ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၂၂
  • သတင်းကောင်းကို ဝေမျှနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းကို ဝေမျှနိုင်ပုံ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • သတင်းကောင်းကို ဘယ်သူတွေ ဟောနေကြသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ချစ်ခြင်းမေတ္တာကို အရင်းခံပြီး ဆက်ဟောပြောနေပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဘုရားသခင့်အလိုတော်ကိုလုပ်ဆောင်ရန် အခြားသူများအားကူညီပေးခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၂၂
သင်ခန်းစာ ၂၂။ ကားဝပ်ရှော့ နေ့လည်စာ နားချိန်မှာ အလုပ်ဖော်ကို ဟောနေတဲ့ ကျမ်းစာသင်သား။

သင်ခန်းစာ ၂၂

သတင်းကောင်းကို ဝေမျှနိုင်ပုံ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျမ်းစာအမှန်တရားကို သိလာတဲ့အခါ ‘ဒီအကြောင်း လူတိုင်း သိရင် ကောင်းမှာပဲ’ လို့ တွေးမိနိုင်တယ်။ လူတိုင်း သိဖို့လိုတာ မှန်တယ်။ ဒါပေမဲ့ ကိုယ်သိထားတာတွေကို တခြားသူတွေကို ပြောပြဖို့ စိုးရိမ်မိနိုင်တယ်။ စိုးရိမ်စိတ်ကို တိုက်ထုတ်ပြီး ကျမ်းစာမှာပါတဲ့ သတင်းကောင်းကို ဝမ်းမြောက်ဝမ်းသာ ဟောပြောနိုင်ပုံအကြောင်း သုံးသပ်ကြစို့။

၁။ လေ့လာခဲ့တာတွေကို အသိအကျွမ်းတွေကို ဘယ်လို ဝေမျှနိုင်မလဲ။

“ကျွန်တော်တို့ကတော့ ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ယေရှုတပည့်တွေ ပြောတယ်။ (တမန်တော် ၄:၂၀) အမှန်တရားကို တန်ဖိုးထားလွန်းလို့ လူများနိုင်သမျှ များများကို ဝေမျှချင်ကြတယ်။ သင်ကော အဲဒီလို ခံစားရသလား။ ဒါဆိုရင် ကိုယ်သိထားတာတွေကို မိသားစုနဲ့ မိတ်ဆွေတွေ သိအောင် လေးလေးစားစား ပြောဖို့ အခွင့်အရေး ရှာပါ။​—ကောလောသဲ ၄:၆ ကို ဖတ်ပါ။

စတင်နိုင်တဲ့နည်းတချို့

  • မိသားစုနဲ့ စကားပြောတဲ့အခါ “ဒီအပတ် စိတ်ဝင်စားစရာတစ်ခု သိခဲ့ရတယ်” ဆိုပြီး ကျမ်းစာထဲက အကြောင်းတစ်ခု ပြောပြပါ။

  • ဖျားနေတဲ့ ဒါမှမဟုတ် စိုးရိမ်ပူပန်နေတဲ့ မိတ်ဆွေကို အားရှိစရာကျမ်းပိုဒ် ဝေမျှပါ။

  • သာကြောင်းမာကြောင်း မေးလာတဲ့ အလုပ်ဖော်ကို ကျမ်းစာလေ့လာမှု ဒါမှမဟုတ် အစည်းအဝေးမှာ သိခဲ့တာတွေအကြောင်း ပြောပြပါ။

  • မိတ်ဆွေတွေကို jw.org ဝက်ဘ်ဆိုက် ပြပါ။

  • ကိုယ်ကျမ်းစာလေ့လာတဲ့အခါ ဝင်ထိုင်ဖို့ ဖိတ်ခေါ်ပါ။ jw.org မှာ ကျမ်းစာလေ့လာမှု တောင်းဆိုနိုင်ပုံကို ပြပေးပါ။

၂။ အသင်းတော်နဲ့အတူ ဟောဖို့ ပန်းတိုင်ထားတာက ဘာကြောင့် အကျိုးရှိသလဲ။

ယေရှုရဲ့တပည့်တွေဟာ အသိအကျွမ်းတွေကိုပဲ ဟောတာ မဟုတ်ဘူး။ ယေရှုက တပည့်တွေကို “မြို့ရွာတွေဆီ နှစ်ယောက်တစ်တွဲ ကြိုလွှတ်လိုက်တယ်။” (လုကာ ၁၀:၁) ဒီလို စနစ်တကျဟောတဲ့အတွက် လူများစွာ သတင်းကောင်းကြားခွင့် ရကြတယ်။ အတူဟောတာက တပည့်တွေကို အလွန်ပျော်ရွှင်စေတယ်။ (လုကာ ၁၀:၁၇) သင်လည်း အသင်းတော်နဲ့အတူ ဟောဖို့ ပန်းတိုင်ထားနိုင်မလား။

ရှာဖွေလေ တွေ့ရှိလေ

စိုးရိမ်စိတ်ကို တိုက်ထုတ်နိုင်ပုံ၊ သတင်းကောင်း ဟောခြင်းကနေ ပျော်ရွှင်နိုင်ပုံအကြောင်း သုံးသပ်ကြည့်ပါ။

ပုံ။ ပန်းခြံခုံတန်းမှာ ထိုင်နေတဲ့အမျိုးသမီးကို ဟောနေတဲ့ ကျမ်းစာသင်သား။ ၁။ ကျမ်းစာသင်သား ဆုတောင်းနေ။ ၂။ အမျိုးသမီးကို ကျမ်းစာထဲကအချက်တစ်ချက် ပြောပြနေ။

၃။ ယေဟောဝါ အတူရှိနေမယ်

တချို့က ဟောချင်ပေမဲ့ လူတွေ ဘယ်လို မြင်မလဲ၊ ဘယ်လို တုံ့ပြန်မလဲဆိုပြီး စိုးရိမ်မိနိုင်တယ်။

  • သိလာတာတွေကို ဝေမျှဖို့ စိုးရိမ်နေသလား။ ဘာကြောင့်လဲ။

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ သတ္တိရှိဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့ (၄:၀၅)

  • ဒီသက်သေခံလူငယ်တွေ ကြောက်စိတ်ကို ဘယ်လို တိုက်ထုတ်ခဲ့ကြသလဲ။

ဟေရှာယ ၄၁:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဟောဖို့ ကြောက်နေရင် ဆုတောင်းတာက ဘယ်လို အကူအညီ ဖြစ်စေမလဲ။

စိတ်ဝင်စားစရာအချက်

သတင်းကောင်း ဟောရဲမှာ မဟုတ်ဘူးလို့ သက်သေခံအများစု ယူဆခဲ့ဖူးတယ်။ ဆာဂေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိဘူး။ ပြောရဲဆိုရဲ မရှိဘူး။ ကျမ်းစာ လေ့လာပြီးနောက်မှာတော့ “ကြောက်ပေမဲ့ ကိုယ်သိလာတာတွေကို တခြားသူတွေကို ပြောပြတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာပြီး ယုံကြည်ခြင်း ပိုခိုင်မာလာတယ်” လို့ သူပြောတယ်။

၄။ လေးစားမှု ရှိပါ

သတင်းကောင်း ဟောတဲ့အခါ ပြောမယ့်အကြောင်းကိုသာမက ဘယ်လိုပြောမလဲဆိုတာကိုပါ စဉ်းစားပါ။ ၂ တိမောသေ ၂:၂၄ နဲ့ ၁ ပေတရု ၃:၁၅ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကျမ်းစာအကြောင်း ပြောတဲ့အခါ ဒီကျမ်းပိုဒ်တွေကို ဘယ်လို လက်တွေ့ ကျင့်သုံးနိုင်မလဲ။

  • ကိုယ်ဟောတာကို မိသားစုနဲ့ မိတ်ဆွေတချို့ လက်မခံတဲ့အခါ ဘာလုပ်နိုင်သလဲ။ ဘာမလုပ်သင့်ဘူးလဲ။

  • တဲ့တိုးမပြောဘဲ လိမ္မာပါးနပ်စွာ မေးခွန်းမေးတာက ဘာကြောင့် ပိုကောင်းသလဲ။

ဆွေမျိုးတစ်ဦးကို ကျမ်းစာအကြောင်း ပြောပြနေတဲ့ ကျမ်းစာသင်သား။

၅။ သတင်းကောင်း ဟောခြင်းက ပျော်ရွှင်စေ

ယေဟောဝါက ယေရှုကို သတင်းကောင်း ဟောတဲ့အလုပ် ပေးခဲ့တယ်။ ဒီအလုပ်ကို ယေရှု ဘယ်လို သဘောထားသလဲ။ ယောဟန် ၄:၃၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အာဟာရရှိတဲ့အစာ စားတာက အသက်ရှင်စေရုံမက ပျော်ရွှင်စေတယ်။ ယေရှုက သတင်းကောင်းဟောခြင်းလိုမျိုး ဘုရားအလိုတော် ဆောင်တာကို အစာစားတာနဲ့ ဘာကြောင့် နှိုင်းယှဉ်ထားသလဲ။

  • သတင်းကောင်း ဟောရင် ဘာပျော်ရွှင်မှုတွေ ခံစားရမယ် ထင်သလဲ။

အကြံပြုချက်များ

  • စကားစမြည်စနိုင်ပုံကို ကြားရက် အစည်းအဝေးမှာ သင်ယူပါ။

  • ကြားရက် အစည်းအဝေးမှာ ကျောင်းသားတာဝန်အတွက် စာရင်းပေးပါ။ ဒါက ကိုယ်သိထားတာတွေကို တခြားသူတွေကို ပြောပြဖို့ ကူညီပေးနိုင်တယ်။

  • “လူတချို့အဆို၊” “လူတချို့အမေး” ကဏ္ဍကိုသုံးပြီး မေးလေ့ရှိတဲ့မေးခွန်းတွေ၊ ကန့်ကွက်စကားတွေကို ဘယ်လို ပြန်ဖြေမလဲ လေ့ကျင့်ပါ။

လူတချို့အမေး။ “နေကောင်းလား။ အခြေအနေ ဘယ်လိုလဲ။”

  • အဲဒီလိုမေးလာရင် သိထားတဲ့ကျမ်းစာအကြောင်းတွေ ပြောပြဖို့ အခွင့်အရေး ဘယ်လို ရှာနိုင်သလဲ။

အနှစ်ချုပ်

တခြားသူတွေကို သတင်းကောင်း ပြောပြတာက ပျော်ရွှင်စေတယ်။ ထင်သလောက် မခက်မှန်း သိလာမယ်။

ပြန်လည်သုံးသပ်ခြင်း

  • တခြားသူတွေကို ဘာကြောင့် သတင်းကောင်း ပြောရမလဲ။

  • ဘယ်လို လေးလေးစားစား ပြောနိုင်သလဲ။

  • ဟောဖို့ ကြောက်နေရင် ဘာလုပ်နိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

jw.org လိပ်စာကတ်သုံးပြီး သတင်းကောင်းဟောနည်း လေးမျိုးကို လေ့လာပါ။

JW.ORG လိပ်စာကတ်သုံးပြီး ဟောပြောနည်း နမူနာ (၁:၄၃)

သတင်းကောင်းဟောဖို့ ကူညီပေးတဲ့ အရည်အသွေး လေးခုကို ဖတ်ကြည့်ပါ။

“လူဖမ်းတဲ့ တံငါသည် ဖြစ်ဖို့ အသင့်ဖြစ်ပြီလား” (ကင်းမျှော်စင်၊ စက်တင်ဘာ ၂၀၂၀)

သတင်းကောင်းဟောဖို့ လူငယ်တွေကို သတ္တိရှိစေတဲ့ ကျမ်းစာပုံနမူနာကို ရှုစားကြည့်ပါ။

ကလေးတို့ သတ္တိရှိအောင် ယေဟောဝါဘုရား ကူညီပေးမယ် (၁၁:၅၉)

မယုံကြည်သူ မိသားစုဝင်တွေကို ယေဟောဝါအကြောင်း ပြောပြနိုင်ပုံကို ဖတ်ကြည့်ပါ။

“မယုံကြည်တဲ့ ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ” (ကင်းမျှော်စင် စာစောင်)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ