ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဇူလိုင် စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါက ပဋိညာဉ်သစ်အကြောင်း ကြိုပြောခဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့်ပဋိညာဉ်များမှသင်အကျိုးကျေးဇူး ခံစားမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဇူလိုင် စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှု ဘယ်အချိန်မှာ ပုရောဟိတ်မင်း ဖြစ်လာသလဲ။ ပဋိညာဉ်သစ်ကို ဘယ်အချိန်မှာ အတည်ပြုခဲ့သလဲ

အထောက်အထားတွေအရ ယေရှုဟာ အေဒီ ၂၉၊ နှစ်ခြင်းခံချိန်မှာ ပုရောဟိတ်မင်း ဖြစ်လာတယ်။ ဘာအထောက်အထားတွေ ရှိသလဲ။ နှစ်ခြင်းခံချိန်မှာ ယေရှုဟာ ဘုရားသခင့် “အလိုတော်” ဆိုတဲ့ ပလ္လင်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်သခဲ့တယ်။ (ဂလ. ၁:၄။ ဟီ. ၁၀:၅-၁၀) ပလ္လင်ဆိုတာ ဗိမာန်တော်ရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တယ်။ ယေရှု နှစ်ခြင်းခံချိန်မှာ ပုံဆောင် ပလ္လင် ရှိပြီ ဖြစ်လို့ ပုံဆောင် ဗိမာန်တော်လည်း စတင် တည်ရှိလာတာ ဖြစ်ရမယ်။ ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်ဟာ ယေရှုရဲ့ ရွေးဖိုးပေါ် အခြေခံတဲ့ စင်ကြယ်တဲ့ ဝတ်ပြုရေး အစီအစဉ်ကို ကိုယ်စားပြုတယ်။—မ. ၃:၁၆၊ ၁၇။ ဟီ. ၅:၄-၆။

ပုံဆောင် ဗိမာန်တော် ရှိလာပြီ ဖြစ်လို့ အဲဒီမှာ အမှုဆောင်မယ့် ပုရောဟိတ်မင်း ရှိရမယ်။ ဒါကြောင့် ယေဟောဝါက ယေရှုကို “သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးပြီး တန်ခိုးပေးတယ်။” (တ. ၁၀:၃၇၊ ၃၈။ မာ. ၁:၉-၁၁) ဒါပေမဲ့ ယေရှု မသေဆုံးခင်၊ မထမြောက်ခင်မှာ ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခံရကြောင်း ကျွန်တော်တို့ ဘယ်လို သိနိုင်သလဲ။ မောရှေပညတ်အောက်မှာ ပုရောဟိတ်မင်းတွေအဖြစ် အမှုဆောင်ခဲ့တဲ့ အာရုန်နဲ့ သူ့ကို ဆက်ခံသူတွေအကြောင်း သုံးသပ်ကြည့်ပါ။

ပညတ်တရားအရ ပုရောဟိတ်မင်းတစ်ယောက်ပဲ အသန့်ရှင်းဆုံးအခန်းထဲ ဝင်ခွင့် ရှိတယ်။ အသန့်ရှင်းဆုံးအခန်းနဲ့ သန့်ရှင်းရာအခန်းကို ကန့်လန်ကာနဲ့ ကာထားတယ်။ အပြစ်ဖြေရာနေ့မှာပဲ ပုရောဟိတ်မင်းက ကန့်လန်ကာကို ဖြတ်ပြီး အထဲကို ဝင်တယ်။ (ဟီ. ၉:၁-၃၊ ၆၊ ၇) အာရုန်နဲ့ သူ့ကို ဆက်ခံသူတွေဟာ တဲတော်ရဲ့ “ကန့်လန့်ကာကို ဖြတ်” မသွားခင် ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခံရပြီးသား ဖြစ်ရမယ်။ အဲဒီလိုပဲ ယေရှုလည်း မသေဆုံးခင်၊ “ကိုယ်ခန္ဓာ” နဲ့တူတဲ့ “ကန့်လန်ကာ” ကို ဖြတ်ပြီး ကောင်းကင်အသက်တာကို မထမြောက်ခင် ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခံရတာ ဖြစ်ရမယ်။ (ဟီ. ၁၀:၂၀) ဒါကြောင့် တမန်တော် ပေါလုက ယေရှုဟာ “ပုရောဟိတ်မင်းအဖြစ်” ရောက်လာပြီး “လူတွေ ဆောက်ထားတာ” မဟုတ်တဲ့၊ “ပိုကြီးမြတ်သာလွန်တဲ့ တဲတော်ထဲ၊” အဲဒီနောက် “ကောင်းကင်” ထဲ ဝင်သွားတယ်လို့ ပြောတာ ဖြစ်တယ်။—ဟီ. ၉:၁၁၊ ၂၄။

ကောင်းကင်ကို ယေရှု တက်သွားပြီး စုံလင်တဲ့ လူ့အသက်ကို ကျွန်တော်တို့အတွက် ဆက်သချိန်မှာ ပဋိညာဉ်သစ်ကို အတည်ပြုပေးတဲ့ အစီအစဉ် စတင်ခဲ့တယ်။ အဲဒီအစီအစဉ်မှာ ဘယ်အချက်တွေ ပါဝင်သလဲ။

ဦးဆုံး၊ ယေဟောဝါရှေ့ ယေရှု အခစား ဝင်တယ်။ ဒုတိယ၊ ပူဇော်သက္ကာတန်ဖိုးကို ယေဟောဝါဆီ ဆက်သတယ်။ တတိယ၊ ယေရှုသွေးရဲ့ တန်ဖိုးကို ယေဟောဝါ လက်ခံတယ်။ အဲဒီအချက်တွေ လုပ်ဆောင်ပြီးမှ ပဋိညာဉ်သစ် အတည်ဖြစ်မှာ။

ယေရှုရဲ့ ပူဇော်သက္ကာတန်ဖိုးကို ယေဟောဝါ ဘယ်အချိန်မှာ လက်ခံသလဲဆိုတာ ကျမ်းစာမှာ အတိအကျ မပြောဘူး။ ဒါကြောင့် ပဋိညာဉ်သစ်ကို ဘယ်အချိန်မှာ အတည်ပြုသလဲဆိုတာ ကျွန်တော်တို့ အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ပင်တေကုတ္တေပွဲ မတိုင်ခင် ဆယ်ရက်အလိုမှာ ယေရှု ကောင်းကင် တက်သွားတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိတယ်။ (တ. ၁:၃) အဲဒီအချိန်တိုအတွင်း တစ်ချိန်ချိန်မှာ ယေရှုက ပူဇော်သက္ကာတန်ဖိုးကို ယေဟောဝါဆီ ဆက်သပြီး ယေဟောဝါကလည်း လက်ခံခဲ့တယ်။ (ဟီ. ၉:၁၂) ပဋိညာဉ်သစ် အစပြုပြီဆိုတဲ့ အထောက်အထားကို ပင်တေကုတ္တေပွဲမှာ အထင်အရှား မြင်ရတယ်။ (တ. ၂:၁-၄၊ ၃၂၊ ၃၃) ပဋိညာဉ်သစ် အတည်ဖြစ်ပြီး စတင် အကျိုးသက်ရောက်နေတာ ထင်ရှားလာပါပြီ။

အချုပ်အားဖြင့်၊ ယေရှုသွေးရဲ့ တန်ဖိုးကို ယေဟောဝါ လက်ခံပြီးနောက်၊ ပဋိညာဉ်သစ်ထဲ ဘိသိက်ခံတွေကို ပါဝင်စေပြီးနောက် ပဋိညာဉ်သစ်ကို အတည်ပြုလိုက်တာ ဖြစ်တယ်။ ဖျန်ဖြေသူအဖြစ် အမှုဆောင်တဲ့ ပုရောဟိတ်မင်း ယေရှုရဲ့ လက်အောက်မှာ ပဋိညာဉ်သစ် စတင်အကျိုးသက်ရောက်လာတယ်။—ဟီ. ၇:၂၅။ ၈:၁-၃၊ ၆။ ၉:၁၃-၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ