ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၇/၁ စာ. ၃၂
  • ဘုရားသခင်ကို ရှာရန် အခွင့်အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို ရှာရန် အခွင့်အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၇/၁ စာ. ၃၂

ဘုရားသခင်ကို ရှာရန် အခွင့်အခါ

ဤစာမျက်နှာပါရုပ်ပုံသည် တစ်ချိန်က နတ်ဘုရားနှင့်နတ်ဘုရားမအမြောက်အမြားကိုဝတ်ပြုခဲ့သည့် အချက်အချာနေရာဖြစ်သော အေသင်မြို့ရဲတိုက်ဖြစ်သည်။ ရဲတိုက်၏အောက်ဘက်နားတွင် ရှေးအချိန်က တရားရုံးဖြစ်ခဲ့သောနေရာဟုဆိုသည့် အေရီယိုပဂတ်စ် (အာရေတောင်) ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်က တမန်တော်ပေါလုသည်ရပ်၍ အမှန်မှတ်သားလောက်ဖွယ်ကောင်းသောဟောပြောချက်ရှည်တစ်ခုကို ပေးခဲ့သည့်နေရာမှာ ဤနေရာပင်ဖြစ်သည်။ အောက်ပါတို့သည် သူပြောခဲ့သည့်စကားအချို့ပင်ဖြစ်သည်။

“ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ၍ သူတို့အားခွဲဝေစီမံသောအချိန်ကာလကိုလည်းကောင်း၊ သူတို့၏နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း ဘုရားသခင်သည် ငါတို့တွင်အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။”—တမန်တော် ၁၇:၂၆-၂၈။

လူများသာပေါလု၏စကားများကိုအမှုထားခဲ့မည်ဆိုလျှင် လူ့သမိုင်းမည်မျှပြောင်းလဲခဲ့မည်တကား။ စကြဝဠာပိုင်သအုပ်စိုးရှင်ယေဟောဝါသည် လူတစ်ဦးကိုဖန်ဆင်းခဲ့ခြင်းအားဖြင့် လူမျိုးရိုးစဉ်ဆက်အစပြုလာကြောင်းကို လူသားများအသိအမှတ်ပြုခဲ့မည်ဆိုလျှင် စစ်ပွဲပေါင်းမြောက်မြားစွာ၊ ဒုက္ခဝေဒနာပေါင်းမြောက်မြားစွာကို ကာကွယ်နိုင်ခဲ့မည်တကား။

ယနေ့လူများသည် လူမျိုးကြီးဝါဒ၊ အဆင့်အတန်းခွဲခြားမှု၊ လူမျိုးရေးမုန်းတီးမှု၊ လူတန်းစားမညီမျှမှုများအားဖြင့် ခွဲခြားခံနေကြရသည်။ သို့ရာတွင် ပေါလု၏စကားများသည် အကျုံးဝင်ဆဲရှိသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ဖန်ဆင်းခဲ့သောလူတစ်ယောက်မှ ဆင်းသက်လာကြသည်။ ထိုသဘောအရ ကျွန်ုပ်တို့အားလုံးသည် ညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ ဘုရားသခင်အားတွေ့နိုင်သောအချိန်တွင်ရှာရန် အချိန်မနှောင်းသေးပါ။

ပေါလု၏ဟောပြောချက်နောက်ဆုံးစကားများကို ကျွန်ုပ်တို့ဆင်ခြင်ကြည့်သောအခါ သာ၍အရေးကြီးသောအချက်အလက်များပါဝင်ကြောင်းတွေ့ရှိရသည်။ “ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာစစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကိုသေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောသူတို့အား ယုံလောက်သောသက်သေကိုပြတော်မူပြီ” ဟုသူပြောခဲ့သည်။

ယေရှုရှင်ပြန်ထမြောက်ခြင်းသည် သမိုင်းဆိုင်ရာအဖြစ်မှန်ဖြစ်ပြီး ယင်းသည် ပေါလုဖော်ပြသည့်အတိုင်းဆိုလျှင် လူသားများကိုတရားစီရင်မည့်နေ့ရက်တစ်ရက်ရှိမည်ဟူသောအချက်အတွက် အာမခံချက်ဖြစ်သည်။ ဘယ်အခါနည်း။ မှန်ပါသည်။ အေရီယိုပဂတ်စ်တွင် ပေါလုရပ်၍ ဤစကားများကိုပြောခဲ့သောအချိန်ထက် နှစ်ပေါင်း ၂,၀၀၀ နီးပါးပို၍နီးကပ်နေပြီဖြစ်ကြောင်းကျွန်ုပ်တို့သိကြသည်။ အမှန်မှာ ကျမ်းစာပရောဖက်ပြုချက်များ၏ပြည့်စုံချက်က အလွန်နီးကပ်နေပြီဖြစ်ကြောင်းဖော်ပြသည်။ စဉ်းစားစရာပါတကား။ “ယခုမှာ ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့” ဟုအေသင်မြို့သားများအားပေါလုပြောခဲ့သည့်အတိုင်းပင်ကျွန်ုပ်တို့သည် ရိုးသားမှုအပြည့်အဝဖြင့်ဘုရားသခင်ကိုရှာရန် မည်မျှအရေးကြီးနေပြီတကား။—တမန်တော် ၁၇:၃၀၊ ၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ