ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • စောင့်နေခြင်းနဲ့ ပတ်သက်ပြီး ယေရှုရဲ့တမန်တော်တွေထံကနေ သင်ယူပါ
    ကင်းမျှော်စင်—၂၀၁၂ | ဇန်နဝါရီ ၁၅
    • ၁၁၊ ၁၂။ ပေတရုအပါအဝင် ခရစ်ယာန်တွေကို ဟေရုဒ် ဘာကြောင့် ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တာလဲ။ ဟေရုဒ် ဘာလုပ်ခဲ့သလဲ။

      ၁၁ ဂေသရှေမန်ဥယျာဉ်မှာ ယေရှုပြောခဲ့တဲ့ ဒီစကားတွေကို ပေတရုကြားခဲ့တယ်။ တခြားသူတွေရဲ့ဆုတောင်းချက်တွေက ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို နောက်ပိုင်းမှာ ပေတရု သိခဲ့ရတယ်။ (တမန်တော် ၁၂:၁-၆ ကိုဖတ်ပါ။) တမန်တော်ကျမ်း အခန်းကြီး ၁၂ ရဲ့ အစပိုင်းအခန်းငယ်တွေမှာ ဟေရုဒ်ဟာ ဂျူးတွေရဲ့အကြိုက်ကိုလိုက်ပြီး ခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့တယ်။ ယာကုပ်ဟာ ယေရှုနဲ့အရမ်းရင်းနှီးတဲ့ တမန်တော်တစ်ဦးဖြစ်တယ်ဆိုတာ ဟေရုဒ် သိခဲ့မှာပဲ။ ဒါကြောင့် ဟေရုဒ်ဟာ ယာကုပ်ကို “ဓားနှင့်ကွပ်မျက်” ခဲ့တယ်။ (အခန်းငယ် ၂) အသင်းတော်က ယာကုပ်ကို အရမ်းချစ်တဲ့အတွက် ဒါက သူတို့အတွက် ကြီးမားတဲ့စမ်းသပ်မှုကြီး ဖြစ်တယ်။

  • စောင့်နေခြင်းနဲ့ ပတ်သက်ပြီး ယေရှုရဲ့တမန်တော်တွေထံကနေ သင်ယူပါ
    ကင်းမျှော်စင်—၂၀၁၂ | ဇန်နဝါရီ ၁၅
    • ၁၃၊ ၁၄။ (က) ပေတရုထောင်ကျနေချိန်မှာ အသင်းတော် ဘာလုပ်ခဲ့သလဲ။ (ခ) အသင်းတော်ရဲ့လုပ်ဆောင်ချက်ကနေ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

      ၁၃ ဘာလုပ်ရမယ်ဆိုတာကို အသင်းတော်က သိခဲ့တယ်။ အခန်းငယ် ၅ မှာ ဒီလိုဖော်ပြထားတယ်– “ပေတရုသည် ထောင်ထဲ၌ အကျဉ်းကျနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းပေးလျက်နေ၏။” သူတို့က ပေတရုအတွက် နှလုံးပါပါ၊ စိတ်အားထက်သန်စွာ မပြတ်ဆုတောင်းပြီး ဘုရားသခင်ထံ အသနားခံခဲ့ကြတယ်။ ယာကုပ်သေဆုံးသွားလို့ သူတို့စိတ်မပျက်ခဲ့သလို ဆုတောင်းလည်း မထူးပါဘူးဆိုတဲ့ ခံစားချက်မျိုးလည်း သူတို့မှာမရှိခဲ့ဘူး။ အဲဒီအစား တည်ကြည်သူတွေရဲ့ဆုတောင်းချက်တွေက ယေဟောဝါရှေ့အဖိုးထိုက်တယ်ဆိုတာ သူတို့သိခဲ့ကြတယ်။ ဒီဆုတောင်းချက်တွေက ကိုယ်တော့်အလိုတော်နဲ့ညီရင် ဖြေကြားခံရမှာဖြစ်တယ်။—ဟေဗြဲ ၁၃:၁၈၊ ၁၉; ယာ. ၅:၁၆။

      ၁၄ အသင်းတော် လုပ်ဆောင်ခဲ့ရာနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ဒီကနေသိရတာက ကျွန်ုပ်တို့ ဆက်စောင့်နေချင်တယ်ဆိုရင် ကျွန်ုပ်တို့ကိုယ်တိုင်အတွက်သာမက ကျွန်ုပ်တို့ရဲ့ညီအစ်ကို၊ ညီအစ်မတွေအတွက်လည်း ဆုတောင်းပေးဖို့လိုတယ်။ (ဧ. ၆:၁၈) အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ခံရပ်နေရတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို သင် သိပါသလား။ တချို့က နှိပ်စက်ညှဉ်းပန်းမှု ဒါမှမဟုတ် သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်နိုင်တယ်။ တချို့က ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံထားရတဲ့နိုင်ငံတွေမှာ နေထိုင်ကြရတယ်။ ဒီညီအစ်ကို၊ ညီအစ်မတွေအတွက် ထက်ထက်သန်သန် ဆုတောင်းပေးသင့်တယ်။ လူမမြင်နိုင်တဲ့အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ တခြားသူတွေကိုလည်း သင်သိနိုင်တယ်၊ သူတို့တွေက မိသားစုအခက်အခဲတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ ဒါမှမဟုတ် ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်နိုင်တယ်။ “ဆုတောင်းချက်ကို နားထောင်တဲ့အရှင်” ယေဟောဝါထံ သင်ဆုတောင်းတဲ့အခါ သူတို့တစ်ဦးချင်းစီရဲ့ နာမည်ကိုထည့်ပြီး ဆုတောင်းပေးသင့်တယ်။—ဆာ. ၆၅:၂။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ