ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၅ စာ. ၂၃-၂၇
  • ယေဟောဝါအား ကိုးကွယ်သူတို့ ခံစားရသော လွတ်လပ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါအား ကိုးကွယ်သူတို့ ခံစားရသော လွတ်လပ်မှု
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လွတ်လပ်မှုကို တွေ့နိုင်သည့်နေရာ
  • လွတ်လပ်မှု နောက်တစ်မျိုးကို လိုလားခြင်း
  • ပြဿနာများ စတင်ရာနေရာ
  • စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်တဲ့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၅ စာ. ၂၃-၂၇

အခန်း ငါး

ယေဟောဝါအား ကိုးကွယ်သူတို့ ခံစားရသော လွတ်လပ်မှု

၁၊ ၂။ (က) ပထမ လူသားမောင်နှံတို့အား အဘယ်သို့သော လွတ်လပ်မှုမျိုးကို ဘုရားသခင် ပေးတော်မူခဲ့သနည်း။ (ခ) အာဒံနှင့် ဧဝတို့၏ လှုပ်ရှားဆောင်ရွက်မှုကို ထိန်းချုပ်သည့် နိယာမတရားအချို့ကို ဖော်ပြပါ။

ပထမ လူယောက်ျားနှင့် လူမိန်းမတို့ကို ယေဟောဝါ ဖန်ဆင်းခဲ့စဉ်က သူတို့သည် ယနေ့ လူသားများ ခံစားနေရသည့် မည်သည့် လွတ်လပ်မှုထက်မဆို များစွာသာလွန်သည့် လွတ်လပ်မှုကို ခံစားမွေ့လျော်ခဲ့ကြသည်။ သူတို့၏စံအိမ်သည် သာယာလှပသည့် ဧဒင်ဥယျာဉ် ပရဒိသုဘုံ ဖြစ်သည်။ ကိုယ်စိတ်နှစ်ပါး စုံလင်သောကြောင့် သူတို့၏ ဘဝသာယာမှုကို ဖျက်ဆီးနှောင့်ယှက်သည့် ဖျားနာမှုများ မရှိချေ။ ထိုအချိန်မှစ၍ လူတိုင်း ကြုံတွေ့ခဲ့ရသည့် သေခြင်းက သူတို့ကို စောင့်ကြိုနေခြင်း မရှိခဲ့ချေ။ ထို့ပြင် သူတို့သည် စက်ရုပ်များလည်း မဟုတ်ကြချေ။ သဘောရှိ ဆုံးဖြတ်နိုင်သည့် စွမ်းရည်ဖြစ်သည့် ကိုယ်ပိုင်ဖန်တီးခွင့်တည်းဟူသော အံ့ချီးဖွယ် ဆုကျေးဇူးကို သူတို့ရရှိထားကြသည်။ သို့သော်လည်း အလွန်ကောင်းသော ထိုလွတ်လပ်မှုကို ဆက်လက် မွေ့လျော်ခံစားနိုင်ရန် ဘုရားသခင့် ပညတ်တရားများကို လေးစားလိုက်နာရပေမည်။

၂ သာဓကအနေနှင့် ဘုရားသခင် ပြဋ္ဌာန်းထားသည့် ရူပနိယာမတရားများကို စဉ်းစားသုံးသပ်ကြည့်ပါ။ ထို နိယာမတရားများသည် စာထက်အက္ခရာတင်ထားသော ပညတ်တရားများ ဟုတ်ချင်မှဟုတ်မည်။ သို့သော် အာဒံနှင့် ဧဝတို့သည် ၎င်းတို့ကို ပင်ကိုသဘာဝအလျောက် နာခံတတ်အောင် ဖန်ဆင်းထားခြင်းခံရသည်။ စားချင်စိတ်က စားဖို့လိုကြောင်း၊ ရေဆာခြင်းက သောက်ဖို့လိုကြောင်း၊ နေဝင်ခြင်းက အိပ်ဖို့လိုကြောင်း အချက်ပြသည်။ ယေဟောဝါသည် သူတို့အား အလုပ်တာဝန်တစ်ရပ်လည်း ပေးတော်မူ၏။ စင်စစ်အားဖြင့် ထိုတာဝန်မှာ ပညတ်ဥပဒေတစ်ရပ် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အပြုအမူများကို စိုးမိုးသွားမည် ဖြစ်သောကြောင့်တည်း။ သူတို့သည် သားသမီးများကို မွေးဖွား၍ မြေကြီးပေါ်ရှိ ဇီဝပုံစံအမျိုးမျိုးကို အုပ်စိုးကာ ပရဒိသုဘုံ၏ နယ်နိမိတ်ကို တစ်ကမ္ဘာလုံး သိမ်းကျုံးပါဝင်သည်အထိ တိုးချဲ့သွားရမည်။ (ကမ္ဘာဦး ၁:၂၈; ၂:၁၅) နှစ်သက်ဖွယ်ကောင်း၍ အကျိုးဖြစ်ထွန်းသော ပညတ်ဥပဒေပါတကား! သူတို့အား လုံးလုံးလျားလျား ကျေနပ်မှုရှိစေသည့် အလုပ်မျိုး ပေးအပ်သည့်အပြင်၊ သူတို့၏ စွမ်းပကားများကိုလည်း အကျိုးရှိသည့်နည်းဖြင့် အပြည့်အဝ အသုံးချနိုင်သော အလုပ်မျိုးဖြစ်ပေသည်။ အလုပ်တာဝန်ကို ထမ်းဆောင်ပုံနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချရာ၌လည်း လွတ်လပ်မှုများစွာ ရရှိထားသည်။ အဘယ်အရာ လိုအပ်သေးသနည်း။

၃။ အာဒံနှင့် ဧဝတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ချခြင်း လွတ်လပ်ခွင့်ကို အမြော်အမြင်ရှိရှိ အသုံးပြုရန် အဘယ်သို့ သင်ယူခဲ့နိုင်သနည်း။

၃ အာဒံနှင့် ဧဝတို့သည် ဆုံးဖြတ်ပိုင်ခွင့် ရရှိထားလင့်ကစား မည်သို့ပင် ဆုံးဖြတ်ချက်ချချ အကျိုးရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟူ၍ကား မဆိုလိုပေ။ သူတို့၏ ဆုံးဖြတ်ချက်ချခြင်း လွတ်လပ်ခွင့်ကို ဘုရားသခင်၏ ပညတ်ဥပဒေများနှင့် အခြေခံမူများဆိုင်ရာ နယ်နိမိတ်ဘောင်အတွင်း ကျင့်သုံးရမည်ဖြစ်သည်။ ၎င်းတို့ကို သူတို့ မည်သို့ သိရှိနိုင်သနည်း။ သူတို့ကို ပြုလုပ်သောအရှင်၏ စကားတော်ကို နားထောင်ခြင်းအားဖြင့်၊ အမှုတော်များကို စူးစမ်းလေ့လာခြင်းအားဖြင့် သိရှိနိုင်ပေသည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝအား သူတို့တတ်သိရာများကို လက်တွေ့အသုံးချနိုင်ရန် လိုအပ်သည့် ဉာဏ်ရည်ကို ပေးထားတော်မူ၏။ သူတို့သည် စုံလင်စွာ ဖန်ဆင်းခံရသည်ဖြစ်သဖြင့် ဆုံးဖြတ်ချက်များချရာတွင် ဘုရားသခင်၏ ဂုဏ်ရည်တော်များကို ပင်ကိုသဘာဝအလျောက် ထင်ဟပ်စေမည်ဖြစ်သည်။ မှန်ပါသည်၊ သူတို့အတွက် ဘုရားသခင် လုပ်ဆောင်ပေးခဲ့သမျှကို အမှန်ပင် ကျေးဇူးတင်လေးမြတ်၍ စိတ်တော်နှင့် အမှန်တွေ့လိုမည်ဆိုပါက ဆုံးဖြတ်ချက်များ ချရာတွင် ဂရုတစိုက် ပြုလုပ်ကြမည်ဖြစ်သည်။—ကမ္ဘာဦး ၁:၂၆၊ ၂၇; ယောဟန် ၈:၂၉။

၄။ (က) အပင်တစ်ပင်၏အသီးကို မစားရန် အာဒံနှင့်ဧဝအား ပေးခဲ့သည့် ပညတ်ချက်သည် သူ့တို့အား လွတ်လပ်မှု ဆုံးရှုံးစေခဲ့သလော။ (ခ) ၎င်းသည် အဘယ်ကြောင့် သင့်လျော်သည့် တောင်းဆိုချက် ဖြစ်သနည်း။

၄ ထိုအခါ ဘုရားသခင်က မိမိအား အသက်သခင်အဖြစ် သူတို့၏ ဆည်းကပ်မြှုပ်နှံမှုနှင့် မိမိ သတ်မှတ်ထားသည့် နယ်နိမိတ်ဘောင်အတွင်း သူတို့ နေလိုခြင်း ရှိမရှိကို စမ်းသပ်ရန် တရားသဖြင့် ရွေးချယ်ဆုံးဖြတ်တော်မူ၏။ ယေဟောဝါက အာဒံအား ဤပညတ်ကို ပေးတော်မူ၏– “ထိုဥယျာဉ်၌ ရှိသမျှသော အပင်များ၏ အသီးကို သင် စားရသောအခွင့်ရှိ၏။ ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် အမှန်သေရမည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇၊ သမ္မာ) ဧဝ ဖန်ဆင်းခံရပြီးနောက်တွင် သူ့အားလည်း ဤပညတ်ကို အသိပေးခဲ့သည်။ (ကမ္ဘာဦး ၃:၂၊ ၃) ဤကန့်သတ်ချက်က သူတို့အား လွတ်လပ်မှု ဆုံးရှုံးစေခဲ့သလော။ မဆုံးရှုံးစေခဲ့ပါ။ ထိုအပင်တစ်ပင်၏ အသီးကို စားစရာမလိုဘဲ အခြားနှစ်သက်ဖွယ် စားစရာ အမြောက်အမြားရှိသည်။ (ကမ္ဘာဦး ၂:၈၊ ၉) ကမ္ဘာမြေကြီးကို ဘုရားသခင် ဖန်ဆင်းသည်ဖြစ်ရာ ယင်းကို ကိုယ်တော် ပိုင်တော်မူကြောင်း သူတို့ အသိအမှတ်ပြုရန် အထူးသင့်လျော်ပေသည်။ ထို့ကြောင့် မိမိ၏ ရည်ရွယ်ချက်နှင့် သင့်လျော်၍ လူသားများအတွက် အကျိုးပြုသော ပညတ်ဥပဒေများကို ပြဋ္ဌာန်းပိုင်ခွင့် ရှိတော်မူ၏။—ဆာလံ ၂၄:၁၊ ၁၀။

၅။ (က) အာဒံနှင့် ဧဝတို့သည် ၎င်းတို့ရရှိထားသည့် ခမ်းနားထည်ဝါသော လွတ်လပ်မှုကို မည်သို့ လက်လွတ်ဆုံးရှုံးလိုက်ကြသနည်း။ (ခ) အာဒံနှင့် ဧဝတို့ မွေ့လျော်ခံစားခဲ့ရသည့် လွတ်လပ်မှုအစား အဘယ်အရာ ဝင်ရောက်လာခဲ့သနည်း။ ကျွန်ုပ်တို့ကို မည်သို့ ထိခိုက်ခဲ့သနည်း။

၅ သို့သော် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ ကောင်းကင်တမန်တစ်ပါးသည် တစ်ကိုယ်ကောင်းဆန်သော ကြီးမားသည့်ရည်မှန်းချက်၏ စေ့ဆော်မှုကြောင့် သူ၏ကိုယ်ပိုင်ဖန်တီးခွင့်ကို အလွဲသုံးခြင်းဖြင့် စာတန်ဖြစ်လာခဲ့သည်။ စာတန်၏အဓိပ္ပာယ်မှာ “ခုခံသူ” ဖြစ်၏။ သူသည် ဘုရားသခင့် အလိုတော်နှင့် ဆန့်ကျင်သောအရာကို အယုံသွင်းခြင်းအားဖြင့် ဧဝကို လှည့်စားခဲ့သည်။ (ကမ္ဘာဦး ၃:၄၊ ၅) အာဒံသည် ဧဝနှင့်ပူးပေါင်း၍ ဘုရားသခင့် ပညတ်ဥပဒေကို ချိုးဖောက်ခဲ့သည်။ မိမိတို့ မပိုင်သောအရာကို လှမ်းယူခြင်းအားဖြင့် သူတို့၏ ခမ်းနားထည်ဝါသော လွတ်လပ်မှုကို လက်လွှတ်ဆုံးရှုံးခဲ့သည်။ အပြစ်တရားသည် သူတို့၏ အရှင်သခင်ဖြစ်လာပြီး ဘုရားသခင် သတိပေးခဲ့သည့်အတိုင်း နောက်ဆုံးတွင် သေခြင်းတရား လိုက်ပါခဲ့သည်။ သားမြေးတို့အား သူတို့ပေးခဲ့သည့် အမွေမှာ အပြစ်ဖြစ်သည်။ မကောင်းမှုဘက် တိမ်းညွတ်သည့် မွေးရာပါဉာဉ်ဆိုး၌ ၎င်းကို ထင်ရှားစွာတွေ့ရသည်။ အပြစ်တရားသည် နာခြင်း၊ အိုခြင်းနှင့် သေခြင်းတို့ကို ဖြစ်ပွားစေသည့် အားနည်းမှုများကိုပါ ဖြစ်ပေါ်စေခဲ့သည်။ မကောင်းမှုဘက် တိမ်းညွတ်သည့် ဉာဉ်ဆိုးသည် စာတန်၏သြဇာကြောင့် ပို၍ဆိုးလာရာမှ မုန်းတီးမှု၊ ရာဇဝတ်မှု၊ ဖိစီးနှိပ်စက်မှုနှင့် အသက် သန်းပေါင်းများစွာကို သေဆုံးစေခဲ့သည့် စစ်ပွဲများနှင့်ပြည့်နေသည့် လူ့ဘောင်အဖွဲ့အစည်းကို ပေါ်ထွန်းစေခဲ့သည်။ အစကနဦးက လူသားတို့အား ဘုရားသခင် ပေးခဲ့သည့် လွတ်လပ်မှုနှင့် အခြားကြီး ခြားလှပါသည်တကား!—တရားဟောရာ ၃၂:၄၊ ၅; ယောဘ ၁၄:၁၊ ၂; ရောမ ၅:၁၂; ဗျာဒိတ် ၁၂:၉။

လွတ်လပ်မှုကို တွေ့နိုင်သည့်နေရာ

၆။ (က) လွတ်လပ်မှုအစစ်အမှန်ကို အဘယ်နေရာတွင် တွေ့နိုင်သနည်း။ (ခ) အဘယ်သို့သော လွတ်လပ်မှုမျိုးအကြောင်းကို ယေရှု ဟောကြားတော်မူခဲ့သနည်း။

၆ ယနေ့ နေရာတိုင်း၌ တွေ့နေရသည့် အခြေအနေဆိုးများကိုထောက်လျှင် လူတို့သည် ပို၍ကြီးမားသည့် လွတ်လပ်မှုကို လိုလားတောင့်တကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် စစ်မှန်သော လွတ်လပ်မှုကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။ ယေရှုက “သင်တို့သည် ငါ၏ဒေသနာ၌ တည်နေလျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” ဟုမိန့်တော်မူ၏။ (ယောဟန် ၈:၃၁၊ ၃၂) ဤလွတ်လပ်မှုမှာ အုပ်စိုးရှင်တစ်ဦး၊ သို့မဟုတ် အစိုးရအဖွဲ့တစ်ဖွဲ့ကို ပယ်၍ အခြားတစ်ဦး၊ အခြားတစ်ဖွဲ့ကို တင်မြှောက်ခြင်းဖြင့် လူတို့ရရှိရန် မျှော်လင့်ကြသည့် လွတ်လပ်မှုမျိုး မဟုတ်ပေ။ သို့အစား ဤလွတ်လပ်မှုသည် လူ့ပြဿနာ၏ အရင်းအမြစ်ကို ပယ်ရှင်းပစ်မည့် လွတ်လပ်မှုမျိုးဖြစ်သည်။ ယေရှု ဆွေးနွေးနေသည့် လွတ်လပ်မှုမှာ အပြစ်တရား၏ အချုပ်အနှောင်မှ လွတ်မြောက်ခြင်းဖြစ်သည်။ (ယောဟန် ၈:၂၄၊ ၃၄-၃၆) သို့ဖြစ်သောကြောင့် လူတစ်ဦးသည် ယေရှုခရစ်၏ တပည့်စစ်ဖြစ်လာလျှင် သူ့ဘဝတွင် သိသာသောပြောင်းလဲမှု၊ လွတ်မြောက်မှု တွေ့ကြုံခံစားရပေသည်။

၇။ (က) အဘယ်သဘောမျိုးဖြင့် အပြစ်တရားမှ ယခု ကျွန်ုပ်တို့ လွတ်မြောက်နိုင်သနည်း။ (ခ) ထိုလွတ်လပ်မှုကို ရရှိရန် ကျွန်ုပ်တို့ အဘယ်အရာပြု လုပ်ရမည်နည်း။

၇ လောလောဆယ်အချိန်၌ပင် စစ်မှန်သောခရစ်ယာန်တို့သည် အပြစ်ရှိသော အကျင့်အကြံဘက် တိမ်းညွတ်သည့် မွေးရာပါဉာဉ်ဆိုး၏ အကျိုးဆက်များမှ လွတ်မြောက်သွားပြီဟူ၍ကား မဟုတ်ပေ။ သူတို့သည် အပြစ်တရားကို အမွေခံခဲ့ကြသည်ဖြစ်ရာ ယင်းအတွက်ကြောင့် ရုန်းကန်တိုက်လှန် နေကြရဆဲဖြစ်သည်။ (ရောမ ၇:၂၁-၂၅) သို့သော် လူတစ်ဦးသည် ယေရှု၏ သွန်သင်ချက်များနှင့်အညီ တကယ်ကြိုးစား၍ နေထိုင်မည်ဆိုပါက အပြစ်၏ကျွန်ဘဝမှ လွတ်မြောက်ပေမည်။ အပြစ်တရားသည် သူ့အတွက် အာဏာရှင် မဟုတ်တော့သကဲ့သို့ သူသည်လည်း ပေးသမျှအမိန့်များကို မျက်စိမှိတ်၍ နာခံရသူ မဟုတ်တော့ချေ။ ရည်ရွယ်ချက် ကင်းမဲ့၍ ဩတ္တပ္ပစိတ် ညစ်ညူးသည့်ဘဝမျိုး၌ ကျော့မိနေမည်လည်း မဟုတ်တော့ချေ။ ခရစ်တော်၏ ပူဇော်သကာကို ယုံကြည်ခြင်းကြောင့် အတိတ်မှအပြစ်များ ဖြေလွှတ်ခံရပြီဖြစ်သောကြောင့် ဘုရားသခင့် ရှေ့တော်တွင် ကြည်လင်သော ဩတ္တပ္ပစိတ် ရရှိမည်ဖြစ်သည်။ အပြစ်ရှိသော ဉာဉ်ဆိုးများက ခြယ်လှယ်ကြိုးကိုင်ရန် အားထုတ်လာသည့်အခါများ၌ ခရစ်တော်၏ စင်ကြယ်သော သွန်သင်ချက်များကို သတိရ၍ အပြစ်၏ စေစားရာအတိုင်း မလိုက်ဘဲ ငြင်းပယ်ခြင်းအားဖြင့် အပြစ်တရားသည် မိမိ၏ အရှင်သခင် မဟုတ်တော့ကြောင်း ပြသလေသည်။—ရောမ ၆:၁၂-၁၇။

၈။ (က) အဘယ်လွတ်လပ်မှုများကို စစ်မှန်သော ခရစ်ယာန်ဘာသာက ကျွန်ုပ်တို့အား ပေးထားသနည်း။ (ခ) လောကီ အစိုးရမင်းများအပေါ် ကျွန်ုပ်တို့ မည်သို့ သဘောထားသင့်သနည်း။

၈ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့ ရရှိခံစားနေရသည့် လွတ်လပ်မှုများကို စဉ်းစားသုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့သည် မှားယွင်းသည့် သွန်သင်ချက်များ၏ အကျိုးဆက်များမှလည်းကောင်း၊ အယူသီးမှု၏ အချုပ်အနှောင်မှလည်းကောင်း၊ အပြစ်တရား၏ ကျွန်ဘဝမှလည်းကောင်း လွတ်မြောက်ခဲ့ကြပြီ။ သေလွန်သူတို့၏ အခြေအနေနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အံ့ဖွယ်သမ္မာတရားများကလည်း ကျွန်ုပ်တို့အား သေခြင်းတရားကို တရားလွန် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်စေခဲ့ပြီ။ များမကြာမီ မစုံလင်သော လူ့အစိုးရများ၏ နေရာ၌ ဘုရားသခင့် ဖြောင့်မတ်သော နိုင်ငံတော် တည်ထောင်လာမည့်အကြောင်း သိရှိရခြင်းကလည်း ကျွန်ုပ်တို့အား မျှော်လင့်ချက် ကင်းမဲ့သည့်ဘဝမှ လွတ်မြောက်စေသည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၁၀) သို့သော် ထိုသို့သော လွတ်လပ်ခြင်းက အစိုးရအာဏာပိုင်များနှင့် သူတို့၏ တရားဥပဒေများကို မထီမဲ့မြင်ပြုရန် ခိုင်လုံသည့် အကြောင်းပြချက် မဟုတ်ပါ။—တိတု ၃:၁၊ ၂; ၁ ပေတရု ၂:၁၆၊ ၁၇။

၉။ (က) ယခု လူသားများ ရရှိခံစားနိုင်သည့် လွတ်လပ်မှုကို အပြည့်အဝ ခံစားနိုင်ရန် ကျွန်ုပ်တို့အား ယေဟောဝါ မေတ္တာရှိစွာ မည်သို့ ကူညီမစတော်မူသနည်း။ (ခ) အမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့ မည်သို့ချနိုင်သနည်း။

၉ ယေဟောဝါသည် ကျွန်ုပ်တို့အား အကောင်းဆုံး ဘဝလမ်းစဉ်ကို မိမိတို့ဘာသာ စမ်းကြည့်ပြုပြင်၍ ရှာဖွေဖော်ထုတ်ရန် လွှတ်ထားတော်မမူ။ ကျွန်ုပ်တို့၏ တည်ဆောက်ခံရပုံ၊ ကျွန်ုပ်တို့အား ကျေနပ်ရောင့်ရဲမှုအစစ် ပေးနိုင်သည့်အရာနှင့် ကျွန်ုပ်တို့အား ထာဝစဉ် အကျိုးပြုသည့်အရာတို့ကို ကိုယ်တော် သိတော်မူ၏။ လူတစ်ဦးအား ဘုရားသခင်နှင့်လည်းကောင်း၊ လူသားအချင်းချင်းနှင့်လည်းကောင်း ဆက်ဆံရေး ပျက်ပြားစေနိုင်ရုံမက ထိုသူအား ကမ္ဘာသစ်ထဲ ဝင်ခွင့်မရအောင် ပိတ်ပင်ဟန့်တားဖွယ်ရှိသည့် အတွေးအခေါ်များနှင့် အကျင့်အကြံများကိုလည်း ကိုယ်တော် သိတော်မူ၏။ ယေဟောဝါသည် မေတ္တာရှိစွာဖြင့် ဤအကြောင်းအရာတို့ကို သမ္မာကျမ်းစာနှင့် မျက်မြင်ရ အဖွဲ့အစည်းတော်အားဖြင့် ကျွန်ုပ်တို့အား အသိပေးတော်မူ၏။ (မာကု ၁၃:၁၀; ဂလာတိ ၅:၁၉-၂၃; ၁ တိမောသေ ၁:၁၂၊ ၁၃) ထို့နောက် ဘုရားပေး ကိုယ်ပိုင်ဖန်တီးခွင့်ကို အသုံးပြုလျက် မည်သို့တုံ့ပြန်မည်ကို ဆုံးဖြတ်ရမည်မှာ ကျွန်ုပ်တို့၏တာဝန် ဖြစ်ပေသည်။ အာဒံကဲ့သို့ မဟုတ်ဘဲ ကျမ်းစာ၏ မိန့်မှာချက်များကို နှလုံးသွင်းကြမည်ဆိုလျှင် ပညာရှိသည့် ဆုံးဖြတ်ချက်များ ချကြမည်ဖြစ်သည်။ ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေး ရှိခြင်းသည် ဘဝတွင် အဓိကဖြစ်ကြောင်း ကျွန်ုပ်တို့ ဖော်ပြကြပေမည်။

လွတ်လပ်မှု နောက်တစ်မျိုးကို လိုလားခြင်း

၁၀။ အဘယ်သို့သော လွတ်လပ်မှုမျိုးကို ယေဟောဝါသက်သေ ဖြစ်သူအချို့က လှမ်းယူခဲ့ကြသနည်း။

၁၀ တစ်ခါတစ်ရံ ယေဟောဝါသက်သေများဖြစ်ကြသော လူငယ်များနှင့် လူလတ်ပိုင်းအရွယ် အချို့တို့သည် လွတ်လပ်မှု နောက်တစ်မျိုးကို လိုချင်တောင့်တသည့်ဆန္ဒ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်တတ်ကြသည်။ လောကကြီးသည် မက်မောဖွယ်ရာ အသွင်အပြင် ပေါက်နေမည်၊ ၎င်းကို စဉ်းစားလေလေ၊ လောကတွင် လူကြိုက်များသော ခရစ်ယာန်မဆန်သည့် အရာများကို ပြုလုပ်လိုသည့်ဆန္ဒ ပို၍ ပြင်းပြလာလေလေ ဖြစ်လာမည်။ ထိုသူတို့သည် မူးယစ်ဆေး အလွဲသုံးရန်၊ အရက် အလွန်အကျွံသောက်ရန်၊ မတရားမေထုန်ပြုရန် ရည်ရွယ်ချက် ရှိချင်မှရှိမည်။ သို့သော် ခရစ်ယာန်စစ် မဟုတ်သူအချို့၏ နှစ်သက်လက်ခံမှုကို လိုလားသဖြင့် သူတို့နှင့် စ၍ပေါင်းသင်းကြပေမည်။ ထိုသူတို့၏ အပြောအဆိုနှင့် အကျင့်အကြံတို့ကိုပင် မသိမသာ စတင် အတုခိုးကောင်း ခိုးလာကြမည်။—၃ ယောဟန် ၁၁။

၁၁။ အမှားပြုရန် သွေးဆောင်မှုသည် တစ်ခါတစ်ရံတွင် အဘယ်နေရာမှ ထွက်ပေါ်လာတတ်သနည်း။

၁၁ တစ်ခါတစ်ရံတွင် ခရစ်ယာန် မပီသသော အကျင့်အကြံများ ပြုကျင့်စေရန် ယေဟောဝါအား ဝတ်ပြုနေသည်ဟုဆိုသူ တစ်ဦးဦးက သွေးဆောင်တတ်ပေသည်။ ကနဦး ခရစ်ယာန်အချို့ ထိုသို့ပြုခဲ့ကြသည်ဖြစ်ရာ ကျွန်ုပ်တို့ခေတ်တွင်လည်း ထိုအတိုင်းပင် ဖြစ်နိုင်ပေသည်။ ထိုသို့သောသူတို့သည် သာယာပျော်ရွှင်မှု ပေးနိုင်သည်ဟုယူဆသော အရာများကို ပြုလုပ်လိုသည့်သဘော ရှိတတ်ကြသည်။ သို့သော် ထိုအရာများသည် ဘုရားသခင့် ပညတ်တရားများနှင့် ဆန့်ကျင်ကြသည်။ အခြားသူတို့ကို “ပျော်ပါးလိုက်စမ်းပါ” ဟုတိုက်တွန်းကြသည်။ သူတို့သည် ‘မိမိတို့ကိုယ်တိုင် အကျင့်ပျက်ပြားခြင်း၏ကျွန် ဖြစ်လျက်နှင့် လွတ်လပ်မှုကို ကတိပေးကြသည်။’—၂ ပေတရု ၂:၁၉။

၁၂။ ဘုရားသခင့်ပညတ်ဥပဒေများ၊ အခြေခံမူများနှင့်ဆန့်ကျင်သော အကျင့်အကြံ၏ ဝမ်းနည်းဖွယ်ရာ အကျိုးရလဒ်များကား အဘယ်နည်း။

၁၂ ထိုသို့သော လွတ်လပ်မှုမျိုးသည် ဘုရားသခင့် ပညတ်ဥပဒေများကို နာမခံခြင်းဖြစ်သဖြင့် ဖြစ်ပေါ်လာသည့် အကျိုးရလဒ်များမှာ အစဉ်သဖြင့် အဆိုးများသာဖြစ်၏။ သာဓကအားဖြင့် တရားမဝင် လိင်ဆက်ဆံခြင်းဖြင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဗလောင်ဆူခြင်း၊ ရောဂါ၊ သေခြင်း၊ မလိုချင်သောကိုယ်ဝန် ရတတ်သည့်အပြင် အိမ်ထောင်ပင် ပြိုကွဲပျက်စီးနိုင်ပေသည်။ (၁ ကောရိန္သု ၆:၁၈; ၁ သက်သာလောနိတ် ၄:၃-၈) မူးယစ်ဆေးဝါးသုံးခြင်းဖြင့် ဒေါသထွက်လွယ်ခြင်း၊ စကားထစ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ အာရုံချောက်ချားခြင်းနှင့် သေခြင်းတို့ကို ဖြစ်စေနိုင်သည်။ မူးယစ်ဆေးဝါး စွဲနေနိုင်သဖြင့် ဤအကျင့်ဆိုးအတွက် အသုံးစရိတ် ကာမိစေရန် ရာဇဝတ်မှုကိုပါ ကျူးလွန်စေနိုင်သည်။ အရက်ကို အလွဲသုံးခြင်းဖြင့်လည်း အလားတူဆိုးကျိုးများ ဖြစ်ပေါ်တတ်သည်။ (သု. ၂၃:၂၉-၃၅) ထိုသို့ပြုကျင့်သူတို့သည် သူတို့ကိုသူတို့ လွတ်လပ်သည်ဟု ထင်ကြသော်လည်း အပြစ်တရား၏ ကျေးကျွန်ဖြစ်နေမှန်း သိလိုက်ရချိန်တွင် အလွန်အခါနှောင်းသွားပေပြီ။ အပြစ်တရားသည် အကြင်နာမဲ့လှသော အရှင်သခင်ပါတကား! ဤကိစ္စကို ယခုကတည်းက စဉ်းစားဆင်ခြင်ခြင်းဖြင့် ထိုသို့တွေ့ကြုံခံစားရခြင်းမှ အကာအကွယ် ရရှိနိုင်ပေသည်။—ဂလာတိ ၆:၇၊ ၈။

ပြဿနာများ စတင်ရာနေရာ

၁၃။ (က) ပြဿနာများသို့ ဦးတည်စေသည့် တပ်မက်သောစိတ်သည် အဘယ်သို့ နိုးကြွလာသနည်း။ (ခ) ‘မကောင်းသော အပေါင်းအသင်းများ’ သည်မည်သူတို့ဖြစ်ကြောင်း သိရှိနားလည်ရန် မည်သူ၏ ရှုထောင့်သဘောထားကို ကျွန်ုပ်တို့ လိုအပ်သနည်း။ (ဂ) အပိုဒ် ၁၃ ၌ဖော်ပြထားသော မေးခွန်းများကို ဖြေဆိုရာ၌ ယေဟောဝါ၏ ရှုထောင့်သဘောထားကို အလေးထားဖော်ပြပါ။

၁၃ ပြဿနာများ အများအားဖြင့် စတင်တတ်သည့် နေရာအကြောင်းကို စဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာက “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏” ဟုရှင်းပြသည်။ (ယာကုပ် ၁:၁၄၊ ၁၅) တပ်မက်သောစိတ် အဘယ်သို့ နိုးကြွလာသနည်း။ စိတ်ထဲသို့ ဝင်လာသည့်အရာ အားဖြင့်ဖြစ်သည်။ များသောအားဖြင့် ကျမ်းစာမူများကို မကျင့်သုံးသူများနှင့် ပေါင်းသင်းရာမှ ထိုသို့ဖြစ်လာတတ်သည်။ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်း“ ကိုရှောင်သင့်ကြောင်း ကျွန်ုပ်တို့အားလုံး သိကြသည်မှာ ဆိုဖွယ်မရှိ။ (၁ ကောရိန္သု ၁၅:၃၃) သို့သော် အဘယ်သို့သော ပေါင်းသင်းခြင်းသည် မကောင်းသောပေါင်းသင်းခြင်း ဖြစ်သနည်း။ ဤကိစ္စကို ယေဟောဝါ အဘယ်သို့ မြင်တော်မူသနည်း။ အောက်ပါမေးခွန်းများကို ဆင်ခြင်စဉ်းစား၍ ရည်ညွှန်းထားသည့် ကျမ်းချက်များကို ရှာဖွေလေ့လာခြင်းဖြင့် မှန်ကန်သောကောက်ချက် ချနိုင်အောင် ထောက်ကူပေလိမ့်မည်။

လူအချို့တို့သည် ဂုဏ်သရေ ရှိဟန်ပေါက်ရုံနှင့် ကောင်းသောအပေါင်းအသင်းများ ဖြစ်သည်ဟုဆိုမည်လော။ (ကမ္ဘာဦး ၃၄:၁၊၂၊ ၁၈၊ ၁၉)

သူတို့ပြောသည့် စကား၊ ရယ်စရာပြက်လုံးများက သူတို့နှင့် ရင်းရင်းနှီးနှီး ပေါင်းသင့်မပေါင်းသင့် သိသာစေနိုင်သလော။ (ဧဖက် ၅:၃၊ ၄)

ယေဟောဝါကို မချစ်သောသူတို့နှင့် ရင်းနှီးစွာပေါင်းသင်းခြင်းကို ကျွန်ုပ်တို့ ရွေးချယ်မည်ဆိုလျှင် ကိုယ်တော် မည်သို့ သဘောထားတော်မူမည်နည်း။ (၂ ရာဇဝင်ချုပ် ၁၉:၁၊ ၂)

ကျွန်ုပ်တို့နှင့် ယုံကြည်ခြင်း မတူသူတို့နှင့်အတူ အလုပ်လုပ်ရ၊ ကျောင်းသွားရသော်လည်း အဘယ်ကြောင့် သတိထားရမည်နည်း။ (၁ ပေတရု ၄:၃၊ ၄)

ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ကြည့်ခြင်း၊ အင်တာနက် အသုံးပြုခြင်း၊ စာအုပ်၊ မဂ္ဂဇင်းနှင့် သတင်းစာ ဖတ်ခြင်းတို့သည် အခြားသူတို့နှင့် ပေါင်းသင်းခြင်း နည်းလမ်းများဖြစ်သည်။ ထိုသို့သော ဇာစ်မြစ်များမှလာသည့် အဘယ်သို့သော အကြောင်းအရာများကို သတိထားရမည်နည်း။ (သုတ္တံ ၃:၃၁; ဟေရှာယ ၈:၁၉; ဧဖက် ၄:၁၇-၁၉)

ကျွန်ုပ်တို့၏ အပေါင်းအသင်း ရွေးချယ်ပုံက ကျွန်ုပ်တို့သည် မည်သို့သော လူစားများဖြစ်ကြောင်း ယေဟောဝါအား ဖော်ပြသနည်း။ (ဆာလံ ၂၆:၁၊ ၄၊ ၅; ၉၇:၁၀)

၁၄။ ဘုရားသခင့် နှုတ်ကပါဌ်တော်မှ အကြံပေးချက်ကို ယခု သစ္စာရှိစွာ လိုက်နာကျင့်သုံးသူတို့အဖို့ အဘယ် ကြီးကျယ်ခမ်းနားသော လွတ်လပ်မှု ကြိုလင့်လျက်ရှိသနည်း။

၁၄ ကျွန်ုပ်တို့၏ လက်တစ်ကမ်း အနာဂတ်တွင် ဘုရားသခင်၏ ကမ္ဘာသစ် ရှိနေသည်။ ဘုရားသခင့် ကောင်းကင်နိုင်ငံတော် အစိုးရအားဖြင့် လူသားတို့သည် စာတန်နှင့် ၎င်း၏ဆိုးယုတ်သော အစီအစဉ်စနစ် တစ်ရပ်လုံး၏သြဇာမှ လွတ်မြောက်ကြမည်ဖြစ်သည်။ အပြစ်တရား၏ အကျိုးဆက်များကို နာခံမှုရှိသော လူသားများမှ တဖြည်းဖြည်း ဖယ်ရှားပစ်မည်ဖြစ်ရာ ကာယစိတ္တနှစ်တန်စလုံး စုံလင်လာကြမည်ဖြစ်သဖြင့် ကျွန်ုပ်တို့သည် ပရဒိသုတွင် ထာဝရအသက်ကို မွေ့လျော်ခံစားနိုင်မည်ဖြစ်သည်။ နောက်ဆုံးတွင် “ယေဟောဝါ၏ ဝိညာဉ်တော်” နှင့်အပြည့်အဝ သဟဇာတဖြစ်သည့် လွတ်လပ်မှုကို ဖန်ဆင်းခံ သတ္တဝါခပ်သိမ်း ခံစားကြရလတ္တံ့။ (၂ ကောရိန္သု ၃:၁၇၊ ကဘ) ဘုရားသခင့် နှုတ်မြွက်စကားတော်မှ အကြံပေးချက်ကို ယခု လျစ်လျူရှုခြင်းကြောင့် ထိုအရာအားလုံး လက်လွတ်ဆုံးရှုံးခံမည်ဆိုလျှင် ဉာဏ်အမြော်အမြင် ရှိရာရောက်ပါမည်လော။ ယနေ့ ကျွန်ုပ်တို့၏ ခရစ်ယာန် လွတ်လပ်မှုကို အမြော်အမြင်ရှိရှိ ကျင့်သုံးခြင်းအားဖြင့် ကျွန်ုပ်တို့ အမှန်တကယ် လိုချင်သောအရာမှာ “ဘုရားသခင့် သားသမီးတို့၏ ခမ်းနားထည်ဝါသော လွတ်လပ်မှု” ဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး ရှင်းလင်းပြတ်သားစွာ တင်ပြနိုင်ကြပါစေ။—ရောမ ၈:၂၁၊ ကဘ။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• အဘယ်သို့သော လွတ်လပ်မှုမျိုးကို ပထမ လူသားမောင်နှံ မွေ့လျော်ခဲ့သနည်း။ ထိုလွတ်လပ်မှုသည် ယခု လူသားများ တွေ့ကြုံခံစားနေသည့် အခြေအနေနှင့် မည်သို့ကွာခြားသနည်း။

• စစ်မှန်သော ခရစ်ယာန်များ အဘယ်လွတ်လပ်မှု ရရှိထားကြသနည်း။ ၎င်းသည် လွတ်လပ်မှုအဖြစ် လောကသားများ ယူဆထားကြသည့် အရာများနှင့် မည်သို့ကွဲပြားသနည်း။

• ‘မကောင်းသော အပေါင်းအဖော်များ’ ကိုရှောင်ကြဉ်ရန် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။ ကျွန်ုပ်တို့သည် အာဒံကဲ့သို့မဟုတ်ဘဲ မကောင်းသောအရာသည် အဘယ်အရာဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သူ့ဆုံးဖြတ်ချက်ကို လက်ခံကြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ