ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • “လူအားလုံး အသက်ဘေးက လွတ်ပြီး ကမ်းပေါ် ရောက်သွားကြတယ်” (တ. ၂၇:၂၇-၄၄)

      ကျပ်ညပ်နေတဲ့ ကုန်တင် သင်္ဘောမှာ ပေါလု ဆုတောင်းနေ။ တချို့ ခေါင်းငိုက်စိုက်ကျနေ။ တချို့ ကြည့်နေ။ ကုန်သေတ္တာတချို့ပေါ်မှာ ပေါင်မုန့်ပြားတွေ ရှိနေ။

      “ပေါလုက . . . သူတို့အားလုံးရှေ့မှာပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတယ်။”—တမန်တော် ၂၇:၃၅

      ၁၆၊ ၁၇။ (က) ဘယ်အချိန်မှာ ပေါလု ဆုတောင်းသလဲ။ ဘာအကျိုး ရသလဲ။ (ခ) ပေါလုရဲ့ သတိပေးချက် ဘယ်လို ပြည့်စုံလာသလဲ။

      ၁၆ ထိတ်လန့်ဖွယ် နှစ်ပတ်တာအတွင်း မိုင် ၅၄၀ လောက် သင်္ဘော မျောနေပြီးနောက် ထူးခြားတာတစ်ခု သင်္ဘောသားတွေ သတိထားမိသွားကြတယ်။ ကမ်းစပ်ကို လှိုင်းရိုက်ခတ်သံ ကြားတာ ဖြစ်နိုင်တယ်။ သင်္ဘော မျောမသွားအောင် ပဲ့ပိုင်းကနေ ကျောက်ဆူးတွေ ချ၊ သင်္ဘောဦးကို ကုန်းဘက် ဦးတည်ပေးပြီး သင်္ဘောကို ကမ်းပေါ် ဆွဲတင်ကြတယ်။ ဒီအချိန်မှာ သင်္ဘောသားတွေ သင်္ဘောကို စွန့်ပြီး ပြေးဖို့ ကြိုးစားပေမဲ့ စစ်သည်တွေ တားဆီးကြတယ်။ “သင်္ဘောသားတွေ သင်္ဘောပေါ်မှာ မနေရင် ခင်ဗျားတို့ အသက်ချမ်းသာရမှာ မဟုတ်ဘူး” လို့ တပ်မှူးနဲ့ စစ်သည်တွေကို ပေါလု ပြောတယ်။ သင်္ဘော နည်းနည်း ငြိမ်လာလို့ အစာစားဖို့ လူတွေကို တိုက်တွန်းပြီး အသက်ဘေး လွတ်မယ့်အကြောင်း ပေါလု ထပ်အာမခံတယ်။ အဲဒီနောက် “သူတို့အားလုံးရှေ့မှာပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတယ်။” (တ. ၂၇:၃၁၊ ၃၅) ပေါလု ကျေးဇူးတင် ဆုတောင်းတာဟာ လုကာ၊ အာရိတ္တာခုနဲ့ ဒီနေ့ ခရစ်ယာန်တွေအတွက် ပုံသက်သေပါပဲ။ လူအများရှေ့ သင့်ဆုတောင်းချက်တွေဟာ တခြားသူတွေအတွက် အားပေးမှု၊ နှစ်သိမ့်မှု ဖြစ်စေသလား။

  • “ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • တမန်တော် ၂၇:၂၇ မှာ “အာဒြိပင်လယ်” လို့ ဖော်ပြပေမဲ့ ပေါလုခေတ်က “အာဒြိ” ဆိုတာ ဒီနေ့ခေတ် အေဒရီအက်ဒစ် ပင်လယ်ထက် ပိုကြီးတဲ့ နယ်ပယ်ကို ရည်ညွှန်းတယ်။ အိုင်အိုနီးယန်း ပင်လယ်၊ စစ္စလီကျွန်း အရှေ့ဘက်နဲ့ ခရိကျွန်း အနောက်ဘက် ရေထုတို့ ပါဝင်တဲ့အတွက် မျက်မှောက်ခေတ် မော်လတာကျွန်းအနီး ဝန်းရံနေတဲ့ ပင်လယ် ဖြစ်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ