ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “အလွန်တောင့်တမျှော်လင့်လျက်” စောင့်နေခြင်း
    ကင်းမျှော်စင်—၁၉၉၈ | စက်တင်ဘာ ၁၅
    • ‘ဖန်ဆင်းတော်မူရာများ၏ တောင့်တမျှော်လင့်ခြင်း’

      ၁၂၊ ၁၃။ ဖန်ဆင်းတော်မူရာလူသားသည် “အနိစ္စနိုင်ငံသို့” မည်သို့လိုက်ကြပြီး အခြားသိုးများသည် အဘယ်အရာကိုတောင့်တကြသနည်း။

      ၁၂ အခြားသိုးများလည်း တောင့်တမျှော်လင့်နေဖို့ အကြောင်းတစ်စုံတစ်ရာရှိသလော။ အမှန်တကယ်ပင်ရှိသည်။ ယေဟောဝါ၏ဝိညာဉ်တော်ဖွား “သားများ” နှင့် ကောင်းကင်နိုင်ငံတွင် ‘ခရစ်တော်နှင့်အတူအမွေခံ’ မည့်သူများအဖြစ် မွေးစားခံရသူများ၏ ဘုန်းအသရေရှိမျှော်လင့်ချက်အကြောင်းပြောပြီးနောက် ပေါလုက ဤသို့ဆက်ဆိုသည်– “ဖန်ဆင်းတော်မူသောအရာများသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေကြ၏။ အကြောင်းမူကား ထိုအရာများသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်ကြသည်မဟုတ်။ ဘုရားသခင်သားတို့၏ ဘုန်းဖြစ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့လိုက်စေတော်မူသောအရှင်၏အလိုတော်ကြောင့်သာ လိုက်ရကြ၏။”—ရောမ ၈:၁၄-၂၁၊ သမ္မာ; ၂ တိမောသေ ၂:၁၀-၁၂။

  • “အလွန်တောင့်တမျှော်လင့်လျက်” စောင့်နေခြင်း
    ကင်းမျှော်စင်—၁၉၉၈ | စက်တင်ဘာ ၁၅
    • ၁၄။ “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း” တွင်အဘယ်အရာပါဝင်ပြီး၊ မည်သို့ “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကယ်လွှတ်” ခြင်းခံရမည်နည်း။

      ၁၄ “ဘုရားသခင့်သား” များဖြစ်သော ဘိသိက်ခံအကြွင်းအကျန်သည် ဦးဆုံး ‘ပေါ်ထွန်း’ ရမည်။ ယင်းတွင် အဘယ်အရာပါဝင်မည်နည်း။ ဘုရားသခင်သတ်မှတ်ထားချိန်တိုင်လေသော် ဘိသိက်ခံများသည်နောက်ဆုံး “တံဆိပ်ခတ်ခြင်းခံ” ခဲ့ကြရပြီး ခရစ်တော်နှင့်အတူအုပ်စိုးရန်ဘုန်းဝင်စားခဲ့ကြကြောင်း အခြားသိုးများသိမြင်လာပါလိမ့်မည်။ (ဗျာဒိတ် ၇:၂-၄) စာတန့်စနစ်ဆိုးကိုဖျက်ဆီးရာတွင် ခရစ်တော်နှင့်အတူပါဝင်ကြသောအခါတွင်လည်း ရှင်ပြန်ထမြောက်သော “ဘုရားသခင့်သား” များသည် ‘ပေါ်ထွန်း’ ကြပါလိမ့်မည်။ (ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၉:၁၄၊ ၁၅) ထို့နောက် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုအတွင်း “ဖန်ဆင်းတော်မူသောအရာ” လူသားများအား ယေရှု၏ရွေးဖိုးပူဇော်သကာအကျိုးကျေးဇူးများကို ဝေငှပေးကမ်းရန်အတွက် ယဇ်ပုရောဟိတ်များအဖြစ် ထပ်ဆင့် ‘ပေါ်ထွန်း’ ကြပါလိမ့်မည်။ ယင်းကြောင့် လူသားများသည် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကယ်လွှတ်” ခံရပြီး နောက်ဆုံး၌ “ဘုရားသခင့်သားတို့၏ဘုန်းဖြစ်သောလွတ်ခြင်းချမ်းသာ” ကိုဝင်စားကြမည်ဖြစ်သည်။ (ရောမ ၈:၂၁; ဗျာဒိတ် ၂၀:၅; ၂၂:၁၊ ၂) ဤထူးမြတ်သောအလားအလာများရှိနေရာ အခြားသိုးများသည် “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေ” ကြခြင်းကိုအံ့သြစရာရှိပါမည်လော။—ရောမ ၈:၁၉။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ