ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၆/၁ စာ. ၂၈
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုးနိုးကြားကြားနေရမည့်အချိန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ‘ဆိုးညစ်သောဤလူမျိုးဆက်’ မှ ကယ်တင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခရစ်တော်ရောက်ရှိခြင်း—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၆/၁ စာ. ၂၈

စာရှုသူများထံမှမေးခွန်းလွှာ

၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁ ရက် “ကင်းမျှော်စင်” သည် မဿဲ ၂၄:၃၄ ပါ ယေရှုမိန့်တော်မူသည့် “ဤလူမျိုးဆက်” အကြောင်းကို အာရုံစိုက်သည်။ ကောင်းကင်တွင် ၁၉၁၄ ခုနှစ်၌ ဘုရားသခင်၏နိုင်ငံတော် တည်ထောင်၊ မတည်ထောင်နှင့်ပတ်သက်၍ မေးစရာပေါ်လာသည်ဟု ဆိုလိုသလော။

ကင်းမျှော်စင်တွင် ဆွေးနွေးတင်ပြထားသော ထိုအကြောင်းက ၁၉၁၄ ခုနှစ်နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏အခြေခံသွန်သင်ချက်တွင် အဘယ်ပြောင်းလဲမှုကိုမျှ မဖော်ပြပါ။ နိုင်ငံတော်တန်ခိုးဖြင့် ယေရှုရောက်ရှိနေမည့် ပုဗ္ဗနိမိတ်ကို ကိုယ်တော်ဖော်ပြပါသည်။ ၁၉၁၄ ခုနှစ်ကတည်းက ဤပုဗ္ဗနိမိတ်သည် ပြည့်စုံနေကြောင်း သက်သေအလုံအလောက်ရှိပါသည်။ ယေရှုသည် ၁၉၁၄ ခုနှစ်ကတည်းက ဘုရားသခင်၏နိုင်ငံတော်ဘုရင်အဖြစ် လှုပ်ရှားနေတော်မူကြောင်း၊ စစ်ဘေး၊ ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး၊ ငလျင်ဘေး၊ အခြားသာဓကများနှင့်ပတ်သက်သော အချက်များက သက်သေထူသည်။ ထိုအချိန်ကတည်းက အစီအစဉ်၏ဆုံးခန်းချိန်တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း ဖော်ပြသည်။

သို့ဖြစ်လျှင် ကင်းမျှော်စင်က မည်သည့်အကြောင်းကို ရှင်းပြနေသနည်း။ သော့ချက်ကား မဿဲ ၂၄:၃၄ တွင် “ယခုဖြစ်သောလူများ” ဟူသောစကားလုံးကို ယေရှုအသုံးပြုခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ထိုကျမ်းပိုဒ်က ဤသို့ဆိုသည်– “ငါအမှန်ဆိုသည်ကား ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။” ယေရှုသည် “ယခုဖြစ်သောလူများ” ဟူ၍ဆိုရာ၌ ကိုယ်တော့်ခေတ်နှင့် ကျွန်ုပ်တို့ခေတ်နှင့်ပါပတ်သက်၍ မည်သည့်အရာကို ဆိုလိုသနည်း။

ယေရှုသည် ဂျူးခေါင်းဆောင်များ၊ သို့မဟုတ် ကိုယ်တော်၏သစ္စာရှိတပည့်တော်များကိုသာ ဆိုလိုသည့် အုပ်စုငယ်တစ်စု၊ သို့မဟုတ် သီးခြားအုပ်စုတစ်စုနှင့်ပတ်သက်ပြီး “ယခုဖြစ်သောလူများ” ဟူသောစကားလုံးကို အသုံးမပြုခဲ့ကြောင်း ကျမ်းချက်များစွာက ထောက်ခံပါသည်။ ယင်းအစား ကိုယ်တော်အား ငြင်းပယ်ခဲ့သောဂျူးအစုအဝေးကို အပြစ်တင်ရှုတ်ချခြင်းနှင့်ပတ်သက်၍ “ယခုဖြစ်သောလူများ” ဟူသောစကားလုံးကို အသုံးပြုတော်မူခဲ့သည်။ သို့သော် ဝမ်းသာစရာကား ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရု တိုက်တွန်းခဲ့သည့်အတိုင်း တစ်ဦးချင်း နောင်တယူပြီး “သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ရောက်” နိုင်သည်။—တမန်တော် ၂:၄၀။

ပေတရုသည် ခေတ်တစ်ခေတ်ကို သို့မဟုတ် သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုကို အတိအကျဖော်ပြနေခြင်းမဟုတ်၊ “ယခုဖြစ်သောလူများ” ကို တစ်စုံတစ်ခုသောရက်စွဲနှင့် ချိတ်ဆက်ပြောဆိုနေခြင်းလည်း မဟုတ်ကြောင်း ထင်ရှားပါသည်။ လူတို့သည် ယေရှုမွေးဖွားသည့်နှစ်တွင်၊ သို့မဟုတ် စီ.အီး. ၂၉ တွင် မွေးဖွားသောလူမျိုးဆက်မှ ကယ်တင်ခြင်းသို့ရသင့်သည်ဟု သူမပြောခဲ့ချေ။ ပေတရုသည် ထိုခေတ်က မယုံကြည်သောဂျူးများဖြစ်သည့်—အချို့မှာငယ်ရွယ်သူများဖြစ်နိုင်ဖွယ်ရှိပြီး၊ အချို့မှာ အသက်အရွယ်ကြီးသူများဖြစ်နိုင်သည့်—သူများအကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ ထိုဂျူးတို့သည် ယေရှု၏သွန်သင်ချက်များကို ကြားနာခဲ့ကြရပြီး ကိုယ်တော်၏ အံ့ဖွယ်အမှုများကို တွေ့ မြင်ခဲ့မည်၊ သို့မဟုတ် ကြားခဲ့သော်လည်း မေရှိယအဖြစ် ကိုယ်တော်အား လက်မခံခဲ့သေးသူများ ဖြစ်ကြပေမည်။

သံလွင်တောင်ပေါ်တွင် ယေရှုနှင့်အတူ တမန်တော်လေးဦးရှိစဉ် “ယခုဖြစ်သောလူများ” ဟူသောစကားကို ကိုယ်တော်အသုံးပြုပုံမှာ ထိုသို့ပင်ဖြစ်မည်ဟု ပေတရုနားလည်ခဲ့ပေမည်။ ယေရှု၏ ပရောဖက်ပြုချက်ဆိုင်ရာ ဖော်ပြချက်အရ ထိုခေတ်ကဂျူးများ—အထူးသဖြင့် ယေရှု၏ တစ်ခေတ်တည်းသားများ—သည် ဂျူးစနစ်ကုန်လုနီးခြင်း၏သာဓကများဖြစ်သည့် စစ်ဘေး၊ ငလျင်ဘေး၊ ငတ်မွတ်ခြင်းဘေးနှင့် အခြားအမှုတို့ကို ကြုံကြိုက်ရမည် သို့မဟုတ် ကြားသိရမည်ဖြစ်သည်။ အမှန်မှာ၊ ထိုလူမျိုးဆက်သည် အဆုံးတိုင်သည့် စီ.အီး. ၇၀ မတိုင်မီ မကုန်ခဲ့ချေ။—မဿဲ ၂၄:၃-၁၄၊ ၃၄။

သို့ရာတွင် ယေရှု၏စကားကို ထိုသို့သောသဘောမျိုးဖြင့် ကျွန်ုပ်တို့ အမြဲလက်ခံခဲ့သည်မဟုတ်ကြောင်း ဝန်ခံရမည်။ မစုံလင်သူများအနေနှင့် အဘယ်အချိန်တွင် အဆုံးတိုင်မည်အကြောင်း အတိအကျသိလိုသောဆန္ဒရှိကြသည်။ တမန်တော်များပင်လျှင် အချိန်အတိအကျကို သိလို၍ “သခင်၊ ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကို ပြန်ပေးတော်မူမည်လော” ဟုမေးမြန်းခဲ့ကြောင်း သတိရပါ။—တမန်တော် ၁:၆။

အလားတူ အရင်းခံစိတ်ထားမျိုးဖြင့် မျက်မှောက်ခေတ် ဘုရားသခင်၏ကျေးကျွန်များသည် “ယခုဖြစ်သောလူများ” အကြောင်း ယေရှုမိန့်တော်မူခဲ့ရာ ယင်းကို ၁၉၁၄ ခုနှစ်နှင့်ဆက်စပ်ပြီး အချိန်ကာလအတိအကျကို တွက်ချက်ယူရန် ကြိုးစားခဲ့ကြပြီ။ ဥပမာ၊ လူမျိုးတစ်ဆက်သည် အနှစ် ၇၀ သို့မဟုတ် ၈၀ ကြာရှည်နိုင်ပြီး ပထမကမ္ဘာစစ်ပွဲနှင့် အခြားသောအမှုများ ဖြစ်ပေါ်ထင်ရှားခြင်းကို နားလည်နိုင်ခဲ့သည့်အရွယ်ရှိသောလူတို့ပါဝင်သည်ဟု ဆင်ခြင်ခဲ့ကြသည်; ဤသို့အားဖြင့် အဆုံးမည်မျှနီးကပ်နေကြောင်းကို တွက်ချက်နိုင်မည်။

ဤသို့တွေးခေါ်ခြင်းသည် မည်မျှပင် အဓိပ္ပာယ်ရှိခဲ့စေကာမူ ယေရှုဆက်လက်ပေးခဲ့သော ဆုံးမစကားနှင့် ကိုက်ညီပါသလော။ ယေရှုက ဤသို့ပြောခဲ့သည်– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။ . . . ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။”—မဿဲ ၂၄:၃၆-၄၂။

ထို့ကြောင့် “ယခုဖြစ်သောလူများ” အကြောင်း မကြာမီက ကင်းမျှော်စင်တွင် သိရှိခဲ့သောအချက်အလက်များသည် ၁၉၁၄ ခုနှစ်၌ အဘယ်အရာဖြစ်ပျက်ခဲ့သည်ဟု ကျွန်ုပ်တို့၏နားလည်ထားသည့်အရာကို မပြောင်းလဲစေပါ။ သို့သော် ယေရှုအသုံးပြုသော “ယခုဖြစ်သောလူများ” ဟူသောစကားလုံးကို ပိုမိုရှင်းလင်းစွာ နားလည်စေသည်။ ကိုယ်တော်၏အသုံးအနှုန်းသည် အဆုံးမည်မျှနီးကပ်နေကြောင်းကို ၁၉၁၄ ခုနှစ်မှစရေတွက်ခြင်းအပေါ် မူမတည်ကြောင်း နားလည်ဖို့ အကူအညီဖြစ်စေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ