-
ငရဲ တကယ် ရှိသလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲကျမ်းစာမေးခွန်းများရဲ့ အဖြေ
-
-
အပြစ်အတွက် ပြစ်ဒဏ်ဟာ မီးငရဲမှာ ညှဉ်းဆဲခံရတာ မဟုတ်ဘဲ သေခြင်း ဖြစ်တယ်လို့ ဘုရား မိန့်မှာတယ်။ ဘုရားရဲ့ ပညတ်ကို ချိုးဖောက်တဲ့အတွက် ပြစ်ဒဏ်ဟာ သေခြင်း ဖြစ်တယ်လို့ အာဒံကို ဘုရား ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇) ငရဲထဲမှာ ထာဝစဉ် ညှဉ်းဆဲခံရမယ့်အကြောင်း မပြောခဲ့ဘူး။ အာဒံ အပြစ်လုပ်ပြီး နောက်ပိုင်းမှာ ဘုရားက “မင်းဟာ မြေမှုန့် ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ပြန်ရမယ်” လို့ ပြောတယ်။ (ကမ္ဘာဦး ၃:၁၉) သူ ဘယ်နေရာမှာမှ မရှိတော့ဘူး။ ဘုရားက အာဒံကို မီးငရဲထဲ ပို့မယ်ဆိုရင် ငရဲပို့မယ်လို့ ပြောမှာ သေချာတယ်။ ပညတ်တွေကို မလိုက်နာလို့ ခံရမယ့် ပြစ်ဒဏ်ကို ဘုရား မပြောင်းလဲဘူး။ အာဒံ အပြစ်လုပ်ပြီး နှစ်အတော်ကြာတဲ့အခါ ဘုရားက ကျမ်းရေးသူတစ်ဦးကို “အပြစ်က ပေးတဲ့ အခဟာ သေခြင်းပဲ” လို့ ရေးသားစေခဲ့တယ်။ (ရောမ ၆:၂၃) “လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပြီ” ဖြစ်လို့ ထပ်ပြီး အပြစ်ပေးစရာ မလိုတော့ဘူး။—ရောမ ၆:၇။
-