-
ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှုပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၂။ ယေဟောဝါကို ဘယ်လို ဝတ်ပြုကိုးကွယ်သင့်သလဲ။
ဖန်ဆင်းရှင် ယေဟောဝါကိုသာ ကိုးကွယ်ဆည်းကပ်ထိုက်တယ်။ (ဗျာဒိတ် ၄:၁၁) ယေဟောဝါကိုပဲ ချစ်ပြီး ဝတ်ပြုရမယ်။ ရုပ်တုဆင်းတုတွေ၊ ရုပ်ပုံတွေ မသုံးသင့်ဘူး။—ဟေရှာယ ၄၂:၈ ကို ဖတ်ပါ။
ယေဟောဝါအတွက် ‘သန့်ရှင်းတဲ့၊ လက်ခံနိုင်ဖွယ်ဖြစ်တဲ့’ ဝတ်ပြုမှုမျိုး ဖြစ်ရမယ်။ (ရောမ ၁၂:၁) ဘုရားရဲ့စံနှုန်းတွေကို လိုက်နာရမယ်။ ဥပမာ၊ ယေဟောဝါကို ချစ်တဲ့သူတွေဟာ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားစံနှုန်းတွေကို တန်ဖိုးထားပြီး လိုက်နာကြတယ်။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ မူးယစ်ဆေးသုံးတာ၊ အရက် အလွန်အကျွံသောက်တာစတဲ့ အန္တရာယ်ရှိ အကျင့်တွေကို ရှောင်ကြတယ်။a
-
-
အသက်ဆုလက်ဆောင်ကို တန်ဖိုးထားပါပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၃။ ကျန်းမာရေး ဂရုစိုက်ပါ
ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်တွေဟာ ယေဟောဝါအမှုဆောင်ဖို့ တစ်ဘဝလုံး ပေးထားကြတယ်။ မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ပူဇော်သက္ကာအဖြစ် ဆက်သထားတဲ့ သဘောပါပဲ။ ရောမ ၁၂:၁၊ ၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ကျန်းမာရေး ဂရုစိုက်ရတဲ့ အကြောင်းရင်းက ဘာဖြစ်သင့်သလဲ။
ကျန်းမာရေး ဂရုစိုက်နိုင်တဲ့နည်းတချို့က ဘာတွေလဲ။
-