-
ဆန့်ကျင်မှုကြား တရားစကား “အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့”ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
-
-
“အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်လာ” (တ. ၁၉:၂၃-၄၁)
လူတွေကို တွေ့နိုင်တဲ့ နေရာတိုင်းမှာ ဟောဖို့ ကျွန်တော်တို့ ကြိုးစားကြ
၁၆၊ ၁၇။ (က) ဒေမေတရိဟာ ဧဖက်မြို့မှာ ရုန်းရင်းဆန်ခတ် ဖြစ်အောင် ဘာလုပ်သလဲ။ (ခ) ဧဖက်မြို့သားတွေဟာ သူတို့ရဲ့ ဘာသာရေး တစ်ယူသန်စိတ်ကို ဘယ်လို ပြသလဲ။
၁၆ စာတန် သုံးတဲ့ နည်းစနစ်ကို သုံးသပ်ကြည့်ရအောင်။ “သခင့်လမ်းစဉ်နဲ့ပတ်သက်ပြီး အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်လာတယ်” လို့ လုကာ ပြောတယ်။ လုကာ ချဲ့ကားပြောတာ မဟုတ်ဘူး။e (တ. ၁၉:၂၃) ငွေပန်းထိမ်သမား ဒေမေတရိ ပြဿနာ စလုပ်တယ်။ ရုပ်တု ရောင်းရလို့ ကြီးပွားနေတာလို့ ပန်းထိမ်သမားတွေကို ဒေမေတရိ သတိပေးလိုက်တယ်။ ခရစ်ယာန်တွေ ရုပ်တု မကိုးကွယ်ဖို့ ပေါလု ဟောတာဟာ မိမိတို့ရဲ့ စီးပွားရေး ပျက်အောင် လုပ်နေတာပဲလို့ ဆက်ပြောတယ်။ ဒါ့အပြင် ကိုယ့်မြို့၊ ကိုယ့်နိုင်ငံအတွက် ဧဖက်မြို့သားတွေ သိပ်ဂုဏ်ယူကြမှန်း သိနေလို့ ပေါလု ဟောတာတွေ နားထောင်ရင် ဘုရားမ အာတေမိနဲ့ ဘုရားမရဲ့ ကမ္ဘာကျော် ဗိမာန် “ဘုန်းအသရေ ညှိုးနွမ်းတော့မယ်” ဆိုပြီး ပရိသတ်ကို ဒေမေတရိ သတိပေးတယ်။—တ. ၁၉:၂၄-၂၇။
-
-
ဆန့်ကျင်မှုကြား တရားစကား “အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့”ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
-
-
e “အသက်ရှင်ဖို့ မျှော်လင့်ချက်တောင် မရှိသလောက်ပဲ” လို့ ကောရိန္သုမြို့သားတွေကို ပေါလု ပြောတာ ဒီဖြစ်ရပ်ကို ရည်ညွှန်းတာ ဖြစ်မယ်လို့ တချို့ ဆိုတယ်။ (၂ ကော. ၁:၈) ဒီထက် ပိုအန္တရာယ်ကြီးတဲ့အချိန်ကို ရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်။ “ဧဖက်မြို့မှာ သားရဲတိရစ္ဆာန်တွေနဲ့ တိုက်ခိုက်” ရတဲ့အကြောင်း ပေါလု ရေးတာဟာ ဆန့်ကျင်သူတွေနဲ့ ရင်ဆိုင်ရတာ ဒါမှမဟုတ် အရီနာကွင်းမှာ ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေနဲ့ ရင်ဆိုင်ရတာကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။—၁ ကော. ၁၅:၃၂။
-