ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၇
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်များကား မည်သူတို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၇
ကောင်းကင်တမန်တွေ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုနေh

ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ

သမ္မာကျမ်းစာဖြေဆိုရာ

ကောင်းကင်တမန်တွေဆိုတာ လူသားတွေထက် တန်ခိုးကြီးပြီး အစွမ်းပိုထက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ (၂ ပေတရု ၂:၁၁) သူတို့ဟာ ကောင်းကင်ဘုံ ဒါမှမဟုတ် နာမ်ဝိညာဉ်ဘုံမှာ နေထိုင်ကြပြီး အဲဒီနေရာဟာ စကြဝဠာကြီးရဲ့အထက်မှာ တည်ရှိတယ်။ (၃ ဓမ္မရာဇဝင် ၈:၂၇။ ယောဟန် ၆:၃၈) ဒါကြောင့် သူတို့ကို ဝိညာဉ်သတ္တဝါတွေလို့လည်း ခေါ်ထားတယ်။​—၃ ဓမ္မရာဇဝင် ၂၂:၂၁။ ဆာလံ ၁၈:၁၀။

ကောင်းကင်တမန်တွေ ဘယ်လို ဖြစ်လာတာလဲ

ဘုရားသခင်ဟာ “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” ဖြစ်တဲ့ ယေရှုကိုသုံးပြီး ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်- “ကောင်းကင်နှင့် မြေကြီးပေါ်တွင် ရှိသမျှသော မြင်နိုင်သည့်အရာ၊ မမြင်နိုင်သည့်အရာ [ကောင်းကင်တမန်တွေလည်းပါ] ခပ်သိမ်းသည် ကိုယ်တော် [ယေရှု] အားဖြင့် ဖန်ဆင်းခံကြရ၏။” (ကောလောသဲ ၁:​၁၃-၁၇) ကောင်းကင်တမန်တွေဟာ အိမ်ထောင်သားမွေးတဲ့အလုပ် မလုပ်ကြဘူး။ (မာကု ၁၂:၂၅) သူတို့တစ်ဦးချင်းစီကို ဖန်ဆင်းခဲ့တာဖြစ်လို့ ‘ဘုရားသခင်ရဲ့သားတွေ’ လို့ ခေါ်တယ်။​—ယောဘ ၁:၆။

ကမ္ဘာမြေကြီး မတည်ရှိမီ ဟိုးအရင်ကတည်းက ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တာဖြစ်တယ်။ မြေကြီးကို ဖန်ဆင်းချိန်မှာ ကောင်းကင်တမန်တွေဟာ ‘ဝမ်းမြောက်ပြီး ကြွေးကြော်ခဲ့ကြတယ်။’​—ယောဘ ၃၈:​၄-၇။

ကောင်းကင်တမန် ဘယ်လောက်များများ ရှိသလဲ

ကျမ်းစာမှာ အရေအတွက် အတိအကျ မဖော်ပြထားပေမဲ့ အများကြီးရှိတယ်ဆိုတာ သိရတယ်။ ဥပမာ၊ တမန်တော်ယောဟန် မြင်ခဲ့တဲ့ စိတ်အာရုံမှာ အထောင်အသောင်းမက အတိုင်းမသိများတဲ့ ကောင်းကင်တမန်တွေကို သူတွေ့မြင်ခဲ့တယ်။​—ဗျာဒိတ် ၅:၁၁။

ကောင်းကင်တမန်တစ်ပါးစီမှာ နာမည်၊ ကိုယ်ရည်ကိုယ်သွေးတွေ ရှိသလား

ရှိပါတယ်။ ကျမ်းစာထဲမှာ ကောင်းကင်တမန် နှစ်ပါးရဲ့နာမည်၊ မိက္ခေလနဲ့ ဂါဗြေလ ဆိုပြီး ဖော်ပြထားတယ်။ (ဒံယေလ ၁၂:၁။ လုကာ ၁:​၂၆)a တခြားကောင်းကင်တမန်တွေမှာ နာမည်ရှိပေမဲ့ ထုတ်ဖော် မပြောကြဘူး။​—ကမ္ဘာဦး ၃၂:၂၉။ တရားသူကြီး ၁၃:​၁၇၊ ၁၈။

ကောင်းကင်တမန်တွေမှာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြတယ်။ အချင်းချင်း ပြောဆိုဆက်သွယ်နိုင်ကြတယ်။ (၁ ကောရိန္သု ၁၃:၁) တွေးတောဆင်ခြင်နိုင်စွမ်း၊ ဘုရားသခင်ကို ချီးမွမ်းသီချင်း စပ်ဆိုနိုင်စွမ်း ရှိကြတယ်။ (လုကာ ၂:​၁၃၊ ၁၄) ကောင်းကင်တမန်တချို့ဟာ ဘုရားကိုပုန်ကန်သူ စာတန်မာရ်နတ်နဲ့ ပူးပေါင်းသွားကြတာကို ကြည့်ရင် သူတို့မှာ အကောင်းအဆိုးကို လွတ်လပ်စွာ ရွေးချယ်ခွင့်လည်း ရှိကြတယ်။​—မဿဲ ၂၅:၄၁။ ၂ ပေတရု ၂:၄။

ကောင်းကင်တမန်တွေကို အမျိုးအစား ခွဲထားတာမျိုး ရှိသလား

ရှိတယ်။ ကောင်းကင်တမန်တွေထဲမှာ တန်ခိုးအာဏာအကြီးဆုံးက ကောင်းကင်တမန်မင်း မိက္ခေလဖြစ်တယ်။ (ယုဒ ၉။ ဗျာဒိတ် ၁၂:၇) ယေဟောဝါရဲ့ပလ္လင်ပတ်လည်မှာနေတဲ့ သရပ်တွေဟာ အဆင့်မြင့် ကောင်းကင်တမန်တွေဖြစ်တယ်။ (ဟေရှာယ ၆:​၂၊ ၆) ခေရုဗိမ်လို့ခေါ်တဲ့ နောက်ထပ်အဆင့်မြင့် ကောင်းကင်တမန်တွေမှာ အထူးတာဝန်တွေရှိကြတယ်။ ဥပမာ၊ အာဒံနဲ့ဧဝကို ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်လိုက်ပြီးနောက် ဥယျာဉ်ထဲ ပြန်မဝင်နိုင်ဖို့ အဝင်ဝမှာ ခေရုဗိမ်တွေကို စောင့်ကြပ်စေခဲ့တယ်။​—ကမ္ဘာဦး ၃:​၂၃-၂၄။

ဧဒင်ဥယျာဉ် အဝင်ဝကို ခေရုဗိမ်တွေ စောင့်ကြပ်နေ

ကောင်းကင်တမန်တွေက လူတွေကို ကူညီပေးသလား

ကူညီပေးပါတယ်။ ဒီနေ့အချိန်မှာ ဘုရားသခင်က လူတွေကို ကူညီပေးဖို့ ကောင်းကင်တမန်တွေကို အသုံးပြုတယ်။

  • ဘုရားနိုင်ငံတော်သတင်းကောင်း ဟောနေတဲ့ ကျေးကျွန်တွေကို ဦးဆောင်ဖို့ ကောင်းကင်တမန်တွေကို ဘုရားအသုံးပြုတယ်။ (ဗျာဒိတ် ၁၄:​၆၊ ၇) အဲဒီလိုဦးဆောင်ပေးလို့ ဟောတဲ့သူရော၊ သတင်းကောင်း ကြားတဲ့သူတွေပါ အကျိုးခံစားကြရတယ်။​—တမန်တော် ၈:​၂၆၊ ၂၇။

  • ဆိုးညစ်သူတွေကြောင့် ခရစ်ယာန်အသင်းတော် ညစ်ညမ်းတာမျိုးမဖြစ်အောင် ကောင်းကင်တမန်တွေ ကာကွယ်ပေးနေကြတယ်။​—မဿဲ ၁၃:၄၉။

  • ဘုရားသခင်အပေါ် သစ္စာရှိသူတွေကို ကောင်းကင်တမန်တွေ ကာကွယ်၊ လမ်းပြပေးနေကြတယ်။​—ဆာလံ ၃၄:၇။ ၉၁:၁၀၊ ၁၁။ ဟေဗြဲ ၁:​၇၊ ၁၄။

  • မကြာခင်မှာ ယေရှုခရစ်နဲ့အတူ ကောင်းကင်တမန်တွေဟာ လူသားတွေ သက်သာရာရဖို့ ဆိုးသွမ်းမှု ပပျောက်သွားအောင် လုပ်ပေးတော့မယ်။​—၂ သက်သာလောနိတ် ၁:​၆-၈။

လူတစ်ယောက်စီမှာ ကိုယ်စောင့်ကောင်းကင်တမန်တစ်ပါး ရှိသလား

ကောင်းကင်တမန်တွေဟာ ဘုရားသခင့်ကျေးကျွန်တွေကို ကာကွယ်ပေးတာမှန်ပေမဲ့ ခရစ်ယာန်တစ်ယောက်စီအတွက် ကိုယ်စောင့်ကောင်းကင်တမန်တစ်ပါး ထားပေးတယ်လို့ မဆိုလိုပါဘူး။b (မဿဲ ၁၈:၁၀) ဘုရားကျေးကျွန်တွေ သွေးဆောင်မှု လုံးဝမခံစားရအောင် ကောင်းကင်တမန်တွေ မကာကွယ်ပေးဘူး။ သွေးဆောင်မှုတွေ ကြုံနေရတဲ့အခါ ဘုရားသခင်က လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခံနိုင်ရည်ပေးပြီး “လွတ်မြောက်ရာလမ်း ပြင်ဆင်” ပေးတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။​—၁ ကောရိန္သု ၁၀:၁၂၊ ၁၃။ ယာကုပ် ၁:​၂-၅။

ကောင်းကင်တမန်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

အမှား- ကောင်းကင်တမန်အားလုံး ကောင်းကြတယ်။

အမှန်- သမ္မာကျမ်းစာမှာ “နတ်ဆိုးများ၊” “ပြစ်မှားသော ကောင်းကင်တမန်များ” ရှိတယ်လို့ ဖော်ပြထားပါတယ်။ (ဧဖက် ၆:​၁၂။ ၂ ပေတရု ၂:၄) ကောင်းကင်တမန်ဆိုးတွေဟာ ဘုရားသခင်ကို ပုန်ကန်သူ စာတန် မာရ်နတ်နဲ့ ပူးပေါင်းသွားကြတဲ့ နတ်ဆိုးတွေ ဖြစ်တယ်။

အမှား- ကောင်းကင်တမန်တွေဟာ မသေနိုင်ဘူး။

အမှန်- စာတန် မာရ်နတ် အပါအဝင် ကောင်းကင်တမန်ဆိုးတွေ ဖျက်ဆီးခံရမှာဖြစ်တယ်။​—ယုဒ ၆။

အမှား- လူသေတဲ့အခါ ကောင်းကင်တမန်တွေ ဖြစ်သွားတယ်။

အမှန်- ကောင်းကင်တမန်တွေကို ဘုရားသခင် သီးသန့်ဖန်ဆင်းခဲ့တာဖြစ်တယ်။ လူသေပြီး ကောင်းကင်တမန် ဖြစ်သွားတာမဟုတ်ဘူး။ (ကောလောသဲ ၁:​၁၆) လူ့အသက်တာကနေ ကောင်းကင်ကို ထမြောက်သွားသူတွေဟာ ဘုရားသခင်ဆီကနေ မသေနိုင်တဲ့အဖြစ်ကို ဆုအဖြစ် ရကြတယ်။ (၁ ကောရိန္သု ၁၅:၅၃-၅၄) သူတို့တွေဟာ ကောင်းကင်တမန်တွေထက် အဆင့်ပိုမြင့်ကြမှာဖြစ်တယ်။​—၁ ကောရိန္သု ၆:၃။

အမှား- ကောင်းကင်တမန်တွေဟာ လူတွေကို အစေခံရတယ်။

အမှန်- ကောင်းကင်တမန်တွေဟာ ဘုရားရဲ့အစေခံတွေဖြစ်တယ်၊ လူတွေရဲ့ အစေခံမဟုတ်ဘူး။ (ဆာလံ ၁၀၃:၂၀၊ ၂၁) ယေရှုက ကောင်းကင်တမန်တွေကို တိုက်ရိုက် အကူအညီတောင်းမယ့်အစား ဘုရားဆီကတစ်ဆင့်ပဲ တောင်းခံနိုင်တယ်လို့ ပြောခဲ့တယ်။​—မဿဲ ၂၆:၅၃။

အမှား- အကူအညီပေးဖို့ ကောင်ကင်တမန်တွေဆီ ဆုတောင်းနိုင်တယ်။

အမှန်- ယေဟောဝါ တစ်ပါးတည်းကိုပဲ ဆုတောင်းသင့်တယ်။ အဲဒါက ဝတ်ပြုရေးရဲ့ အပိုင်းကဏ္ဍတစ်ခု ဖြစ်တယ်။ (ဗျာဒိတ် ၁၉:၁၀) ယေရှုကတစ်ဆင့် ဆုတောင်းရမှာဖြစ်တယ်။​—ယောဟန် ၁၄:၆။

a တချို့ဘာသာပြန်ကျမ်းတွေရဲ့ ဟေရှာယ ၁၄:၁၂ မှာ “လူစီဖာ” ဆိုတဲ့ အသုံးအနှုန်းကို တွေ့ရပြီး စာတန်မာရ်နတ် ဖြစ်လာတဲ့ ကောင်းကင်တမန်ရဲ့ နာမည်လို့ တချို့ ယူမှတ်ကြတယ်။ ဒါပေမဲ့၊ အဲဒါရဲ့ မူရင်းဟေဗြဲစကားလုံးက “ထွန်းလင်းသူ” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အထက်အောက်စကားတွေအရ အဲဒီအသုံးအနှုန်းက စာတန်ကို ပြောတာမဟုတ်ဘဲ မာနထောင်လွှားနေတဲ့အတွက် ဘုရားသခင် နှိမ့်ချတော့မှာဖြစ်တဲ့ ဗာဗုလုန်မင်းဆက်ကို ပြောနေတာဖြစ်တယ်။ (ဟေရှာယ ၁၄:​၄၊ ၁၃-​၂၀) ဗာဗုလုန်မင်းဆက် ကျရှုံးပြီးနောက် သူ့ကို “ထွန်းလင်းသူ” လို့ ခနဲ့ပြီး ခေါ်ထားတာဖြစ်တယ်။

b တချို့က ထောင်ကနေ ပေတရု လွတ်လာတဲ့ ကျမ်းစာမှတ်တမ်းကိုဖတ်ပြီး တစ်ယောက်စီမှာ ကိုယ်စောင့် ကောင်းကင်တမန်ရှိရမယ်လို့ ထင်ကြတယ်။ (တမန်တော် ၁၂:​၆-၁၆) တပည့်တွေက “သူ [ပေတရု] ၏ ကောင်းကင်တမန်” ရောက်နေတယ်လို့ ပြောလိုက်တော့ ပေတရုမဟုတ်ဘဲ သူ့ကိုယ်စား ကောင်းကင်တမန် လာတယ်လို့ အထင်မှားတာ ဖြစ်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ