ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၅ စာ. ၉
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ဆင်းရဲဒုက္ခခံရသူများကို ကြင်နာခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မိန်းကလေးတစ်ယောက်နဲ့ နားမကြားသူတစ်ယောက်ကို ကုသပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ပင်လယ်ဘေး” များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၅ စာ. ၉

သင် သိပါသလား

“ခွေးကလေးတွေ” နဲ့နှိုင်းပြီး ယေရှုပြောတာဟာ နှိမ်ရာကျသလား။

ခွေးကိုပွေ့ထားတဲ့ ကလေး ဂရိ (သို့) ရောမကျောက်ဆစ်ရုပ်

ခွေးကလေးကို ပွေ့ထားတဲ့ကလေး (ဘီစီ ပထမရာစုမှ ဒုတိယရာစုအတွင်း ဂရိ (သို့) ရောမကျောက်ဆစ်ရုပ်)

တစ်ခါတုန်းက အစ္စရေးနယ်စပ်အနီး၊ ရောမလက်အောက်ခံ ဆီးရီးယားပြည်မှာ ယေရှု ရှိနေခိုက် ဂရိအမျိုးသမီးတစ်ဦး အကူအညီ လာတောင်းတယ်။ အဲဒီအခါ ယေရှုက ဂျူးမဟုတ်သူတွေကို “ခွေးကလေးတွေ” နဲ့နှိုင်းပြီး တုံ့ပြန်လိုက်တယ်။ မောရှေပညတ်မှာ ခွေးတွေကို မသန့်ရှင်းတဲ့တိရစ္ဆာန်အဖြစ် ယူမှတ်တယ်။ (ဝတ်ပြုရာ ၁၁:၂၇) ယေရှုဟာ ဒီဂရိအမျိုးသမီးနဲ့ ဂျူးမဟုတ်သူတွေကို နှိမ်တဲ့သဘောမျိုး ပြောနေတာလား။

လုံးဝမဟုတ်ပါဘူး။ ယေရှုက အဲဒီအချိန်မှာ သူ အဓိက ကူညီပေးရမယ့်သူတွေဟာ ဂျူးတွေပဲလို့ တပည့်တွေကို ရှင်းပြတယ်။ ဒါကြောင့် “သားသမီးရဲ့ အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး” လို့ ဂရိအမျိုးသမီးကို ဥပမာသုံးပြီး ပြောတယ်။ (မဿဲ ၁၅:၂၁-၂၆။ မာကု ၇:၂၆) ခွေးတွေဟာ ဂရိနဲ့ ရောမတွေအတွက် ချစ်စနိုး အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ကလေးတွေနဲ့ ဆော့ကစားလေ့ရှိတယ်။ ဒါကြောင့် “ခွေးကလေးတွေ” ဆိုတဲ့ အသုံးအနှုန်းက ချစ်စရာကောင်းတဲ့ပုံရိပ် စိတ်ထဲ ပေါ်လာစေတယ်။ ဂရိအမျိုးသမီးက ယေရှုရဲ့စကားကို ပြန်ကောက်ပြီး “မှန်ပါတယ် သခင်။ ဒါပေမဲ့ ခွေးကလေးတွေဟာ သခင့်စားပွဲကကျတဲ့ စားကြွင်းစားကျန်တွေကိုတော့ စားရပါတယ်” လို့ ပြန်ပြောတယ်။ သူ့ယုံကြည်ခြင်းကို ယေရှု ချီးမွမ်းပြီး သမီးကို ကုသပေးလိုက်တယ်။—မဿဲ ၁၅:၂၇၊ ၂၈။

ရေကြောင်းခရီး မဆက်ဖို့ တမန်တော်ပေါလု အကြံပေးတာ လက်တွေ့ကျရဲ့လား။

ကုန်တင်သင်္ဘောကြီးရဲ့ ဖောင်းကြွရုပ်ပုံ

ကုန်တင်သင်္ဘောကြီးရဲ့ ဖောင်းကြွရုပ်ပုံ (အေဒီပထမရာစု)

အီတလီကို ပေါလု စီးနင်းလိုက်ပါလာတဲ့ သင်္ဘောဟာ လေကြောင်းမသင့်တဲ့အတွက် ခရီးဆက်ဖို့ ခက်နေတယ်။ ဒါကြောင့် ဆိပ်ကမ်းတစ်ခုမှာ နားနေတုန်း ခရီးမဆက်ဖို့ တမန်တော်ပေါလု အကြံပြုတယ်။ (တမန်တော် ၂၇:၉-၁၂) ဘာကြောင့် အဲဒီလို အကြံပြုတာလဲ။

မြေထဲပင်လယ်မှာ ဆောင်းရာသီအတွင်း ရေကြောင်းခရီးသွားတာဟာ အန္တရာယ်များမှန်း ရှေးခေတ်သင်္ဘောသားတွေ သိထားကြတယ်။ နိုဝင်ဘာ ၁၅ ကနေ မတ် ၁၅ ဟာ အန္တရာယ်အများဆုံးလတွေပဲ။ ဒါပေမဲ့ ပေါလု ခရီးသွားတဲ့အချိန်ဟာ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလ ဖြစ်တယ်။ အေဒီ စတုတ္ထရာစု၊ ရောမစာရေးဆရာ ဗာဂျက်တီးယပ်စ်က စာအုပ်တစ်အုပ် (Epitome of Military Science) မှာ “ရေကြောင်းခရီးသွားဖို့ သင့်လျော်တဲ့ လတွေရှိသလို စိတ်မချရတဲ့၊ လုံးဝမသွားသင့်တဲ့ လတွေလည်း ရှိတယ်” လို့ပြောတယ်။ မေ ၂၇ ကနေ စက်တင်ဘာ ၁၄ အတွင်း ရေကြောင်းခရီးသွားတာဟာ အန္တရာယ်ကင်းတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၅ ကနေ နိုဝင်ဘာ ၁၁ အတွင်း၊ မတ် ၁၁ ကနေ မေ ၂၆ အတွင်း ဆိုရင်တော့ အန္တရာယ်ရှိတယ်။ ပင်လယ်ခရီးသွားနေကျ ပေါလုဟာ အဲဒီအချက်တွေကို ကောင်းကောင်းသိထားမှာ သေချာတယ်။ မာလိန်မှူးနဲ့ သင်္ဘောပိုင်ရှင်လည်း သိမှာဖြစ်ပေမဲ့ ပေါလုရဲ့ အကြံပေးချက်ကို အရေးမလုပ်ကြဘူး။ နောက်ဆုံးတော့ သင်္ဘောပျက်သွားတယ်။—တမန်တော် ၂၇:၁၃-၄၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ