲ။ ကျွန်တော့်သွေးဟာ စစ်မှန်တဲ့ သောက်စရာပဲ။ ကျွန်တော့်အသားကို စားပြီး ကျွန်တော့်သွေးကို သောက်တဲ့သူဟာ ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ။ ကျွန်တော်လည်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ။”—ယောဟန် ၆:၅၃-၅၆။

နားထောင်နေတဲ့ ဂျူးတွေအတွက် ဘယ်လောက် ရွံစရာကောင်းလိုက်မလဲ စဉ်းစားကြည့်ပါ။ လူသားစားဖို့ ဒါမှမဟုတ် သွေးမစားရဆိုတဲ့ ဘုရားပညတ်ကို ချိုးဖောက်ဖို့ ယေရှုပြောနေတာလို့ သူတို့ထင်ကြတယ်။ (ကမ္ဘာဦး ၉:၄။ ဝတ်ပြုရာ ၁၇:၁၀၊ ၁၁) ယေရှုက တကယ့်အသားကို စားဖို့၊ တကယ့်အသွေးကို သောက်ဖို့ ပြောနေတာ မဟုတ်ဘူး။ မကြာခင် သူ့ရဲ့ပြည့်ဝစုံလင်တဲ့ လူသားခန္ဓာကို ပူဇော်ပြီး အသက်သွေးကို သွန်းလောင်းတော့မယ်။ ထာဝရအသက် ရချင်သူအားလုံးဟာ သူ့ရဲ့ပူဇော်သက္ကာကို သက်ဝင်ယုံကြည်ရမယ်လို့ ပြောနေတာ။ ဒါပေမဲ့ အဲဒီသွန်သင်ချက်ကို တပည့်အများစုတောင် နားမလည်ကြဘူး။ တချို့က “သူပြောနေတာတွေက လန့်စရာကြီးပါလား။ ဘယ်သူနားခံနိုင်မှာလဲ” လို့ ညည်းကြတယ်။—ယောဟန် ၆:၆၀။

တပည့်တချို့ အဲဒီလို ညည်းညူနေတာကို သိတော့ ယေရှုက “ဒီစကားတွေကြားလို့ ခင်ဗျားတို့ လန့်သွားသလား။ အရင်နေခဲ့တဲ့ နေရာဆီ လူသား ပြန်တက်သွားတာကိုသာ မြင်ရရင် ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ။ . . . ခင်ဗျားတို့ကို ကျွန်တော်ပြောတဲ့ စကားတွေဟာ စွမ်းအားတော်ကို အရင်းခံတဲ့အတွက် အသက်ရစေတယ်။ ဒါပေမဲ့ ခင်ဗျားတို့ထဲမှာ မယုံကြည်တဲ့သူ တချို့ရှိတယ်” လို့ပြောတယ်။ ဒီအခါ တပည့်အတော်များများ ယေရှုနောက်ကို မလိုက်တော့ဘဲ ထွက်သွားကြတယ်။—ယောဟန် ၆:၆၁-၆၄။

ဒါနဲ့ ယေရှုက တမန်တော် ၁၂ ယောက်ကို “ခင်ဗျားတို့ကော ထွက်သွားချင်သလား” လို့မေးတဲ့အခါ ရှိမုန်ပေတရုက “သခင်၊ ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရအသက်ရစေတဲ့ စကားတွေဟာ သခင့်ဆီမှာပဲ ရှိတာပါ။ သခင်ဟာ ဘုရားသခင်ဆီကလာတဲ့ သန့်ရှင်းသူဖြစ်မှန်း ကျွန်တော်တို့ သိပါတယ်။ ယုံလည်းယုံပါတယ်” လို့ဖြေတယ်။ (ယောဟန် ၆:၆၇-၆၉) ဒီကိစ္စနဲ့ပတ်သက်တဲ့ ယေရှုရဲ့သွန်သင်ချက်ကို ပေတရုနဲ့ တခြားတမန်တော်တွေ အပြည့်အဝ နားမလည်ပေမဲ့ ဘယ်လောက်ထိ သစ္စာစောင့်သိတယ်ဆိုတာ ဖော်ပြလိုက်တာပဲ။

ယေရှုက ပေတရုဖြေလိုက်တာကို သဘောကျသွားပေမဲ့ “ခင်ဗျားတို့ ၁၂ ယောက်ကို ကျွန်တော် ရွေးခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ ခင်ဗျားတို့ထဲမှာ အသေရဖျက်သူတစ်ယောက် ရှိနေတယ်” လို့ပြောတယ်။ (ယောဟန် ၆:၇၀) ယုဒရှကာရုတ်အကြောင်း ယေရှုပြောနေတာ။ ယုဒဟာ သူ့ရဲ့မှားယွင်းတဲ့ဆန္ဒတွေအတိုင်း စလုပ်နေမှန်း ဒီအချိန်မှာ ယေရှုရိပ်မိတာ ဖြစ်နိုင်တယ်။

ဒါပေမဲ့ ပေတရုနဲ့ တခြားတမန်တော်တွေ သူ့နောက်ကို ဆက်လိုက်နေမှန်း၊ သူလုပ်နေတဲ့ အသက်ကယ်လုပ်ငန်းမှာ ဆက်ပါဝင်နေမှန်း သိရလို့ ယေရှု တကယ်ကျေနပ်ပျော်ရွှင်မိတယ်။

  • ယေရှုက ဘယ်လိုနည်းနဲ့ သူ့ရဲ့အသားကို လူတွေကို ပေးသလဲ။ လူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ “ယေရှုရဲ့အသားကိုစား” နိုင်သလဲ။

  • အသား၊ အသွေးနဲ့ပတ်သက်ပြီး ယေရှုပြောလိုက်တဲ့အခါ လူတွေ ဘာကြောင့် လန့်သွားသလဲ။ သူပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲ။

  • တပည့်အတော်များများ ယေရှုဆီကနေ ထွက်သွားတဲ့အခါ ပေတရု ဘယ်လို တုံ့ပြန်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ