-
“ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်”ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
-
-
၉။ ယာကုပ်ရဲ့ အကြံပြုချက်ကြောင့် ဘာအကျိုးတွေ ရသလဲ။
၉ တမန်တော်တွေ၊ အကြီးအကဲတွေ လက်ခံကြတာကို ကြည့်ရင် ယာကုပ်ရဲ့ အကြံပြုချက် သိပ်ကောင်းတာ သေချာတယ်။ ဒီအကြံပြုချက်ကြောင့် ဘာအကျိုးတွေ ရသလဲ။ လူမျိုးခြား ခရစ်ယာန်တွေ မောရှေပညတ် လိုက်စရာ မလိုလို့ အခက်မတွေ့ကြတော့ဘူး။ (တ. ၁၅:၁၉) ဒါ့အပြင် နှစ်တွေတစ်လျှောက် ‘မောရှေပညတ်ကျမ်းကို ဥပုသ်နေ့တိုင်း တရားဇရပ်တွေမှာ အသံကျယ်ကျယ် ဖတ်ပြ’ တာ ကြားခဲ့ရတဲ့ ဂျူးခရစ်ယာန်တွေရဲ့ သိစိတ်ကိုလည်း လေးစားရာ ရောက်တယ်။b (တ. ၁၅:၂၁) ဒါကြောင့် ဂျူးနဲ့ လူမျိုးခြား ခရစ်ယာန်တွေ နှောင်ကြိုး ပိုခိုင်မြဲလာတယ်။ မိမိရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အတွက် ယေဟောဝါဘုရားလည်း နှစ်သက်တယ်။ ဘုရားလူမျိုးရဲ့ စည်းလုံးငြိမ်သက်မှုကို ထိပါးလာနိုင်တဲ့ ပြဿနာကို ကောင်းကောင်း ဖြေရှင်းလိုက်တာပဲ။ ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော်အတွက် သိပ်ကောင်းတဲ့ စံနမူနာပါပဲ။
-
-
“ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်”ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
-
-
b မောရှေရဲ့ ရေးသားချက်တွေကို ယာကုပ် ပညာသားပါပါ ကိုးကားတယ်။ မောရှေရဲ့ ရေးသားချက်ထဲမှာ ပညတ်တရား ပါတယ်။ ပညတ်တရား မရှိခင်ကတည်းက လူတွေနဲ့ပတ်သက်ပြီး ဘုရား ဘာအလိုရှိတယ်ဆိုတာ ဖော်ပြတဲ့ မှတ်တမ်းတွေ ပါတယ်။ ဥပမာ၊ သွေး၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ရုပ်တု ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ဘုရားအမြင်ကို ကမ္ဘာဦးကျမ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (က. ၉:၃၊ ၄။ ၂၀:၂-၉။ ၃၅:၂၊ ၄) ဒီနည်းနဲ့ ဂျူးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ လူအားလုံး လိုက်နာရမယ့် မူတွေကို ယေဟောဝါ ဖော်ပြခဲ့တယ်။
-