-
ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရဖို့ တားဆီးနေတဲ့ အယူအဆတွေကို ဖြိုဖျက်ပါကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၉ | ဇွန်
-
-
၁။ ဘိသိက်ခံ ခရစ်ယာန်တွေကို တမန်တော် ပေါလု ဘယ်လို သတိပေးသလဲ။
“ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့” လို့ တမန်တော် ပေါလု သတိပေးတယ်။ (ရော. ၁၂:၂) ပထမရာစု ခရစ်ယာန်တွေကို ပေါလု ပြောနေတာ။ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံထားပြီး စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ အမျိုးသား/သမီးတွေကို ပေါလု ဘာကြောင့် ပြင်းပြင်းထန်ထန် သတိပေးရတာလဲ။—ရော. ၁:၇။
၂-၃။ ယေဟောဝါဆီကနေ ကျွန်တော်တို့ ဝေးကွာသွားအောင် စာတန် ဘယ်လို ကြိုးစားနေသလဲ။ ကျွန်တော်တို့စိတ်ထဲ “အခိုင်အမာ အမြစ်စွဲနေတာတွေကို” ဘယ်လို နုတ်ပစ်နိုင်သလဲ။
၂ ခရစ်ယာန်တချို့ဟာ စာတန့်လောကရဲ့ အကျိုးမရှိတဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုခံနေရလို့ ပေါလု စိုးရိမ်နေတာ။ (ဧ. ၄:၁၇-၁၉) ဘယ်သူမဆို အဲဒီလို လွှမ်းမိုးမှု ခံရနိုင်တယ်။ ဒီလောကရဲ့ဘုရား စာတန်က ယေဟောဝါဆီကနေ ကျွန်တော်တို့ ဝေးကွာသွားအောင် နည်းအမျိုးမျိုး သုံးနေတယ်။ တစ်နည်းကတော့ ရည်မှန်းချက်ကြီးတဲ့၊ ထင်ပေါ်လိုတဲ့ဆန္ဒကို အမြတ်ထုတ်ခြင်း ဖြစ်တယ်။ သူ့လို တွေးခေါ်လာအောင် ကျွန်တော်တို့ရဲ့ နောက်ခံ၊ ယဉ်ကျေးမှု၊ ပညာရေးကိုတောင် သုံးနိုင်တယ်။
-
-
ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရဖို့ တားဆီးနေတဲ့ အယူအဆတွေကို ဖြိုဖျက်ပါကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၉ | ဇွန်
-
-
“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”
၄။ အမှန်တရားကို စလက်ခံချိန်မှာ ကျွန်တော်တို့ ဘာအပြောင်းအလဲတွေ လုပ်ခဲ့ကြသလဲ။
၄ ကျမ်းစာ အမှန်တရားကို စလက်ခံပြီး ယေဟောဝါကို ဝတ်ပြုဖို့ ဆက်ကပ်အပ်နှံချိန်မှာ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေကို စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အများစုက အကျင့်ဆိုးတချို့ကို စွန့်ခဲ့ကြတယ်။ (၁ ကော. ၆:၉-၁၁) အဲဒီလို အကျင့်ဆိုးတွေကို စွန့်နိုင်ဖို့ ယေဟောဝါ ကူညီပေးလို့ ကျေးဇူးတင်စရာပါပဲ။
၅။ ရောမ ၁၂:၂ မှာ ဘယ်အချက်နှစ်ချက်ကို လုပ်ဖို့ ပြောထားသလဲ။
၅ အပြောင်းအလဲတွေ ထပ်လုပ်ဖို့ မလိုတော့ဘူးလို့ မယူဆသင့်ဘူး။ နှစ်ခြင်းမခံခင်က လုပ်ခဲ့တဲ့ ကြီးလေးတဲ့ အပြစ်တွေကို မလုပ်တော့ပေမဲ့ အကျင့်ဟောင်းတွေ ပြန်ကျင့်မိစေနိုင်တဲ့ အခြေအနေမှန်သမျှကို ရှောင်ဖို့ လိုတယ်။ ဘယ်လို ရှောင်နိုင်မလဲ။ “ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ . . . ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ” လို့ ပေါလု ပြောတယ်။ (ရော. ၁၂:၂) ဒါကြောင့် အချက်နှစ်ချက်ကို လုပ်ဖို့ လိုတယ်။ ပထမ၊ ဒီလောကရဲ့ “ပုံသွင်းမှုကို မခံပါနဲ့တော့။” ဒုတိယ၊ စိတ်သဘောကို “ပြုပြင်ပြောင်းလဲ” ရမယ်။
၆။ မဿဲ ၁၂:၄၃-၄၅ မှာပါတဲ့ ယေရှုရဲ့ စကားတွေကနေ ဘာသင်ယူရသလဲ။
၆ ပေါလု ပြောတဲ့ ပြုပြင်ပြောင်းလဲခြင်းမှာ ပုံပန်းသွင်ပြင် ပြောင်းလဲရုံထက်မက ပါဝင်တယ်။ ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍအားလုံးနဲ့ သက်ဆိုင်တယ်။ (“ပြုပြင်ပြောင်းလဲတာလား၊ ပြောင်းလဲ ယောင်ဆောင်တာလား” လေးထောင့်ကွက်ကို ကြည့်ပါ။) ကျွန်တော်တို့ရဲ့ သဘောထား၊ ခံစားချက်၊ ဆန္ဒစတဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲရမယ်။ ‘ခရစ်ယာန်ဖြစ်လာဖို့ ငါပြောင်းလဲတာ အပေါ်ယံလောက်ပဲလား။ စိတ်သဘောထားကိုပါ ပြောင်းလဲတာလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ မဿဲ ၁၂:၄၃-၄၅ မှာ ယေရှုက ကျွန်တော်တို့ လုပ်ရမယ့်အရာကို ဖော်ပြတယ်။ (ဖတ်ပါ။) ယေရှုရဲ့စကားက– ‘မှားယွင်းတဲ့ အတွေးအခေါ်တွေကို ထုတ်ပစ်ရုံနဲ့ မပြီးဘူး။ ဘုရား နှစ်သက်တဲ့ အတွေးအခေါ်တွေကိုလည်း ဖြည့်ပေးရမယ်’ ဆိုတဲ့ အရေးကြီးတဲ့ အမှန်တရားကို ပေါ်လွင်စေတယ်။
-