ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၅
  • ပါးနပ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပါးနပ်ပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေါလု ဘာလုပ်သလဲ
  • ပေါလုဆီကနေ ဘာသင်ယူရသလဲ
  • ပေါလုကို အတုယူပါ
  • ‘ဘုရားသခင်ကို ကြိုးစားရှာမယ်ဆိုရင် တကယ်ပဲ တွေ့နိုင်မယ်’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • နှိမ့်ချပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • အမှုဆောင်လုပ်ငန်းမှာ ကြုံရသူတွေကို သင် ဘယ်လို သဘောထားသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • တရားခြင်းအစစ်ကို မည်သူ့ထံမှ မျှော်လင့်နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၅

စကားစမြည် စပြောခြင်း

အေသင်မြို့သားတွေကို တမန်တော် ပေါလု ကျိုးကြောင်းဆင်ခြင်ပြနေ။

တ. ၁၇:၂၂၊ ၂၃

သင်ခန်းစာ ၅

ပါးနပ်ပါ

ကျမ်းစာမူ။ “စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။”—ကော. ၄:၆။

ပေါလု ဘာလုပ်သလဲ

အေသင်မြို့သားတွေကို တမန်တော် ပေါလု ကျိုးကြောင်းဆင်ခြင်ပြနေ။

ဗီဒီယို။ အေသင်မြို့သားတွေကို ပေါလု ဟော

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၁၇:၂၂၊ ၂၃ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ အေသင်မြို့မှာ တွေ့ရတဲ့ မှားယွင်းတဲ့ ဘာသာရေး ထုံးစံတွေနဲ့ပတ်သက်ပြီး ပေါလု ဘယ်လို ခံစားရသလဲ။—တမန်တော် ၁၇:၁၆ ကို ကြည့်ပါ။

  2. ခ။ အေသင်မြို့သားတွေကို အပြစ်တင်မယ့်အစား သူတို့ ယုံကြည်ထားတာတွေကို မှီပြီး ပေါလု ဘယ်လို ပါးပါးနပ်နပ် သတင်းကောင်း ပြောပြသလဲ။

ပေါလုဆီကနေ ဘာသင်ယူရသလဲ

၂။ ဘယ်လို စကားမျိုးကို ဘယ်အချိန်မှာ ဘယ်လို ပြောမလဲ သေသေချာချာ ရွေးထားရင် လူတွေ ပိုနားထောင်ချင်မယ်။

ပေါလုကို အတုယူပါ

၃။ နားဝင်မယ့် စကား ရွေးပါ။ ဥပမာ၊ ခရစ်ယာန် မဟုတ်သူ တစ်ယောက်နဲ့ စကားပြောတဲ့အခါ ကျမ်းစာ မိတ်ဆက်ပုံ၊ ယေရှုကို ရည်ညွှန်းပုံ ပြောင်းဖို့ လိုနိုင်တယ်။

၄။ ချက်ချင်း လိုက်မပြင်ပါနဲ့။ လွတ်လွတ်လပ်လပ် ပြောပါစေ။ ကျမ်းစာ သွန်သင်ချက်နဲ့ မညီတာ တစ်ခုခု ပြောလာရင်လည်း မငြင်းပါနဲ့။ (ယာ. ၁:၁၉) နားထောင်ပေးလိုက်ရင် သူ ဘာယုံတယ်၊ ဘာကြောင့် ယုံတယ်ဆိုတာ သိလာမယ်။—ပညာ. ၂၀:၅။

၅။ သဘောတူသင့်တဲ့ နေရာ တူပါ။ ချီးမွမ်းသင့်တဲ့ နေရာ ချီးမွမ်းပါ။ သူ့ဘာသာတရား သွန်သင်တာတွေ မှန်တယ်လို့ စိတ်ရင်းနဲ့ ယုံနေနိုင်တယ်။ နှစ်ဦးနှစ်ဖက် သဘောတူတဲ့ အချက်ကနေ စပြောပါ။ နောက်မှ ကျမ်းစာ သွန်သင်ချက်ကို သဘောပေါက်ဖို့ တဖြည်းဖြည်း ကူညီပေးပါ။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

ပညာ. ၂၅:၁၅။ ၂ တိ. ၂:၂၃-၂၆။ ၁ ပေ. ၃:၁၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ