ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘ယေဟောဝါရဲ့ တရားစကားက ပျံ့နှံ့သည်ထက် ပျံ့နှံ့လာတယ်’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • တမန်တော် ၁၂:၁-၂၅ ကို အခြေခံ

      ၁-၄။ ဘယ်ခက်ခဲတဲ့ အခြေအနေကို ပေတရု ကြုံတွေ့ရသလဲ။ သင်သာ သူ့နေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ။

      ပေတရုနောက်မှာ သံတံခါးကြီး ဝုန်းခနဲ ပိတ်သွားတယ်။ ရောမ အစောင့်နှစ်ယောက်ရဲ့ အလယ်မှာ ပေတရု လက်ထိတ်တန်းလန်းနဲ့ အကျဉ်းခန်းဆီ ပါသွားတယ်။ နာရီပေါင်းများစွာ၊ ရက်နဲ့ချီ ကြာပြီးနောက် ထင်မထားတာတွေ ကြုံရတော့မယ်။ လောလောဆယ်တော့ ထောင်နံရံ၊ သံတိုင်၊ ချည်နှောင်ထားတဲ့ သံကြိုးတွေနဲ့ အစောင့်တွေကလွဲလို့ ပတ်လည်မှာ ဘာမှ မရှိဘူး။

      ၂ ရက်စက်တဲ့ စီရင်ချက်ကို ပေတရု ကြားလိုက်ရတယ်။ ဟေရုဒ် အဂရိပ္ပမင်း ၁ က ပေတရုကို ကွပ်မျက်ဖို့ ဆုံးဖြတ်ထားတယ်။a ပသခါပွဲပြီးရင် ပေတရုကို လူတွေ လက်ထဲ အပ်လိုက်တော့မယ်။ လူတွေအကြိုက် လိုက်ဖို့ ပေတရုကို သေဒဏ်ပေးတော့မယ်။ ဒါ ခြိမ်းခြောက်ရုံလောက်ပဲ မဟုတ်ဘူး။ ပေတရုရဲ့ လုပ်ဖော်ဆောင်ဖက် တမန်တော် ယာကုပ်တောင် မကြာခင်ကပဲ ဟေရုဒ်မင်းရဲ့ လက်ချက်နဲ့ ကွပ်မျက်ခံလိုက်ရတယ်။

  • ‘ယေဟောဝါရဲ့ တရားစကားက ပျံ့နှံ့သည်ထက် ပျံ့နှံ့လာတယ်’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • ၇၊ ၈။ ပေတရု ထောင်ချခံရတဲ့အခါ အသင်းတော်က ဘာလုပ်ပေးသလဲ။

      ၇ ယာကုပ်ကို ကွပ်မျက်လိုက်လို့ ဟေရုဒ် မျှော်လင့်ထားတဲ့အတိုင်း ဂျူးတွေ ဝမ်းသာနေကြတယ်။ ဟေရုဒ်ရဲ့ နောက်ပစ်မှတ်ကတော့ ပေတရုပဲ။ ဒီအခန်းရဲ့ အစပိုင်းမှာ ပါတဲ့အတိုင်း ပေတရုကို ဖမ်းထားတယ်။ ဒါပေမဲ့ အခန်း ၅ မှာ ဖော်ပြသလို တမန်တော်တွေကို ထောင်ထဲ ထည့်ထားလည်း သိပ်မထူးမှန်း ဟေရုဒ် တွေးမိမှာပဲ။ ဒီတစ်ခါတော့ ပေတရု လွတ်မသွားအောင် အစောင့်နှစ်ယောက်ကြားမှာ သံကြိုးနဲ့ ချည်ထားတယ်။ အစောင့် ၁၆ ယောက်ကို နေ့ရောညပါ အလှည့်ကျ စောင့်ကြပ်စေတယ်။ ပေတရု လွတ်သွားရင်တော့ အစောင့်တွေ သေဒဏ်ခံရမှာ ဖြစ်တယ်။ ဒီလိုအန္တရာယ်များတဲ့ အခြေအနေမျိုးမှာ ညီအစ်ကို/မတွေ ဘာလုပ်ပေးနိုင်မလဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ