-
“ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” ဖြင့် လှုံ့ဆော်ခံရကင်းမျှော်စင်—၂၀၀၂ | ဩဂုတ် ၁
-
-
လုပ်ဆောင်ရန် လှုံ့ဆော်ခံခဲ့ရ
၄။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယောလ၏ အဘယ်ပရောဖက်ပြုချက် ပြည့်စုံခဲ့သနည်း။
၄ ယေရုရှလင်မြို့ရှိတပည့်များသည် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံကြရပြီဖြစ်ရာ အချိန်ဆွဲမနေဘဲ ၎င်းနံနက်ခင်းတွင် စုရုံးခဲ့ကြသောလူစုနှင့် စတင်၍ ကယ်တင်ခြင်းသတင်းကို အခြားသူများအား ဟောပြောကြလေတော့သည်။ သူတို့၏ဟောပြောခြင်းလုပ်ငန်းသည် လွန်ခဲ့သောရှစ်ရာစုက ပေသွေလ၏သား ယောလမှတ်တမ်းတင်ခဲ့သော မှတ်သားလောက်ဖွယ် ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်– “လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍ သင်တို့၏သားသမီးများသည် ပရောဖက်ပြုလျက် အသက်ကြီးသူတို့သည် အိပ်မက်များကိုမြင်မက်လျက် အသက်ငယ်သောသူတို့သည်လည်း [အဆင်းအာ]ရုံများကို မြင်လျက်နေရကြလိမ့်မည်။ ထိုနေ့ရက်ကာလ၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ပင် ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ကြီးမတိုင်မီ . . . ဖြစ်လိမ့်မည်။”—ယောလ ၁:၁; ၂:၂၈၊ ၂၉၊ ၃၁၊ သမ္မာ; တမန်တော် ၂:၁၇၊ ၁၈၊ ၂၀။
၅။ ပထမရာစုခရစ်ယာန်များသည် အဘယ်သဘောမျိုးဖြင့် ပရောဖက်ပြုခဲ့ကြသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၅ ယင်းကြောင့် ဘုရားသခင်သည် ဒါဝိဒ်၊ ယောလနှင့် ဒေဗောရတို့ကဲ့သို့သော ပရောဖက်အမျိုးသား၊ အမျိုးသမီးများကိုပေါ်လာစေပြီး အနာဂတ်ဖြစ်ရပ်များကို သူတို့အားဟောပြောစေမည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ။ ယေဟောဝါပြုတော်မူခဲ့ပြီး၊ ပြုလုပ်လုဆဲရှိ “အံ့ဖွယ်သောအမှုတို့” ကိုကြေညာရန် ယေဟောဝါ၏ဝိညာဉ်တော်က လှုံ့ဆော်ပေးသဖြင့် ခရစ်ယာန် ‘သားသမီးများ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများ’ သည် ပရောဖက်ပြုကြမည်ဟုဆိုလိုသည်။ သို့ဖြင့် သူတို့သည် အမြင့်မြတ်ဆုံးအရှင်၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် အမှုထမ်းကြပေမည်။a သို့သော် လူအုပ်သည် မည်သို့တုံ့ပြန်ခဲ့သနည်း။—ဟေဗြဲ ၁:၁၊ ၂။
-
-
“ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” ဖြင့် လှုံ့ဆော်ခံရကင်းမျှော်စင်—၂၀၀၂ | ဩဂုတ် ၁
-
-
a ယေဟောဝါသည် ကိုယ်တော်၏လူမျိုးတော်အတွက် ဖာရောရှေ့ဝင်၍ စကားပြောဖို့ မောရှေနှင့်အာရုန်ကို ခန့်အပ်ခဲ့ချိန်တွင် မောရှေကိုဤသို့မိန့်ဆိုခဲ့သည်– “သင့်ကိုဖာရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကိုအာရုန်သည် သင်၏ပရောဖက်ဖြစ်ရလိမ့်မည်။” (ထွက်မြောက်ရာ ၇:၁) အာရုန်သည် အနာဂတ်ဖြစ်ရပ်များကို ကြိုဟောခြင်းဖြင့်မဟုတ်ဘဲ မောရှေ၏ပြောရေးဆိုခွင့်ရှိသူဖြစ်လာခြင်းအားဖြင့် ပရောဖက်တစ်ပါးဖြစ်ခဲ့သည်။
-