ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘုရားသခင်၏မေတ္တာတော်မှ ငါတို့ကိုမည်သူကွာစေမည်နည်း
    ကင်းမျှော်စင်—၂၀၀၁ | အောက်တိုဘာ ၁၅
    • ၁၄။ ခရစ်ယာန်များသည် အခက်အခဲများကြုံတွေ့ရမည်ဖြစ်သော်လည်း ဘုရားသခင့်မေတ္တာတော်ကို ပေါလု အဘယ်ကြောင့်ယုံကြည်စိတ်ချခဲ့သနည်း။

      ၁၄ ရောမ ၈:၃၈၊ ၃၉ ကိုဖတ်ပါ။ မည်သည့်အရာကမျှ ခရစ်ယာန်များကို ဘုရားသခင့်မေတ္တာတော်မှ မကွာစေနိုင်ဟု အဘယ်အရာက ပေါလုကိုစိတ်ချစေသနည်း။ ဓမ္မအမှုတွင် ပေါလု၏ကိုယ်ပိုင်အတွေ့အကြုံများက ကျွန်ုပ်တို့အပေါ်ရှိသည့် ဘုရားသခင့်မေတ္တာကို အခက်အခဲများက မထိခိုက်စေနိုင်ဟူသည့် သူ၏ခံယူချက်ကို ပို၍ခိုင်ခံ့စေခဲ့သည်မှာ သေချာသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇; ဖိလိပ္ပိ ၄:၁၃) ထို့ပြင် ယေဟောဝါ၏ထာဝရရည်ရွယ်ချက်နှင့် ကိုယ်တော့်လူမျိုးတော်နှင့် ယခင်က ဆက်ဆံခဲ့ပုံတို့ကို ပေါလုသိထားသည်။ ဘုရားသခင်ကို တည်ကြည်စွာအမှုထမ်းခဲ့သူတို့အပေါ် ကိုယ်တော်ထားသောမေတ္တာတော်ကို သေခြင်းကအနိုင်ယူနိုင်မည်လော။ ဝေးလေစွ! သေဆုံးသွားကြသော ထိုတည်ကြည်သူများသည် ဘုရားသခင်၏တိကျသောမှတ်ဉာဏ်၌ အသက်ရှင်နေကြ၍ အချိန်တန်လျှင် သူတို့ကို ကိုယ်တော်ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။—လုကာ ၂၀:၃၇၊ ၃၈; ၁ ကောရိန္သု ၁၅:၂၂-၂၆။

  • ဘုရားသခင်၏မေတ္တာတော်မှ ငါတို့ကိုမည်သူကွာစေမည်နည်း
    ကင်းမျှော်စင်—၂၀၀၁ | အောက်တိုဘာ ၁၅
    • ၁၆ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ပေါလုခေါ်ဆိုခဲ့သည့် “မျက်မှောက်အရာ”—လက်ရှိအစီအစဉ်စနစ်၏ ဖြစ်ရပ်များနှင့် အခြေအနေများ—ဖြစ်စေ၊ နောင် “လာလတ္တံ့သောအရာ” များဖြစ်စေ တစ်ခုခုက ဘုရားသခင့်လူမျိုးအပေါ် ကိုယ်တော့်တွယ်တာမှုအား ပျက်သွားစေမည်ကို ကြောက်စရာမလိုပေ။ မြေကြီးနှင့် ကောင်းကင်ဆိုင်ရာတန်ခိုးများက ကျွန်ုပ်တို့တစ်ဖက်၌ စစ်တိုက်ကြသော်လည်း ကျွန်ုပ်တို့ကိုထောက်မပေးဖို့ ဘုရားသခင်၏တည်ကြည်သောမေတ္တာတော်ရှိသည်။ ပေါလုဖော်ပြခဲ့သည်အတိုင်း “အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ” ဘုရားသခင့်မေတ္တာတော်ကို မတားဆီးနိုင်ပါ။ မှန်ပါသည်၊ ကျွန်ုပ်တို့ကိုဆွဲချတတ်ပုံရှိသောအရာဖြစ်စေ၊ ကျွန်ုပ်တို့အပေါ်သြဇာလွှမ်းမိုးလိုသော မည်သည့်အရာပင်ဖြစ်စေ ဘုရားသခင့်မေတ္တာတော်နှင့် ကျွန်ုပ်တို့ကိုမကွာစေနိုင်ပါ; မည်သည့်ဖန်ဆင်းရာကမျှ တည်ကြည်သောကျေးကျွန်များနှင့် ဖန်ဆင်းရှင်၏ဆက်ဆံရေးကို ပြတ်တောက်မသွားစေနိုင်ပါ။ ဘုရားသခင့်မေတ္တာတော်သည် တည်မြဲသည်; ယင်းသည်ထာဝရဖြစ်သည်။—၁ ကောရိန္သု ၁၃:၈။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ