ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၉
  • သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • သွေးအပိုင်းအစတွေနဲ့ ခွဲစိတ်ကုသနည်းတွေ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အသက်ရှင်တော်မူသော ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၉
သင်ခန်းစာ ၃၉။ သွေးကြောထဲ အဏုကြည့်မှန်ပြောင်းနဲ့ မြင်ရပုံ။

သင်ခန်းစာ ၃၉

သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

သွေးဟာ အလွန်အရေးပါတယ်။ သွေးမရှိဘဲ အသက်မရှင်နိုင်ဘူး။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်လို့ သွေးကို ဘယ်လိုသုံးသင့်သလဲဆိုတာ ပြောပိုင်ခွင့် ရှိတယ်။ သွေးနဲ့ပတ်သက်ပြီး ဘုရား ဘာပြောထားသလဲ။ သွေးစားလို့ ရသလား။ သွေးသွင်းလို့ ရသလား။ ဒီကိစ္စမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဘယ်လို ချနိုင်မလဲ။

၁။ သွေးကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

ယေဟောဝါက ရှေးခေတ် မိမိရဲ့လူမျိုးကို “သတ္တဝါတိုင်းမှာ အသက်ဟာ သွေးပဲ” လို့ ပြောတယ်။ (ဝတ်ပြုရာ ၁၇:၁၄) ယေဟောဝါအမြင်မှာ သွေးဟာ အသက်ကို ကိုယ်စားပြုတယ်။ အသက်ဟာ မြင့်မြတ်တယ်၊ ဘုရားပေးလက်ဆောင် ဖြစ်တယ်။ ဒါကြောင့် သွေးကလည်း မြင့်မြတ်တယ်။

၂။ သွေးနဲ့ပတ်သက်ပြီး ဘုရား ဘာကို တားမြစ်ထားသလဲ။

ယေဟောဝါက ခရစ်ယာန်ခေတ်မတိုင်ခင် မိမိလူမျိုးကို သွေးမစားဖို့ မိန့်မှာတယ်။ (ကမ္ဘာဦး ၉:၄ နဲ့ ဝတ်ပြုရာ ၁၇:၁၀ တို့ကို ဖတ်ပါ။) ‘သွေးကို အမြဲရှောင်ကြဉ်ကြပါ’ ဆိုပြီး ခရစ်ယာန်တွေကို အုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်ချိန်မှာ ဒီမိန့်မှာချက်ကို ဘုရား ထပ်အတည်ပြုတယ်။​—တမန်တော် ၁၅:​၂၈၊ ၂၉ ကို ဖတ်ပါ။

သွေးကို ရှောင်ပါဆိုတာ ဘာကို ဆိုလိုသလဲ။ အရက်ရှောင်ပါလို့ သင့်ကို ဆရာဝန် ပြောရင် အရက်သောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အရက်ပါတဲ့ အစားအစာကို စားမလား။ အရက်ကို သွေးကြောထဲ သွင်းမလား။ လုံးဝ လုပ်မှာမဟုတ်ဘူး။ အလားတူပဲ။ သွေးကို ရှောင်ပါလို့ တားမြစ်တာက သွေးကို မသောက်ရ၊ သွေးမထုတ်ထားတဲ့အသားကို မစားရဆိုတဲ့သဘောပဲ။ သွေးပါတဲ့ ဘယ်အစားအစာကိုမှ မစားသင့်ဘူး။

သွေးကို ဆေးကုသရာမှာ သုံးရင်ကော။ တချို့ကုသနည်းတွေက ဘုရားပညတ်နဲ့ လုံးဝ ဆန့်ကျင်တယ်။ သွေးသွင်းတာ၊ အဓိကအစိတ်အပိုင်း လေးမျိုးဖြစ်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည် သွင်းတာတို့ ပါဝင်တယ်။ ကုသနည်းတချို့က ဘုရားပညတ်ကို သိသိသာသာ ချိုးဖောက်တာ ဟုတ်ချင်မှ ဟုတ်မယ်။ ဥပမာ၊ အဓိက သွေးအစိတ်အပိုင်းတစ်ခုရဲ့ အပိုင်းအစတွေကို သုံးတဲ့ ကုသနည်း ရှိတယ်။ ကိုယ့်သွေးကို ပြန်သွင်းတဲ့ ကုသနည်းလည်း ရှိတယ်။ ဘယ်ကုသနည်းကို လက်ခံမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။a​—ဂလာတိ ၆:၅။

ရှာဖွေလေ တွေ့ရှိလေ

သွေးပါတဲ့ ကုသနည်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ပုံကို လေ့လာပါ။

၃။ ဆေးကုသရာမှာ ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက် ချပါ

ဆေးကုသရာမှာ ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက် ဘယ်လို ချနိုင်မလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ အရေးကြီးအဆင့်တွေကို ဆွေးနွေးပါ။

ဗီဒီယို။ သွေးနဲ့ပတ်သက်တဲ့ ကုသမှုမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ (၅:၄၇)

  • ဉာဏ်ပညာရဖို့ ဆုတောင်းပါ။​—ယာကုပ် ၁:၅။

  • ကျမ်းစာမူတွေ၊ သက်ဆိုင်ပုံတွေကို ရှာဖွေလေ့လာပါ။​—ပညာအလိမ္မာ ၁၃:၁၆။

  • ကိုယ့်ဒေသမှာ ဘယ်ကုသနည်းတွေ ရနိုင်သေးသလဲ ရှာဖွေပါ။

  • ဘယ်ကုသနည်းကို လုံးဝ လက်မခံသလဲ သိထားပါ။

  • အမှားအမှန်သိစိတ် ကြည်လင်စေမယ့် ဆုံးဖြတ်ချက်ပဲ ချပါ။​—တမန်တော် ၂၄:၁၆။b

  • အမှားအမှန်သိစိတ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို အကြီးအကဲ၊ ကျမ်းစာသင်ပေးတဲ့သူ၊ အိမ်ထောင်ဖက်ကတောင် ဝင်မစွက်သင့်ဘူး။​—ရောမ ၁၄:၁၂။

  • ကိုယ့်ဆုံးဖြတ်ချက်ကို ချရေးထားပါ။

ပုံ။ လူတစ်ဦး ဆေးကုသဖို့ ဆုံးဖြတ်ချက်ချနေ။ ၁။ သူ ဆုတောင်းနေ။ ၂။ ကျမ်းစာ၊ ကျမ်းစာအခြေပြုစာပေ၊ တက်ဘလက်တို့ကို သုံးပြီး ရှာဖွေလေ့လာနေ။ ၃။ ဆရာဝန်နဲ့ စကားပြောနေ။

၄။ အကောင်းဆုံး ကုသမှုကို ယေဟောဝါသက်သေများ ရှာဖွေကြ

သွေးနဲ့ပတ်သက်တဲ့ ဘုရားပညတ်ကို လိုက်နာပြီး အကောင်းဆုံး သွေးမဲ့ကုသမှုကို ခံယူနိုင်ပါတယ်။ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ ပါမောက္ခ မက်စီမို ဖရန်ချီနဲ့ လူတွေ့မေးမြန်းခန်း (၁:၃၆)

တိတု ၃:၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဆေးပညာရှင်တွေနဲ့ စကားပြောတဲ့အခါ ဘာကြောင့် လေးစားမှု၊ နူးညံ့သိမ်မွေ့မှု ရှိသင့်သလဲ။

စမ်းသပ်ဖန်ပြွန်မှာ သွေးရဲ့ အဓိကအစိတ်အပိုင်းလေးမျိုးကို ခွဲခြားထားပြီး က၊ ခ၊ ဂ၊ ဃ ဆိုပြီး နာမည်တပ်ထား။

လက်မခံနိုင်စရာ

ခရစ်ယာန်တွေ ဆုံးဖြတ်စရာ

က။ သွေးရည်ကြည်

သွေးရည်ကြည်မှ အပိုင်းအစများ

ခ။ သွေးဖြူဥ

သွေးဖြူဥမှ အပိုင်းအစများ

ဂ။ သွေးဥမွှား

သွေးဥမွှားမှ အပိုင်းအစများ

ဃ။ သွေးနီဥ

သွေးနီဥမှ အပိုင်းအစများ

၅။ သွေးအပိုင်းအစ ပါဝင်တဲ့ ကုသမှုများ

သွေးမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်ဆိုတဲ့ အဓိကအစိတ်အပိုင်း လေးခု ရှိတယ်။ ဒီအစိတ်အပိုင်းတွေမှာ သွေးအပိုင်းအစလေးတွေ ပါဝင်တယ်။c သွေးအပိုင်းအစတချို့ကို ရောဂါတိုက်ဖျက်ရာမှာ၊ သွေးတိတ်ဆေးတွေမှာ သုံးတယ်။

သွေးအပိုင်းအစတွေနဲ့ပတ်သက်ရင် ခရစ်ယာန်တွေဟာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်အရ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ သွေးအပိုင်းအစတွေပါတဲ့ ကုထုံးကို လက်မခံဖို့ ဆုံးဖြတ်သူတွေ ရှိသလို လက်ခံဖို့ အမှားအမှန်သိစိတ် ခွင့်ပြုသူတွေလည်း ရှိနိုင်တယ်။

ဆုံးဖြတ်ချက် ချတဲ့အခါ ဒီမေးခွန်းကို သုံးသပ်ပါ။

  • သွေးအပိုင်းအစတစ်မျိုးပါတဲ့ ကုသမှုကို ဘာကြောင့် လက်ခံတယ်၊ လက်မခံဘူးဆိုတာ ဆရာဝန်ကို ဘယ်လို ရှင်းပြမလဲ။

လူတချို့ အမေး။ “သွေးသွင်းတာ ဘာမှားလို့လဲ။”

  • သင် ဘယ်လို ထင်သလဲ။

အနှစ်ချုပ်

ယေဟောဝါက သွေးကို မြင့်မြတ်ရာအဖြစ် ရှုမြင်စေချင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • သွေးကို မြင့်မြတ်ရာအဖြစ် ယေဟောဝါ ဘာကြောင့် ရှုမြင်သလဲ။

  • သွေးကို ရှောင်ပါဆိုတဲ့ မိန့်မှာချက်က သွေးသွင်းခြင်းနဲ့လည်း သက်ဆိုင်မှန်း ဘယ်လို သိနိုင်သလဲ။

  • သွေးပါတဲ့ ကုသမှုနဲ့ပတ်သက်ရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဘယ်လို ချနိုင်မလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကိုယ့်သွေးကို ပြန်သုံးတဲ့ ကုသမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ ဘာတွေ ထည့်စဉ်းစားသင့်သလဲ။

“စာရှုသူများထံမှ မေးခွန်းလွှာ” (ကင်းမျှော်စင် အောက်တိုဘာ ၁၅၊ ၂၀၀၀)

သွေးအပိုင်းအစတွေကို လက်ခံမခံ ဆုံးဖြတ်တဲ့အခါ ဘာတွေ ထည့်စဉ်းစားသင့်သလဲ။

“စာရှုသူများထံမှ မေးခွန်းလွှာ” (ကင်းမျှော်စင် ဇွန် ၁၅၊ ၂၀၀၄)

သွေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အမြင် မှန်ကန်ကြောင်း ဆရာဝန်တစ်ဦး ဘာကြောင့် နားလည်သွားသလဲ။

“သွေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့ အမြင်ကို ကျွန်တော် လက်ခံသွားပြီ” (နိုးလော့! စာစောင်)

ညီအစ်ကို/မတွေကို ဆေးရုံဆက်သွယ်ရေးကော်မတီမှာ ပါတဲ့ အကြီးအကဲတွေ ကူညီပုံအကြောင်း လေ့လာပါ။

ဖျားနာသူကို ယေဟောဝါ ထောက်မ (၁၀:၂၃)

a သင်ခန်းစာ ၃၅၊ “ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ” ကို ကြည့်ပါ။

b အချက် ၅၊ “သွေးအပိုင်းအစ ပါဝင်တဲ့ ကုသမှုများ” နဲ့ ရှင်းလင်းချက် ၃၊ “သွေးပါဝင်တဲ့ ကုသနည်းများ” ကို ကြည့်ပါ။

c ဆရာဝန်တချို့က သွေးအစိတ်အပိုင်း လေးခုကို သွေးအပိုင်းအစတွေအဖြစ် ယူဆကြတယ်။ ဒါကြောင့် သွေး ဒါမှမဟုတ် သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်ကို လက်မခံကြောင်း ကိုယ့်ဆုံးဖြတ်ချက်ကို ရှင်းပြဖို့ လိုနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ