-
‘ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုကွာစေနိုင်’ သည့်အရာ ရှိသလော။ကင်းမျှော်စင်—၂၀၀၈ | ဩဂုတ် ၁
-
-
ဘုရားသခင်၌ ချဉ်းကပ်ကြလော့
‘ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုကွာစေနိုင်’ သည့်အရာ ရှိသလော။
ချစ်မြတ်နိုးမှု မခံလိုသူ မည်သူရှိသနည်း။ မှန်ပါသည်၊ မိသားစုနှင့်မိတ်ဆွေများ၏ ချစ်မြတ်နိုးမှုခံရသောအခါ ကျွန်ုပ်တို့ တိုးတက်အောင်မြင်ကြသည်။ သို့သော် ဝမ်းနည်းစရာကား လူလူချင်းဆက်ဆံရေးသည် အခြေအနေအမျိုးမျိုးကြောင့် အလွယ်တကူပျက်ပြယ်ပြီး ပြောင်းလဲသွားနိုင်သည်။ ချစ်မြတ်နိုးရသူတို့သည် ကျွန်ုပ်တို့ကို နာကျင်စေနိုင်ပြီး လျစ်လျူရှုကာ စွန့်ခွာသွားပေမည်။ သို့သော် ဘယ်သောအခါမျှ မပြောင်းမလဲ ချစ်မြတ်နိုးတတ်သူတစ်ဦး ရှိပါသည်။ မိမိအားဝတ်ပြုကိုးကွယ်သူများအပေါ်ထားရှိသည့် ယေဟောဝါဘုရားသခင်၏ မေတ္တာတရားကို ရောမ ၈:၃၈၊ ၃၉ တွင် လှပစွာဖော်ကျူးထား၏။
-
-
‘ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုကွာစေနိုင်’ သည့်အရာ ရှိသလော။ကင်းမျှော်စင်—၂၀၀၈ | ဩဂုတ် ၁
-
-
“အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ . . . ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်။” မိမိလူမျိုး၏အခြေအနေမှာ မြင့်နေသည်ဖြစ်စေ၊ နိမ့်ကျနေသည်ဖြစ်စေ ယေဟောဝါသည် သူတို့ကို ချစ်မြတ်နိုးတော်မူသည်။
‘အဘယ်အရာမျှ . . . [“အခြားမည်သည့်ဖန်ဆင်းခံအရာမျှ၊” ကဘ] ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်။’ မည်သည့်အရာကမျှ မိမိအား တည်ကြည်စွာဝတ်ပြုသူများအပေါ် ယေဟောဝါ၏မေတ္တာတော်ကို မကွာစေနိုင်ကြောင်း ဖန်ဆင်းရာအားလုံးအကျုံးဝင်သော ထိုစကားများဖြင့် ပေါလုဖော်ပြပြောဆိုခဲ့၏။
ပြောင်းလဲနိုင်သော သို့မဟုတ် မှေးမှိန်သွားနိုင်သော လူ့မေတ္တာနှင့်မတူဘဲ ဘုရားသခင့်မေတ္တာသည် မိမိအား ယုံကြည်စွာ မျှော်လင့်နေသူများအတွက် မပြောင်းမလဲထာဝစဉ်တည်မြဲ၏။ ယင်းကိုသိရှိခြင်းသည် ဘုရားသခင်ထံချဉ်းကပ်ရန်နှင့် ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏မေတ္တာကို အတတ်နိုင်ဆုံးသက်သေထူရန် အမှန်ပင်လှုံ့ဆော်ပေးပါသည်။
-