ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၉၀
  • ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • သမ္မာကျမ်းစာ ​သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဘာသာရေး
    နိုးလော့!—၂၀၁၄
  • ဘာသာရေးအဖွဲ့အစည်းတစ်ခုခုထဲ ဝင်သင့်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၉၀
အဖွဲ့လိုက် ဝတ်ပြုကိုးကွယ်ဖို့ စုဝေးရောက်ရှိနေကြ

ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား

ကျမ်းစာအဖြေ

လိုပါတယ်။ ဘုရားသခင်က ဝတ်ပြုရေးမှာ လူတွေကို စည်းစည်းလုံးလုံးရှိစေချင်တယ်။ ကျမ်းစာမှာ အခုလို ဆိုထားတယ်- ‘မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။’—ဟေဗြဲ ၁၀:၂၄၊ ၂၅။

“သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ ယေရှုပြောချိန်မှာ တပည့်တွေဟာ အဖွဲ့တစ်ဖွဲ့အနေနဲ့ ရှိနေလိမ့်မယ်လို့ ကိုယ်တော် ဆိုလိုနေတာဖြစ်တယ်။ (ယောဟန် ၁၃:၃၅) ခရစ်တော်ရဲ့တပည့်တွေ အဲဒီမေတ္တာကို ဖော်ပြနိုင်တဲ့ အဓိကအကျဆုံးနည်းလမ်းက သူတို့အချင်းချင်း စုဆုံပေါင်းသင်းခြင်းဖြစ်တယ်။ ဒါကြောင့် သူတို့က ဝတ်ပြုမှုအတွက် ပုံမှန်စုဝေးကြတဲ့ အသင်းတော်တွေကို တည်ထောင်ကြတယ်။ (၁ ကောရိန္သု ၁၆:၁၉) နောက်ဆုံး အသင်းတော်အားလုံးကိုစုပေါင်းလိုက်တော့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ် ဖြစ်လာတယ်။—၁ ပေတရု ၂:၁၇။

ဘာသာရေးအဖွဲ့ဝင်တစ်ဦးဖြစ်ရုံနဲ့ မလုံလောက်

လူတွေဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်ဖို့ စုဆုံစည်းဝေးသင့်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ဒါပေမဲ့ လူတစ်ဦးဟာ ဘာသာတစ်ခုခုရဲ့အဖွဲ့ဝင်ဖြစ်ရုံနဲ့ သူ့ကို ဘုရားသခင် နှစ်သက်လက်ခံတယ်လို့ ကျမ်းစာမှာ မသွန်သင်ထားပါဘူး။ ဘုရားသခင်နှစ်သက်လက်ခံမှုရဖို့ ဘာသာတရားရဲ့ လမ်းစဉ်အတိုင်း နေထိုင်ရမယ်။ ဥပမာအနေနဲ့ ကျမ်းစာမှာ ဒီလိုဆိုထားပါတယ်- “ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှု [ဘာသာတရား] ဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေခြင်းဖြစ်၏။”—ယာကုပ် ၁:၂၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ