ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၂၉
  • လူသေရင် ဘာဖြစ်သွားသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူသေရင် ဘာဖြစ်သွားသလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သေလွန်သူကို ကြောက်ရွံ့သင့်သလော
    နိုးလော့!—၂၀၀၉
  • သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • လူသေရင် ဘာဖြစ်သွားသလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၂၉
သင်ခန်းစာ ၂၉။ အုတ်ဂူရှေ့ မောင်နှံတစ်စုံ ဆုတောင်းနေ။

သင်ခန်းစာ ၂၉

လူသေရင် ဘာဖြစ်သွားသလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ချစ်ခင်ရသူတစ်ဦး သေဆုံးတာကို ကြုံဖူးပါသလား။ ဝမ်းနည်းပူဆွေးနေချိန်မှာ ‘လူသေရင် ဘာဖြစ်သွားသလဲ။ ချစ်ခင်ရသူတွေကို ပြန်တွေ့နိုင်ဦးမလား’ ဆိုပြီး တွေးမိနိုင်တယ်။ ဒီသင်ခန်းစာနဲ့ နောက်သင်ခန်းစာမှာ ကျမ်းစာထဲက အားရှိစရာ အဖြေတွေကို သုံးသပ်ပါမယ်။

၁။ လူသေရင် ဘာဖြစ်သွားသလဲ။

ယေရှုက သေခြင်းကို အိပ်မောကျတာနဲ့ နှိုင်းယှဉ်ထားတယ်။ အိပ်မောကျနေသူဟာ ကိုယ့်ဘေးမှာ ဘာတွေဖြစ်နေမှန်း မသိဘူး။ သေခြင်းဟာ အိပ်ပျော်တာနဲ့ ဘယ်လို တူသလဲ။ လူတစ်ဦး သေဆုံးပြီးနောက် ဘာနာကျင်မှု၊ ဘာဝေဒနာမှ မခံစားရဘူး။ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ကွေကွင်းနေလို့ အထီးကျန်တာမျိုး မရှိဘူး။ “သေလွန်သူကတော့ ဘာမှမသိဘူး” လို့ ကျမ်းစာ ဆိုတယ်။​—ဒေသနာ ၉:၅ ကို ဖတ်ပါ။

၂။ လူသေတွေရဲ့ အခြေအနေမှန်ကို သိရတော့ ဘာအကျိုးရှိသလဲ။

လူများစွာက သေခြင်းကို ကြောက်တယ်၊ လူသေတွေကိုပါ ကြောက်ကြတယ်။ ဒါပေမဲ့ သေခြင်းအကြောင်း ကျမ်းစာအဆိုကို သိရလို့ နှစ်သိမ့်မှု ရနိုင်တယ်။ “အမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၈:၃၂) လူသေပြီးနောက် ဝိညာဉ်ဆက်အသက်ရှင်တယ်လို့ ဘာသာတချို့ သွန်သင်တယ်။ ကျမ်းစာကတော့ အဲဒီလို မသွန်သင်ဘူး။ လူသေပြီးနောက် ဘာဝေဒနာမှ မခံစားရဘူး။ သေလွန်သူက ဘာကိုမှ မသိတဲ့အတွက် ကျွန်တော်တို့ကို အန္တရာယ်မပြုနိုင်ဘူး။ ဒါကြောင့် လူသေတွေအတွက် ပူဇော်ပသဖို့၊ ဝတ်ပြုဖို့၊ ဆုတောင်းပေးဖို့ မလိုဘူး။

သေဆုံးသွားသူနဲ့ စကားပြောနိုင်တယ်လို့ တချို့ ဆိုကြတယ်။ ဒါ မဖြစ်နိုင်ဘူး။ ခုလေးတင် သိခဲ့ရတဲ့အတိုင်း သေလွန်သူကတော့ “ဘာမှမသိဘူး။” ချစ်ခင်ရတဲ့ သေလွန်သူတွေနဲ့ ဆက်သွယ်တယ်လို့ ထင်နေသူတွေဟာ တကယ်တော့ ဆုံးသွားတဲ့သူ အယောင်ဆောင်ထားတဲ့ နတ်ဆိုးတွေနဲ့ ဆက်သွယ်နေတာ ဖြစ်တယ်။ ဒါကြောင့် လူသေတွေရဲ့ အခြေအနေကို သိထားတာက နတ်ဆိုးတွေရန်ကနေ အကာအကွယ် ဖြစ်စေတယ်။ နတ်ဆိုးတွေနဲ့ ဆက်သွယ်တာဟာ အန္တရာယ်ရှိမှန်း ယေဟောဝါ သိတဲ့အတွက် လူသေတွေနဲ့ မဆက်သွယ်ဖို့ သတိပေးရခြင်း ဖြစ်တယ်။​—တရားဟောရာ ၁၈:​၁၀-၁၂ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

သေခြင်းအကြောင်း ကျမ်းစာအဆိုကို ထပ်လေ့လာပါ။ လူသေတွေကို မညှဉ်းဆဲတဲ့ မေတ္တာရှင် ဘုရားသခင်ကို ပိုယုံကြည်လာအောင် ကြိုးစားပါ။

ဇနီးရဲ့ စျာပနအခမ်းအနားမှာ ကလေးနှစ်ယောက်နဲ့ ကျန်ရစ်တဲ့အမျိုးသား ခုံတန်းပေါ်ထိုင်နေ။ မိတ်ဆွေတွေ၊ မိသားစု ဝိုင်းပြီး နှစ်သိမ့်ပေးနေ။

၃။ လူသေတွေရဲ့ အခြေအနေမှန်ကို သိအောင် လေ့လာပါ

လူသေရင် ဘာဖြစ်သွားသလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းက လူတွေမှာ ယုံကြည်ချက် အမျိုးမျိုး ရှိကြတယ်။ ဒါပေမဲ့ အဲဒီယုံကြည်ချက်အားလုံး မှန်တာတော့ မဟုတ်ဘူး။

  • သင့်ဒေသမှာ လူသေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို ယုံကြည်ကြသလဲ။

ကျမ်းစာသွန်သင်ချက်ကို သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ လူသေတွေရဲ့အခြေအနေ​—ကောက်နုတ်ချက် (၁:၁၉)

‘သေလွန်သူတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ​—ကောက်နုတ်ချက်’ ဗီဒီယိုထဲကပြကွက်။ ပုံ။ ၁။ ဆေးရုံကုတင်ပေါ်က အလောင်း။ ၂။ ရထားစီးနေရင်း လူနှစ်ယောက်ကြား အိပ်ပျော်နေသူ။

ဒေသနာ ၃:၂၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။

  • ဒီကျမ်းပိုဒ်အရ လူသေရင် ဘာဖြစ်သွားသလဲ။

  • လူသေပြီးနောက် အသက်ရှင်ကျန်ရစ်တဲ့အရာ ရှိသလား။

ယေရှုရဲ့မိတ်ဆွေ လာဇရု သေဆုံးတဲ့အကြောင်း ကျမ်းစာ ဖော်ပြတယ်။ ယောဟန် ၁၁:၁၁-၁၄ ကို ဖတ်ပါ။ လာဇရုရဲ့အခြေအနေအကြောင်း ယေရှု ဘာပြောသလဲ သတိပြုပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။

  • သေခြင်းကို ယေရှု ဘာနဲ့ နှိုင်းယှဉ်သလဲ။

  • ဒီနှိုင်းယှဉ်ချက်က လူသေတွေရဲ့ အခြေအနေအကြောင်း ဘာသိစေသလဲ။

  • သေခြင်းအကြောင်း ကျမ်းစာရှင်းပြချက်နဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။

၄။ လူသေတွေရဲ့ အခြေအနေမှန်ကို သိတာက အကျိုးရှိစေ

လူသေတွေရဲ့ အခြေအနေမှန်ကို သိထားတဲ့အတွက် လူသေတွေကို ကြောက်စိတ် မရှိတော့ဘူး။ ဒေသနာ ၉:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • လူသေတွေ အန္တရာယ်ပေးနိုင်သလား။

ကျမ်းစာအမှန်တရားကို သိလာတဲ့အခါ လူသေတွေကို ပူဇော်ပသရမယ်၊ ဝတ်ပြုရမယ်ဆိုတဲ့ အယူတွေကို မယုံတော့ဘူး။ ဟေရှာယ ၈:၁၉ နဲ့ ဗျာဒိတ် ၄:၁၁ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • လူသေကို ကိုးကွယ်တာ၊ လူသေ မေးမြန်းတာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

ပုံ။ လူသေကို ဂုဏ်ပြုတဲ့ ဓလေ့ထုံးစံများ။ ၁။ အုတ်ဂူရှေ့မှာ အစားအသောက်တွေ ပူဇော်ပသပြီး ဒူးထောက် ဆုတောင်းနေသူ။ ၂။ ရိုးရာအက ကနေသူ သုံးယောက်။ ၃။ လူသေများနေ့မှာ အရိုးခေါင်း မျက်နှာဖုံးတပ်၊ အရိုးစုပုံ ကိုင်ပြီး စီတန်းသွားနေသူတွေ။

လူသေတွေရဲ့ အခြေအနေမှန်ကို သိထားလို့ ယေဟောဝါ မနှစ်သက်တဲ့ ဓလေ့ထုံးစံတွေကနေ လွတ်မြောက်လာ

၅။ လူသေတွေရဲ့ အခြေအနေမှန်ကို သိရလို့ နှစ်သိမ့်မှု ဖြစ်စေ

မကောင်းတာလုပ်ရင် သေပြီးတဲ့နောက် အပြစ်ပေးခံရမယ်လို့ လူများစွာ သွန်သင်ခံရတယ်။ ဒါပေမဲ့ ဆိုးသွမ်းတဲ့သူ ဖြစ်နေရင်တောင် သေပြီးနောက် ဘာဝေဒနာမှ မခံစားရမှန်း သိရလို့ နှစ်သိမ့်မှု ဖြစ်စေတယ်။ ရောမ ၆:၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်အရ လူသေပြီးနောက် အပြစ်ကနေ လွတ်မြောက်သွားပြီဆိုတော့ မကောင်းတာလုပ်ခဲ့သူတစ်ဦး သေသွားရင် ညှဉ်းဆဲခံရမယ်လို့ ထင်ပါသလား။

ယေဟောဝါအကြောင်း ပိုသိလာရင် လူသေတွေကို ဘယ်တော့မှ ညှဉ်းဆဲမှာ မဟုတ်မှန်း ပိုသိလာမယ်။ တရားဟောရာ ၃၂:၄ နဲ့ ၁ ယောဟန် ၄:၈ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေမှာပါတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ဘုရားသခင်က လူသေတွေကို ညှဉ်းဆဲပါ့မလား။

  • လူသေတွေရဲ့ အခြေအနေမှန်ကို သိရလို့ စိတ်သက်သာရာရသလား။ ဘာကြောင့်လဲ။

လူတချို့ အဆို။ “သေပြီးနောက် ဘာဖြစ်သွားမလဲဆိုပြီး တွေးကြောက်မိတယ်။”

  • ဘယ်အားရှိစရာ ကျမ်းပိုဒ်ကို ပြောပြမလဲ။

အနှစ်ချုပ်

လူသေတဲ့အခါ ဘာကိုမှ မသိတော့ဘူး။ ဘာဝေဒနာမှ မခံစားရဘူး။ အသက်ရှင်သူကိုလည်း အန္တရာယ်မပေးနိုင်ဘူး။

ပြန်လည်သုံးသပ်ခြင်း

  • လူသေရင် ဘာဖြစ်သွားသလဲ။

  • လူသေတွေရဲ့ အခြေအနေမှန်ကို သိရတော့ ဘာအကျိုးရှိသလဲ။

  • လူသေတွေရဲ့ အခြေအနေမှန်ကို သိရတော့ ဘယ်လို နှစ်သိမ့်မှု ဖြစ်စေသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

“ဝိညာဉ်” အကြောင်း ကျမ်းစာ ရှင်းပြချက်ကို ဖတ်ကြည့်ပါ။

“လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ဘုရားသခင်က လူဆိုးတွေကို ငရဲမှာ ညှဉ်းဆဲသလား လေ့လာကြည့်ပါ။

နှိပ်စက်ညှဉ်းဆဲတဲ့ ငရဲဆိုတာ တကယ် ရှိသလား (၃:၀၇)

လူသေတွေကို ကြောက်ဖို့ လိုသလား။

လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား၊ တကယ်ကော တည်ရှိရဲ့လား (စာစောင်)

လူသေရဲ့ အခြေအနေမှန်ကို သိလာလို့ စိတ်သက်သာရာရခဲ့သူအကြောင်း ဖတ်ကြည့်ပါ။

“ယုတ္တိရှိပြီး ရှင်းလင်းတဲ့ ကျမ်းစာအဖြေကို ကျွန်တော် သဘောကျ” (ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၊ ၂၀၁၅)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ