ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • ၅။ ဆိုက်ပရပ်ကျွန်းပေါ် သက်သေခံရတာ ဘယ်လိုပုံစံလဲ။ ရှင်းပြပါ။

      ၅ အန္တိအုတ်မြို့နားက သေလုကိ ဆိပ်ကမ်းမြို့ကို ခြေကျင်သွားပြီးနောက် မိုင် ၁၂၀ လောက် ဝေးတဲ့ ဆိုက်ပရပ်ကျွန်းကို ဗာနဗနဲ့ ရှောလု ရွက်လွှင့်ကြတယ်။d ဆိုက်ပရပ်ကျွန်းသား ဗာနဗဟာ ဇာတိမြေမှာ သတင်းကောင်း သွားဟောချင်စိတ် ပြင်းပြနေမှာ သေချာတယ်။ ဆိုက်ပရပ်ကျွန်းရဲ့ အရှေ့ဘက်ကမ်းခြေ ရှာလမိမြို့ကို ရောက်တော့ အချိန်ဖြုန်းမနေဘဲ ချက်ချင်း “ဂျူးတရားဇရပ်တွေမှာ ဘုရားသခင်ရဲ့ တရားစကားအကြောင်း ဟောပြောကြတယ်။”e (တ. ၁၃:၅) ဆိုက်ပရပ်ကျွန်းအနှံ့ သွားပြီး လမ်းတစ်လျှောက် မြို့တွေမှာ သက်သေခံကြတယ်။ မိုင် ၁၀၀ လောက် ခြေကျင် လျှောက်ခဲ့ကြတာ။

      ဂျူးတရားဇရပ်များ

      “တရားဇရပ်” ဆိုတာ “အတူတကွ စုဝေးခြင်း” လို့ အဓိပ္ပာယ်ရှိတယ်။ ဂျူးလူစုလူဝေး၊ ဂျူးအသင်းတော်ကို ဆိုလိုပြီး နောက်ပိုင်းမှာ အစည်းအဝေး ကျင်းပတဲ့နေရာ၊ အဆောက်အအုံကို ဆိုလိုလာတယ်။

      ဗာဗုလုန်မှာ ဂျူးတွေ အနှစ် ၇၀ ကျွန်ခံချိန်အတွင်း ဒါမှမဟုတ် ပြီးပြီးချင်း တရားဇရပ်တွေကို ဆောက်ခဲ့တယ်လို့ ယူဆကြတယ်။ တရားဇရပ်တွေဟာ သွန်သင်ချက်တွေ ပေးတဲ့၊ ဝတ်ပြုတဲ့၊ ကျမ်းစာဖတ်တဲ့၊ တိုက်တွန်းနှိုးဆော်တဲ့ နေရာ ဖြစ်တယ်။ ပထမရာစု၊ ပါလက်စတိုင်း မြို့အားလုံးမှာ တရားဇရပ်တွေ ရှိတယ်။ မြို့ကြီးတွေမှာ တရားဇရပ် တစ်ခုမက ရှိတယ်။ ဂျေရုဆလင်မြို့မှာ တရားဇရပ်များစွာ ရှိတယ်။

      ဒါပေမဲ့ ဗာဗုလုန် သုံ့ပန်းဘဝပြီးနောက် ဂျူးအားလုံး ပါလက်စတိုင်းကို ပြန်သွားကြတာ မဟုတ်ဘူး။ အလုပ်ကိစ္စနဲ့ တခြားတိုင်းပြည်ကို ခရီးသွားသူ များစွာလည်း ရှိတယ်။ ဘီစီ ငါးရာစုကတည်းက ပါရှန်းအင်ပါယာ စီရင်စု ၁၂၇ ခုမှာ ဂျူးရပ်ကွက်တွေ ရှိနှင့်နေပြီ။ (ဧသ. ၁:၁။ ၃:၈) အတန်ကြာတဲ့အခါ မြေထဲပင်လယ်ဝန်းကျင်က မြို့အားလုံးမှာ ဂျူးရပ်ကွက်တွေ ရှိနေပြီ။ အရပ်ရပ် ကွဲလွင့်နေတဲ့ အဲဒီဂျူးတွေဟာ ရောက်လေရာ အရပ်မှာ တရားဇရပ်တွေ ဆောက်ကြတယ်။

      တရားဇရပ်တွေမှာ ဥပုသ်နေ့တိုင်း ပညတ်တရားကို စင်မြင့်ပေါ်ကနေ ဖတ်ရွတ်ပြီး ရှင်းပြတယ်။ စင်မြင့်ပတ်လည် သုံးဘက်သုံးတန်မှာ ထိုင်ခုံတွေ ရှိတယ်။ ဘာသာတရား ကိုင်းရှိုင်းတဲ့ ဂျူးအမျိုးသားတိုင်း ဖတ်ရှုတာ၊ ဟောပြောတာ၊ တိုက်တွန်းနှိုးဆော်တာတွေ လုပ်နိုင်တယ်။

  • “သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
    • d ပထမရာစုမှာ သင်္ဘောတစ်စင်းဟာ လေသင့်တယ်ဆိုရင် တစ်နေ့ကို မိုင်တစ်ရာလောက် ခရီးပေါက်နိုင်တယ်။ ရာသီဥတု မကောင်းရင်တော့ ခရီးစဉ် ကြန့်ကြာနိုင်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ