ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “စေ့စေ့စပ်စပ် သက်သေခံတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • ‘ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ပေးနေ’ (တ. ၂၈:၃၀၊ ၃၁)

      ၁၉။ မိမိအခြေအနေကို ပေါလု ဘယ်လို အကျိုးရှိရှိ အသုံးချသလဲ။

      ၁၉ “ပေါလုဟာ ငှားထားတဲ့ အိမ်မှာ နှစ်နှစ်ပတ်လုံး နေထိုင်ပြီး လာသမျှလူတွေကို ကြိုဆိုလက်ခံတယ်။ အတားအဆီး မရှိဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့် ရပြီး ဘုရားသခင့် နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်အကြောင်း ဟောပြောသွန်သင်ပေးနေတယ်” ဆိုပြီး အားရှိစရာကောင်းတဲ့ မှတ်ချက်နဲ့ ဇာတ်ကြောင်းကို လုကာ နိဂုံးချုပ်လိုက်တယ်။ (တ. ၂၈:၃၀၊ ၃၁) ပေါလုဟာ ဧည့်ဝတ်ပြုရာမှာ၊ ယုံကြည်ခြင်း ရှိရာမှာ၊ စိတ်ထက်သန်ရာမှာ တကယ် ထူးခြားတဲ့ စံနမူနာပါပဲ။

      ၂၀၊ ၂၁။ ရောမမြို့မှာ ပေါလု ကူညီပေးခဲ့သူ တချို့ကို ဖော်ပြပါ။

      ၂၀ ပေါလု ကြင်ကြင်နာနာ လက်ခံကြိုဆိုခဲ့သူ တစ်ယောက်ကတော့ ကောလောသဲမြို့က ကျွန်ပြေး သြနေသိမ်ပါ။ သြနေသိမ် ခရစ်ယာန်တစ်ယောက် ဖြစ်လာအောင် ပေါလု ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ သြနေသိမ်ဟာ ပေါလုအတွက် “ချစ်ရတဲ့ ညီအစ်ကို၊” “သစ္စာရှိတဲ့သူ” ဖြစ်လာတယ်။ “သားအရင်းလို” ဖြစ်လာတယ်လို့တောင် ပေါလု ပြောတယ်။ (ကော. ၄:၉။ ဖိလေ. ၁၀-၁၂) သြနေသိမ်ကြောင့် ပေါလု အားတက်ခဲ့မှာ သေချာတယ်။a

      ၂၁ ပေါလုရဲ့ ပုံသက်သေကောင်းကနေ တခြားသူတွေလည်း အကျိုးခံစားရတယ်။ ဖိလိပ္ပိ အသင်းသားတွေဆီ ပေါလု ဒီလိုရေးခဲ့တယ်– “ကျွန်တော် ကြုံနေရတဲ့ အခြေအနေက သတင်းကောင်း ပျံ့နှံ့ဖို့ အထောက်အကူ ဖြစ်စေတယ်ဆိုတာ ခင်ဗျားတို့ကို သိစေချင်တယ်။ ခရစ်တော်ကို ယုံကြည်လို့ ကျွန်တော် အကျဉ်းကျနေမှန်း နန်းတော်စောင့်တပ် တစ်တပ်လုံးရော ကျန်တဲ့လူတွေပါ သိကြတယ်။ အဲဒီအပြင် သခင့်အမှုကို ဆောင်နေတဲ့ ညီအစ်ကိုတွေက ကျွန်တော် အကျဉ်းကျနေတဲ့အတွက် ယုံကြည်စိတ်ချမှု ပိုရှိလာပြီး ဘုရားသခင်ရဲ့ တရားစကားကို သတ္တိရှိရှိ၊ မကြောက်မရွံ့ ဟောပြောနေကြတယ်။”—ဖိ. ၁:၁၂-၁၄။

  • “စေ့စေ့စပ်စပ် သက်သေခံတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • ၂၅၊ ၂၆။ အနှစ် ၃၀ မပြည့်ခင်မှာပဲ ဘယ်အံ့ဖွယ် ပရောဖက်ပြုချက် ပြည့်စုံတာကို ပေါလု မြင်တွေ့ရသလဲ။ ကျွန်တော်တို့ခေတ်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်သလဲ။

      ၂၅ မိမိဆီ လာသမျှ လူတွေကို “ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း” အိမ်အကျယ်ချုပ် ကျနေတဲ့ တမန်တော် ပေါလု “ဟောပြောသွန်သင်ပေးနေတယ်။” အားရှိစရာ မှတ်တမ်းနဲ့ တမန်တော်ကျမ်းကို နိဂုံးချုပ်ထားတာပဲ။ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ နောက်လိုက်တွေကို ယေရှု တာဝန်ပေးတဲ့အကြောင်း အခန်းတစ်မှာ ကျွန်တော်တို့ ဖတ်ရတယ်။ (တ. ၁:၈) အနှစ် ၃၀ မပြည့်ခင်မှာပဲ “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ။”d (ကော. ၁:၂၃) ဘုရားသခင့် စွမ်းအားတော် တန်ခိုးကြီးကြောင်း အထောက်အထားပါပဲ။—ဇာ. ၄:၆။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ