ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၇ စာ. ၈
  • အားလုံးအတွက်အပြန်အလှန်အားပေးခွင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အားလုံးအတွက်အပြန်အလှန်အားပေးခွင့်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ပေါလုက ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာ’
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • သမ္မာတရားရှိလုပ်ဖော်ဆောင်ဖက် နယ်လှည့်ကြီးကြပ်မှူးများ
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
  • ကျွန်တော်တို့အကျိုးအတွက် အလုပ်ကြိုးစားနေသူများ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • သစ္စာရှိသောဘဏ္ဍာစိုးများအနေနှင့် နယ်လှည့်ကြီးကြပ်မှူးများ အမှုဆောင်ကြပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁၀/၀၇ စာ. ၈

အားလုံးအတွက်အပြန်အလှန်အားပေးခွင့်

၁။ နယ်လှည့်ကြီးကြပ်မှူးများ၏လည်ပတ်မှုက အဘယ်အထူးအခွင့်အရေးများကို ဖြစ်စေသနည်း။

၁ တမန်တော်ပေါလုသည် ရောမရှိအသင်းတော်ထံ ဤသို့စာရေးခဲ့သည်– “သင်တို့အား မြဲမြံခိုင်ခံ့စေမည်အကြောင်း ငါသည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးကို ဝေမျှပေးရန် သင်တို့ကို တွေ့မြင်ချင်လှပါ၏။ တစ်နည်းကား သင်တို့နှင့်ငါသည် ယုံကြည်ခြင်းအားဖြင့် အပြန်အလှန်အားပေးခွင့်ရရန်ဖြစ်၏။” (ရော. ၁:၁၁၊ ၁၂၊ ကဘ) မျက်မှောက်ခေတ် နယ်လှည့်ကြီးကြပ်မှူးများ၏ လည်ပတ်မှုများသည် အပြန်အလှန်အားပေးခွင့်ရရန် ထပ်တူအခွင့်အရေးများကို ဖြစ်စေ၏။

၂။ တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုကို အဘယ်ကြောင့် ကြို၍ကြေညာသနည်း။

၂ အသင်းတော်– တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုကို အသင်းတော်တွင် များသောအားဖြင့် သုံးပတ်ခန့် ကြို၍ကြေညာတတ်သည်။ ယင်းက အကျိုးအပြည့်အဝခံစားနိုင်ရန် ကျွန်ုပ်တို့၏အစီအစဉ်ဇယားကို ပြုပြင်ပြောင်းလဲဖို့ အချိန်ရစေ၏။ (ဧ. ၅:၁၅၊ ၁၆) သင်သည် လောကအလုပ်လုပ်သည်ဆိုလျှင် ဤအပတ်အတွင်း လယ်ကွင်းလုပ်ငန်းတွင် ပါဝင်ရန် ခွင့်ယူနိုင်ပေလိမ့်မည်။ အချို့တို့သည် လည်ပတ်သည့်လအတွင်း အရန်ရှေ့ဆောင်လုပ်ဖို့ စီစဉ်ထားကြသည်။ သင်သည် ခရီးသွားဖို့စီစဉ်ထားသည်ဆိုလျှင် ထိုအပတ်တွင်ရှိနေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်သလော။

၃။ အားပေးမှုရရန် လည်ပတ်မှုအတွင်း ကျွန်ုပ်တို့ကိုယ်တိုင် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

၃ တိုက်နယ်လည်ပတ်ရခြင်း၏အဓိကရည်ရွယ်ချက်မှာ ပုဂ္ဂိုလ်ရေးအားပေးရန်နှင့် လယ်ကွင်းဓမ္မအမှုတွင် လေ့ကျင့်ပေးရန်အတွက် ဖြစ်သည်။ သူနှင့်အတူ သို့မဟုတ် အိမ်ထောင်သည်ဖြစ်ပါက သူ့ဇနီးနှင့်အတူ တွဲလုပ်ဆောင်ရန် တောင်းဆိုနိုင်သလော။ တိုက်နယ်ကြီးကြပ်မှူးသည် ဓမ္မအမှုတွင် အတွေ့အကြုံနည်းသူများ သို့မဟုတ် ကျွမ်းကျင်မှု လိုနေသူများအပါအဝင် ကြေညာသူအတော်များများနှင့်တွဲလုပ်ဆောင်ရသည်ကို ပျော်ရွှင်သည်။ အားလုံးသည် သူ၏တင်ဆက်မှုမှ သင်ယူနိုင်ပြီး ကြင်နာစွာပေးသောမည်သည့်အကြံဉာဏ်ကိုမဆို ကျင့်သုံးမည်။ (၁ ကော. ၄:၁၆၊ ၁၇) သင်နှင့်အတူထမင်းစားရန် ဖိတ်ခေါ်ခြင်းက အားပေးမှုဖြစ်စေသောပေါင်းသင်းမှုရရန် ထပ်ဆင့်အခွင့်အရေးဖြစ်စေပါလိမ့်မည်။ (ဟေဗြဲ ၁၃:၂) သူ၏ဟောပြောချက်များသည် အသင်းတော်၏လိုအပ်ရာများနှင့် အလိုက်သင့်ပြုပြင်ထားရာဖြစ်သောကြောင့် ဂရုတစိုက်နားထောင်ပါ။

၄။ ကျွန်ုပ်တို့၏တိုက်နယ်ကြီးကြပ်မှူးကို မည်သို့အားရှိစေနိုင်သနည်း။

၄ တိုက်နယ်ကြီးကြပ်မှူး– တမန်တော်ပေါလုသည် အသင်းတော်များရှိညီအစ်ကိုများကဲ့သို့ပင် စိန်ခေါ်ချက်များနှင့် စိုးရိမ်ပူပန်မှုများ တွေ့ကြုံခဲ့ရသောကြောင့် အားပေးမှုလိုအပ်ကာ ယင်းအတွက် သူကျေးဇူးတင်ခဲ့သည်။ (၂ ကော. ၁၁:၂၆-၂၈) ရောမရှိအသင်းတော်သည် ယခုအကျဉ်းသားဖြစ်သောပေါလု နောက်ဆုံးတွင် မိမိတို့ဆီ လာနေသည်ကို သိကြသောအခါ သူ့အားခရီးဦးကြိုပြုရန် အချို့တို့သည် ၄၆ မိုင်ဝေးသော အပ္ပိဈေးအထိလာခဲ့ကြသည်တကား! “ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ အားတက်လာ၏။” (တ. ၂၈:၁၅၊ ကဘ) သင်လည်း သင့်တိုက်နယ်ကြီးကြပ်မှူးကို ထိုသို့ပင်အားရှိစေနိုင်သည်။ သူ၏လည်ပတ်မှုကို စိတ်အားထက်သန်စွာထောက်မပေးခြင်းဖြင့် သူ့အား “နှစ်ဆသောရိုသေမှု” ကိုတင်ပြပါ။ (၁ တိ. ၅:၁၇၊ ကဘ) သင့်အကျိုးအတွက် သူ၏ကြိုးစားအားထုတ်မှုများအပေါ် သင်၏စိတ်ရင်းမှန်သောကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြပါ။ သင်၏ယုံကြည်ခြင်း၊ မေတ္တာနှင့် ခံနိုင်ရည်တို့ကိုတွေ့မြင်သောအခါ သူနှင့် သူ့ဇနီးတို့ ရွှင်လန်းကြလိမ့်မည်။—၂ သက်. ၁:၃၊ ၄။

၅။ ယနေ့အချိန်တွင် ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့် အားပေးမှုလိုအပ်ကြသနည်း။

၅ ဤ “ခဲယဉ်းသောကာလ” တွင်အားပေးမှုမလိုအပ်သူ မည်သူရှိသနည်း။ (၂ တိ. ၃:၁) တိုက်နယ်ကြီးကြပ်မှူးနှင့်အတူလုပ်ဆောင်ရသည့် အထူးအပတ်တွင် အပြည့်အဝပါဝင်ရန် ယခု ဆုံးဖြတ်ပါ။ နယ်လှည့်ကြီးကြပ်မှူးများနှင့် ကြေညာသူများမှအစ ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်ဖွယ်ကောင်းသောအပြန်အလှန်အားပေးမှုတွင် ပါဝင်နိုင်ကြသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည်လည်း ‘အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြမည်။’—၁ သက်. ၅:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ