ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁ စာ. ၃၀-၃၂
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သွေး–အသက်ရှင်ရေးအတွက် အချက်အချာ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁ စာ. ၃၀-၃၂

စာရှုသူများထံမှမေးခွန်းလွှာ

▪ ယေဟောဝါသက်သေများသည် မိမိတို့၏သွေးကိုသိုလှောင်ထားပြီး နောက်ပိုင်းတွင်သူတို့ကိုယ်ထဲပြန်သွင်းသည့်—သွေး(အလိုအလျောက်သွေးသွင်းခြင်း) ကိုလက်ခံပါသလော။

ဆေးဝန်ထမ်းများက အများအားဖြင့် homologous သွေး(အခြားသူသွေး) နှင့် autologousသွေး(လူနာ၏ကိုယ်ပိုင်သွေး) ကိုခွဲခြားလေ့ရှိသည်။ ယေဟောဝါသက်သေများသည် အခြားသူများ၏ သွေးလက်မခံခြင်းမှာ လူအများသိပင်ဖြစ်သည်။ အများအားဖြင့် သုံးလေ့ရှိသော ကိုယ့်သွေးautologous သုံးခြင်းနှင့်စပ်လျဉ်း၍ မည်သို့ဆိုမည်နည်း။

ဤနည်းလမ်းတချို့သည် သမ္မာကျမ်းနှင့် ဆန့်ကျင်သောကြောင့် ခရစ်ယာန်များ လက်မခံနိုင်ချေ။ မှန်ပါသည်။ သမ္မာကျမ်းရေးစဉ်က သွေးသွင်းခြင်းနှင့် ထိုသို့သောသွေးသွင်းခြင်းမျိုး မကြားဘူးချေ။ သို့သော်လည်း အချို့သွေးနှင့်ပတ်သက်သော နည်းလမ်းများသည် ဘုရားစိတ်တော်နှင့် တွေ့နိုင်မည် မတွေ့နိုင်မည်ကို သိရှိရန် မိမိ၏ကျေးကျွန်များသိနိုင်ရန် လမ်းညွှန်မှုများပေးထားသည်။

ဘုရား၏ဆုံးဖြတ်ထားချက်မှာ သွေးသည်အသက်ကို ကိုယ်စားပြု၏။ ထို့ကြောင့်မြင့်မြတ်၏။ ကိုယ်တော်က မည်သူမျှကိုယ့်အသက်ကို ကယ်ရန်သွေးယူသုံးခြင်း မပြုရန်အမိန့်ထုတ်ထားသည်။ ဘုရားက “အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည် အသီးအရွက်ကဲ့သို့ သင်တို့စားစရာဖို့ဖြစ်ရမည်။ . . .သို့သော်လည်း အသက်တည်းဟူသော—အသွေး—နှင့်တကွအသားကိုမစားရ”။ (ကမ္ဘာဦး ၉:၃၊ ၄။ ဝတ်ပြုရာ ၇:၂၆၊ ၂၇) အသက်ပေးရှင်အဆိုအရ ပူဇော်ရာ၌ သွေးသုံးခြင်း တစ်ခုတည်းသော ခွင့်ပြုချက်ဖြစ်သည်။ “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသော အပြစ်ကို ဖြေစေခြင်းငှာ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း။ ထိုကြောင့်သင်တို့၌ ‘အဘယ်သူမျှ အသွေးကိုမစားရ’။”—ဝတ်ပြုရာ ၁၇:၁၁၊ ၁၂။

ခရစ်ယာန်များသည် မောရှေပညတ်အောက်မရှိသော်လည်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ‘သွေးကိုရှောင်ရန်’ “လိုအပ်” ကြောင်းဆိုသည်။ ယင်းကိုမြင့်မြတ်သည်ဟုမြင်သည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ယင်းကိုနားလည်နိုင်သည်။ အကြောင်းမှာ ပညတ်တော်အောက်ရှိ ပူဇော်သက္ကာများက ကျွန်ုပ်တို့ထာဝရအသက်ရရန် ဘုရားစီစဉ်ပေးသည့် ခရစ်တော်၏ အသွေးကို ပုံဆောင်သောကြောင့်ဖြစ်သည်။—ဟေဗြဲ ၉:၁၁-၁၅၊ ၂၂။

ပညတ်တော်အရ သွေးကိုပူဇော်ရာတွင် မသုံးလျှင်မည်သို့ပြုရမည်နည်း။ မုဆိုးတစ်ဦးစားရန် တိရစ္ဆာန်တစ်ကောင်ကို သတ်သောအခါ ဤသို့ဖတ်ရ၏။ “မုဆိုးလုပ်၍ သား၊ ငှက်ကိုဖမ်းမိလျှင် အသွေးကိုသွန်၍မြေနှင့်ဖုံးရမည်။” (ဝတ်ပြုရာ ၁၇:၁၃၊ ၁၄။ တရားဟောရာ ၁၂:၂၂-၂၄) ထိုကြောင့်သွေးကို အာဟာရအတွက်သော်လည်းကောင်း အခြားအတွက်သော်လည်းကောင်း မသုံးရချေ။ တိရစ္ဆာန်တစ်ကောင်မှထုတ်ယူ၍ ပူဇော်ရာတွင်မသုံးလျှင် ယင်းကိုဘုရား၏ခြေတင်ရာ မြေကြီးပေါ်တွင် လောင်းပစ်ရမည်။—ဟေရှာယ ၆၆:၁။ ယေဇကျေလ ၂၄:၇၊ ၈နှင့်နှိုင်းယှဉ်။

ဤအချက်က လူနာအား သူ့သွေးပြန်သွင်းရန် မခွဲစိတ်မီကြိုတင်စုဆောင်းထားခြင်း သိုလှောင်ထားခြင်း အများသုံးလေ့ရှိသော ကိုယ့်သွေး autologous blood သုံးခြင်းကို တားမြစ်ကြောင်းထင်ရှားသည်။ ယင်းနည်းတွင် အောက်ပါအတိုင်းပြုလုပ်သည်။ မခွဲစိတ်မီ လူတစ်ဦး၏သွေးအချို့ကို သိုလှောင် သို့မဟုတ် သွေးနီဥများကို ခွဲထုတ်၊ အေးခဲစေပြီးသိုလှောင်ထားသည်။ ယင်းနောက်လူနာသည် ခွဲချိန်အတွင်း သို့မဟုတ် ပြီးနောက်သွေးလိုပုံရလျှင် သိုလှောင်ထားသော သူ့သွေးကို ပြန်သွင်းပေးရန်ဖြစ်သည်။ လောလောဆယ် သွေးနှင့်ဆက်နွယ်သော ရောဂါများကိုစိုးရိမ်မှုကြောင့် ဤသို့သော ကိုယ့်သွေးပြန်သွင်းခြင်းသည် ခေတ်စားနေသည်။ သို့သော်ယေဟောဝါသက်သေများ ဤနည်းကို လက်မခံချေ။ ကျွန်ုပ်တို့သည် ထိုသို့သော သိုလှောင်ထားသောသွေးသည် ထိုသူနှင့် အမှန်ပင်မဆိုင်တော့ကြောင်း ယုံကြည်သည်မှာ ကြာပေပြီ။ သူ့ထံမှ လုံးဝထုတ်ယူလိုက်ပြီဖြစ်၍ ဘုရားပညတ်နှင့် အညီယင်းကိုလုပ်ဆောင်ရမည်။ “အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့မြေပေါ်မှာသွန်ရမည်။”—တရားဟောရာ ၁၂:၂၄။

နောက်တစ်နည်းမှာ autologous သွေးကိုလူနာထံမှ hemodialysis ကိရိယာ (ကျောက်ကပ်တု) သို့မဟုတ် (နှလုံး-အဆုတ်အားပေးစက်) သို့လွှဲပြောင်းပေးသောနည်းဖြစ်သည်။ သွေးသည်ပြွန်မှတဆင့် အောက်စီဂျင်ပေးသော အင်္ဂါတုသို့သွားကာ ယင်းမှတဆင့် လူနာ၏ ခန္ဓာလည်ပတ်ရာလမ်းကြောင်းသို့ ပြန်ရောက်သွားသည်။ အချို့ခရစ်ယာန်များသည် ထိုစက်ထဲတွင် သွေးကြိုတင်မရှိထားလျှင် ယင်းကိုလက်ခံသည်။ သူတို့က ပြင်ပဆက်သွယ်မှုကို သွေးသည်အင်္ဂါတုမှတဆင့် ဖြတ်သွားရန် ခန္ဓာလည်ပတ်မှုကို သွယ်တန်းသည်ဟုမြင်သည်။ သူတို့က ဤတဆက်တည်းလည်ပတ်မှုရှိသွေးသည် သူတို့၏ တစိတ်တပိုင်းဖြစ်နေသေး၍ ‘သွန်ပစ်’ ရန်မလိုဟုယူဆသည်။a

သို့သော် ဆရာဝန်သည် သွေးကြောဆက်ထားသည့် နေရာဖြတ်သန်းမှုကို စစ်ဆေးရန် နှလုံး-အဆုတ်စက်ကို ရပ်တန့်လိုက်၍ autologous သွေးလည်ပတ်မှု ခေတ္တရပ်သွားလျှင်ကော မည်သို့နည်း။

အမှန်မှာ ကျမ်းစာက သွေးဆက်တိုက်စီးသွားနေခြင်းအပေါ် ဖိအားပေးနေသည်မဟုတ်။ ခွဲစိတ်မှုမလုပ်သည့်တိုင် လူတစ်ဦး၏ နှလုံးသည် ခေတ္တရပ်ပြီး ပြန်လည်ပတ်နိုင်သည်။bထိုကြောင့် နှလုံးစက်ရပ်လိုက်၍ သွေးစီးဆင်းမှု ရပ်သွားသောကြောင့် သူ၏လည်ပတ်စံနစ်ကို သွန်မှောက်လိုက်ရခြင်းနှင့် သွေးကိုအားလုံး ထုတ်ပစ်လိုက်ရခြင်းမရှိချေ။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် သူ၏သွေးကို အခြားပြင်ပကိရိယာဖြင့် လွှဲရန်သင့်မသင့်ဆုံးဖြတ်ရလျှင် ခေတ္တသွေးစီးဆင်းမှုရပ်တန့်ခြင်းအပေါ် အဓိကမဟုတ်ဘဲ သူ့ထံမှ လွှဲသွားသောသွေးသည် သူ၏ခန္ဓာလည်ပတ်မှုစံနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သေးသလောအပေါ်အာရုံစိုက်သင့်သည်။—ဂလာတိ ၆:၅။

Hemodilution နည်းကိုကောမည်သို့ဆိုမည်နည်း။ အချို့ခွဲစိတ်သူများက ခွဲစိတ်စဉ်လူနာ၏ သွေးကိုရောစပ်ပေးလျှင် အကျိုးရှိမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ခွဲစိတ်မှုအစတွင် လူနာသွေးကိုထုတ်၍ ပြင်ပအိတ်များ၌ သိမ်းထားကာ သွေးမဟုတ်အရည်နှင့် အစားထိုးလိုက်သည်။ နောက်ပိုင်းတွင် အိတ်များမှ လူနာထံသို့သွေးကို ပြန်စီးဆင်းစေသည်။ ခရစ်ယာန်များသည် သူတို့၏ သွေးကိုသိုလှောင်ရန်ခွင့်မပြုသောကြောင့် အချို့ခွဲစိတ်သူများက လူနာ၏ လည်ပတ်မှုစံနစ်နှင့်ဆက်နေသော လည်ပတ်ပစ္စည်းကို ပြောင်းလဲအသုံးပြုကြသည်။ အချို့ခရစ်ယာန်များသည် ယင်းကိုလက်ခံပြီး အချို့ကငြင်းပယ်ကြသည်။ ဤတွင်လည်းတစ်ဖန် တစ်ဦးစီအနေနှင့် ဆုံးဖြတ်ရမည်။ သူ့ထံမှ ဤသို့ hemodilution လည်ပတ်မှုဖြင့်ထွက်သွားသော သွေးသည်နှလုံး-အဆုတ်စက်မှ စီးဆင်းသွားခြင်းနှင့်အလားတူမတူ သို့မဟုတ် သွေးသည်သူ့ထံမှထွက်သွားပြီဖြစ်၍ သွန်ပစ်သင့်သည်ဟုယူဆပေသည်။

နောက်ဆုံး ဥပမာတစ်ခုမှာ autologous သွေးကိုခွဲစိတ်စဉ် သွေးကိုပြန်လည်အသုံးပြုခြင်းဖြစ်သည်။ အနာမှသွေးကိုရေစစ်မှတဆင့် (အစအန၊ အစိုင်အခဲများဖယ်ရှားရန်) စုတ်ထုတ်ပြီး သို့မဟုတ်ဖယ်ရှား (သိပ်သည်းသောအရည်များကိုဖယ်ရှား) ၍ တစ်ဖန်လူမမာထဲသို့ ပြန်သွင်းသည်။ ခရစ်ယာန်အများက ထိုသို့သောဆယ်ယူခြင်းတွင် သွေးစီးဆင်းမှု ခေတ္တရပ်မည်လောဟု အလွန်စိုးရိမ်ကြသည်။ သို့သော်ဖေါ်ပြပြီးသည့်အတိုင်း ဒဏ်ရာသို့ပြန်သွားသောသွေးသည် သူ၏သွေးတစ်စိတ်တစ်ပိုင်းဖြစ်နေသေးသလောကိုသာ ကျမ်းစာကဆိုနေခြင်းဖြစ်သည်။ သွေးသည် သူ၏လည်ပတ်သည့်စံနစ်မှ ဒဏ်ရာသို့စီးဆင်းခြင်းကို ဝတ်ပြုရာ ၁၇:၁၃ တွင်ဖေါ်ပြထားသောသွေးကဲ့သို့‘သွန်ပစ်’ ရမည်ဟုဆိုလိုပါသလော။ တစ်ယောက်က ထိုသို့ယုံကြည်လျှင်သူ့အနေနှင့် ယင်းသွေးကိုသူငြင်းဆန်ပေမည်။ သို့သော်လည်း အခြားခရစ်ယာန်တစ်ဦးသည် (သူ့ထံမှသွေးစီးဆင်းရန်ခွင့်မပြုသော်လည်းသွေးကိုအချိန်အတန်သိုလှောင်ထားကာနောက်တွင်သူ့အတွင်းပြန်သွင်းစေမည်) ခွဲစိတ်ချိန်အတွင်း သွေးလည်ပတ်မှုကိရိယာဖြင့် သွေးပြန်သွင်းခြင်းမှာ သူ၏လေ့ကျင့်ထားသောသြတ္တပ္ပစိတ်ကို မချိုးဖောက်ဟုသူယူဆပေမည်။

ကျွန်ုပ်တို့သိရှိရသည့်အတိုင်း autologousသွေးနှင့်စပ်လျဉ်း၍ နည်းအမျိုးမျိုးတိုးပွားလာသည်။ ကျွန်ုပ်တို့သည် ယင်းတစ်ခုစီအပေါ်မှတ်ချက်မချနိုင်။ ချရန်လည်းမသင့်ချေ။ ဤသို့သောမေးခွန်းများပေါ်လာလျှင် ခရစ်ယာန်တစ်ဦးစီသည် ဆေးဝန်ထမ်းများထံမှ အသေးစိတ်ရယူပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်ရန်ဖြစ်သည်။

ဤတွင်ဆေးဆိုင်ရာများကို အတော်များများပြောနေသော်လည်း အရေးအကြီးဆုံးမှာ ဘာသာရေးရာပင်ဖြစ်သည်။ ခရစ်ယာန်တစ်ဦးအနေနှင့် သွေးနှင့်စပ်လျဉ်း၍ ဆေးဘက်ဆိုင်ရာ သံသယ သို့မဟုတ် မေးခွန်းများကိုဖြေရှင်းရာ၌ လွှမ်းမိုးသင့်သည့်အရာကား ယုံကြည်ခြင်းတင်ပြခြင်း၊ ‘သွေးကိုကြဉ်ရှောင်’ ရန်အမိန့်ကိုလေးစားခြင်းနှင့် ကြည်လင်သောသြတ္တပ္ပစိတ်ထိန်းသိမ်းထားရန်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အသက်ကိုသွေးဖြင့် ကယ်တင်ရာ၌ အခြေခံအကျဆုံးလမ်းစဉ်မှာ ဆေးသိပ္ပံအားဖြင့်မဟုတ်ဘဲ ခရစ်တော်အသွေး၏ ကယ်တင်နိုင်သောတန်ခိုးအားဖြင့်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်။ “ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။” (ဧဖက် ၁:၇။ ဗျာဒိတ် ၇:၁၄၊ ၁၇) ခေတ်မီဆေးပညာက ကျွန်ုပ်တို့အသက်တာကို ခဏလောက် ရှည်စေနိုင်သော်လည်း ကျွန်ုပ်တို့၏ခရစ်ယာန်သြတ္တပ္ပစိတ်ကို ချိုးဖောက်စေသည့် သို့မဟုတ် အသက်ပေးရှင်၏ စိတ်နှင့်မတွေ့စေမည့် အဘယ်အရာကိုမဆို ကျွန်ုပ်တို့လုပ်လိုမည်မဟုတ်ချေ။—မဿဲ ၁၆:၂၅။ ၁ တိမောသေ ၁:၁၈၊ ၁၉။

[အောက်ခြေမှတ်ချက်များ]

a The Watchtower, June 15, 1978, page 30 ကိုကြည့်ပါ။

b နှလုံးရောဂါ၊ လျှပ်စစ်တို့ခြင်း သို့မဟုတ် ရေခဲရေတွင်စိမ်ခြင်းကြောင့်အလွန်အမင်းအပူချိန်ကျဆင်းရာမှဖြစ်ပေါ်လာတတ်သည်။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

နှလုံး_အဆုတ်လည်ပတ်စက်တွင် ပါဝင်သည်များ_ (၁) လူနာ၏သွေးလည်ပတ်မှုမှဆက်ထားခြင်း (၂)စုတ်စက် (၃)အောက်စီဂျင်ဘူး (၄)စစ်ထုတ်ရာဖိုင်ဘာပြောင်း (၅)ပင်မတလိမ့်စုတ်သွင်းတံ (၆)လူနာ၏သွေးလည်ပတ်ရာသို့ပြန်လမ်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ