ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဗာနဗ—“သက်သာစေခြင်း၏သား”
    ကင်းမျှော်စင်—၁၉၉၈ | ဧပြီ ၁၅
    • စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲပြီးနောက် မကြာမီတွင် ကုပရုကျွန်းမှ လေဝိသားတစ်ဦးဖြစ်သူ ဗာနဗသည် မြေကွက်အချို့ကို စိတ်လိုကိုယ်လျောက်ရောင်းထုတ်ပြီး အဆိုပါငွေကို တမန်တော်များအားပေးခဲ့သည်။ ထိုသို့ သူအဘယ်ကြောင့်ပြုသနည်း။ ထိုအချိန်၌ ယေရုရှလင်မြို့ရှိ ခရစ်ယာန်များထဲတွင် “လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အားဝေငှပေးကမ်း” ခဲ့ကြကြောင်းတမန်တော်ဝတ္ထု၌ မှတ်တမ်းတင်ထားသည်။ အကူအညီလိုအပ်နေကြောင်းကို ဗာနဗ တွေ့မြင်ခဲ့၍ ရက်ရောစွာကူညီပေးခဲ့ခြင်းဖြစ်မည်။ (တမန်တော် ၄:၃၄-၃၇) သူသည် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်နိုင်ခဲ့သော်လည်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးအတွက် မိမိ၏စည်းစိမ်ဥစ္စာနှင့် မိမိကိုယ်တိုင်ကိုပါပေးအပ်ဖို့ရန် မတွန့်တိုခဲ့ပါ။b “ဗာနဗသည် အားပေးမှုလိုအပ်သူများ၊ အခြေအနေများကိုတွေ့ရှိတိုင်း အားပေးတတ်သူဖြစ်သည့်အလျောက် အတတ်နိုင်ဆုံးအားပေးခဲ့သည်” ဟုကျမ်းပညာရှင် အက်ဖ်. အက်ဖ်. ဘရူစ်ကပြောပြသည်။ သူ၏အကြောင်းပါရှိသည့် ဒုတိယအဖြစ်အပျက်တွင် ယင်းကို အထင်အရှားတွေ့ရှိရ၏။

  • ဗာနဗ—“သက်သာစေခြင်း၏သား”
    ကင်းမျှော်စင်—၁၉၉၈ | ဧပြီ ၁၅
    • b မောရှေ၏ပညတ်ဆိုထားရာကို စဉ်းစားရာတွင်အချို့က လေဝိသားတစ်ဦးဖြစ်သူ ဗာနဗသည် မည်သို့မြေပိုင်ဆိုင်သူ ဖြစ်လာသနည်းဟုမေးမြန်းကြသည်။ (တောလည်ရာ ၁၈:၂၀) သို့ရာတွင် ထိုမြေကွက်သည် ပါလက်စတိုင်းတွင်လော၊ သို့မဟုတ် ကုပရုကျွန်းတွင်လောဟူ၍ အတိအကျမသိကြကြောင်း သတိပြုသင့်သည်။ ထို့ပြင် ယင်းသည် ယေရုရှလင်မြို့ဒေသတွင် ဗာနဗဝယ်ယူထားသော သင်္ဂြိုဟ်ရာမြေကွက်သာ ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ဗာနဗသည် သူတစ်ပါးကိုကူညီပေးရန် သူပိုင်ဆိုင်ရာမြေကို ရောင်းထုတ်ခဲ့သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ