ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၁၇
  • ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ယေရှုဟာ ဘယ်သူလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခမည်းတော် အကြောင်း သားတော်ဖော်ပြလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှု ကမ္ဘာပေါ်ရှိချိန် လုပ်ဆောင်ခဲ့ရာများ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၁၇
သင်ခန်းစာ ၁၇။ ယေရှု လက်ကိုဆန့်ပြီး ဖျားနာသူကို အံ့ဖွယ်နည်းနဲ့ ကုသပေး။

သင်ခန်းစာ ၁၇

ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကမ္ဘာပေါ် ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေကို လေ့လာတဲ့အခါ ယေရှုရဲ့ အရည်အသွေးတွေကို သိလာတယ်။ ဒါက ယေရှုနဲ့ရော အဖဘုရား ယေဟောဝါနဲ့ပါ ပိုရင်းနှီးချင်စိတ် ပေါ်လာစေတယ်။ ယေရှုရဲ့ အရည်အသွေးကောင်းတချို့က ဘာတွေလဲ။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

၁။ ယေရှုဟာ အဖဘုရားနဲ့ ဘယ်လို တူသလဲ။

ကောင်းကင်မှာ ယေရှုဟာ မေတ္တာရှင်ဖခင် ယေဟောဝါဆီကနေ နှစ်သန်းပေါင်းများစွာ အနီးကပ် သင်ယူခဲ့တယ်။ ဒါကြောင့် အဖဘုရားလို တွေးခေါ်ခံစားတတ်လာတယ်၊ လုပ်ဆောင်တတ်လာတယ်။ (ယောဟန် ၅:၁၉ ကို ဖတ်ပါ။) ယေရှုက ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူတဲ့အတွက် “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ပြောနိုင်ခဲ့တယ်။ (ယောဟန် ၁၄:၉) ယေရှုရဲ့ အရည်အသွေးတွေကို လေ့လာမယ်ဆိုရင် ယေဟောဝါကို ပိုသိကျွမ်းလာမယ်။ ဥပမာ၊ လူတွေကို ယေရှု ဂရုစိုက်ပုံက သင့်ကို ယေဟောဝါ အလွန်ဂရုစိုက်ကြောင်း ဖော်ပြတယ်။

၂။ ယေဟောဝါကို ချစ်ကြောင်း ယေရှု ဘယ်လို ဖော်ပြသလဲ။

“ကျွန်တော် အဖဘုရားကို ချစ်တယ်ဆိုတာ ဒီလောက သိအောင် အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၄:၃၁) ယေရှု ကမ္ဘာပေါ် ရှိတုန်းက ခက်ခဲတဲ့အချိန်မှာတောင် ဖခင်ကို နာခံခြင်းအားဖြင့် အလွန်ချစ်ကြောင်း ဖော်ပြတယ်။ ဖခင်ကို သိပ်ချစ်လို့ ဖခင်အကြောင်း လူတွေကို ပြောပြတယ်။ အဖဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေဖို့ ကူညီပေးတယ်။​—ယောဟန် ၁၄:၂၃။

၃။ လူတွေကို ချစ်ကြောင်း ယေရှု ဘယ်လို ဖော်ပြသလဲ။

ယေရှုဟာ ‘လူသားတွေကို သိပ်ချစ်မြတ်နိုးတယ်’ လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၈:၃၁) လူတွေကို သိပ်ချစ်လို့ အားပေးစကား ပြောတယ်။ ကိုယ်ကျိုးမငဲ့ ကူညီပေးတယ်။ အံ့ဖွယ်အမှုတွေ လုပ်တာက တန်ခိုးရှိကြောင်း၊ သနားစာနာမှု ရှိကြောင်း ဖော်ပြတယ်။ (မာကု ၁:​၄၀-၄၂) လူတွေကို သနားကြင်နာတယ်။ မျက်နှာမလိုက်ဘူး။ သူ့စကားတွေက စိတ်ရင်းမှန်သူတွေကို နှစ်သိမ့်မှု ဖြစ်စေတယ်။ မျှော်လင့်ချက် ရှိစေတယ်။ လူတွေ၊ အထူးသဖြင့် မိမိသွန်သင်ချက် လိုက်နာသူတွေကို ချစ်တဲ့အတွက် ဝေဒနာခံစားပြီး သေဆုံးဖို့ တလိုတလား ရှိခဲ့တယ်။​—ယောဟန် ၁၅:​၁၃၊ ၁၄ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ယေရှုရဲ့ အရည်အသွေးတွေအကြောင်း၊ ယေရှုလို မေတ္တာနဲ့ ရက်ရောမှု ပြနိုင်ပုံအကြောင်း လေ့လာပါ။

၄။ အဖဘုရားကို ယေရှု ချစ်မြတ်နိုး

ယေရှုရဲ့ စံနမူနာက ဘုရားကို ချစ်ကြောင်း ပြနိုင်ပုံကို သင်ပေးတယ်။ လုကာ ၆:၁၂။ ယောဟန် ၁၅:၁၀ နဲ့ ၁၇:၂၆ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုကို အတုယူတဲ့အနေနဲ့ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

ယေရှု ဆုတောင်းနေ။

ယေရှုက ကောင်းကင်ဘုံစံ ဖခင်ကို ချစ်လို့ ဆုတောင်းပြီး စကားပြောလေ့ရှိ

၅။ အကူအညီလိုနေသူတွေကို ယေရှုဂရုစိုက်

ယေရှုဟာ ကိုယ်ကျိုးထက် တခြားသူအကျိုးကို ရှေ့တန်းတင်တယ်။ ပင်ပန်းနေတာတောင် အချိန်နဲ့ ခွန်အား စိုက်ထုတ်ပြီး လူတွေကို ကူညီပေးတယ်။ မာကု ၆:၃၀-၄၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။

  • ဒီမှတ်တမ်းအရ တခြားသူတွေကို ယေရှု ဘယ်လို ဂရုစိုက်သလဲ။​ —အခန်းငယ် ၃၁၊ ၃၄၊ ၄၁၊ ၄၂ တို့ကို ကြည့်ပါ။

  • လူတွေကို ကူညီဖို့ ယေရှုကို ဘာက လှုံ့ဆော်သလဲ။​—အခန်းငယ် ၃၄ ကို ကြည့်ပါ။

  • ယေရှုဟာ ယေဟောဝါရဲ့ အရည်အသွေးတွေကို အတုယူသူဖြစ်လို့ ဒီမှတ်တမ်းက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။

  • လူတွေအပေါ် ယေရှု ဂရုစိုက်ပုံကို ဘယ်နည်းတွေနဲ့ အတုယူနိုင်သလဲ။

ယေရှုက မုန့်ငါးလုံး၊ ငါးနှစ်ကောင်ကို အံ့ဖွယ်နည်းနဲ့ ပွားများစေ။ တပည့်တွေက အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေကို ပြန်ဝေပေးနေ။

၆။ ယေရှုဟာ ရက်ရောတယ်

ယေရှုဟာ မချမ်းသာပေမဲ့ ရက်ရောတယ်။ ရက်ရောကြဖို့လည်း အားပေးတယ်။ တမန်တော် ၂၀:၃၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • ယေရှုရဲ့စကားအရ ပျော်ရွှင်ဖို့ ဘာလုပ်ရမလဲ။

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို ဆွေးနွေးပါ။

ဗီဒီယို။ “ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ”​—ကောက်နုတ်ချက် (၄:၀၀)

  • ပစ္စည်းဥစ္စာ များများစားစား မရှိရင်တောင် ရက်ရောနိုင်တဲ့နည်းတချို့က ဘာတွေလဲ။

စိတ်ဝင်စားစရာအချက်

ယေရှုနာမည်ကတစ်ဆင့် ယေဟောဝါဆီ ဆုတောင်းဖို့ ကျမ်းစာက ဆိုတယ်။ (ယောဟန် ၁၆:၂၃၊ ၂၄ ကို ဖတ်ပါ။) ဒီလိုဆုတောင်းရင် ယေဟောဝါနဲ့ ရင်းနှီးစေဖို့ ယေရှု လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ရာရောက်တယ်။

လူတချို့ အဆို။ “လူတွေ ဒုက္ခရောက်နေတာကို ဘုရား ဂရုမစိုက်ပါဘူး။”

  • အဖဘုရားရဲ့ အရည်အသွေးတွေကို အတုယူသူ ယေရှုရဲ့ လုပ်ရပ်တွေက ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်ကြောင်း ဘယ်လို ဖော်ပြသလဲ။

အနှစ်ချုပ်

ယေရှုက ယေဟောဝါနဲ့ လူတွေကို ချစ်တယ်။ အဖေတူသား ဖြစ်တဲ့ ယေရှုအကြောင်း ပိုသိလာတဲ့အခါ ယေဟောဝါအကြောင်း ပိုသိလာမယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေရှုလို ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

  • ယေရှုလို လူတွေကို ချစ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

  • ယေရှုရဲ့ ဘယ်အရည်အသွေးကို အကြိုက်ဆုံးလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အတုယူစရာ ယေရှုရဲ့ အရည်အသွေးတချို့ကို ဖတ်ကြည့်ပါ။

“ယေရှုကို တုပပါ” (ယေရှု​—လမ်းခရီး၊ အမှန်တရား၊ အသက်၊ စာမျက်နှာ ၃၁၇)

ယေရှုနာမည်ကတစ်ဆင့် ဘာကြောင့် ဆုတောင်းရမလဲ။

“ယေရှုနာမကို အမှီပြု၍ အဘယ်ကြောင့် ဆုတောင်းကြသနည်း” (ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၊ ၂၀၀၈)

ယေရှုရဲ့ ရုပ်သွင်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ။

“ယေရှုရဲ့ ရုပ်အသွင်အပြင်က ဘယ်လိုမျိုးလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

အမျိုးသမီးတွေကို ယေရှု ပြောဆိုဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။

‘အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားရှုမြင်’ (ကင်းမျှော်စင် စက်တင်ဘာ ၁၊ ၂၀၁၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ