ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၁ စာ. ၆-၇
  • တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိစေတဲ့ လမ်းညွှန်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိစေတဲ့ လမ်းညွှန်ချက်
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခွင့်လွှတ်ပါ
  • နှိမ့်ချပါ၊ လေးစားပါ
  • မျက်နှာ မလိုက်ပါနဲ့
  • နူးညံ့သိမ်မွေ့ပါ
  • ရက်ရောပါ၊ ကျေးဇူးသိတတ်ပါ
  • ရက်ရောစွာ ပေးကမ်းသူတွေ ပျော်ရွှင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ရက်ရောပါ
    နိုးလော့!—၂၀၂၅
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အကြွင်းမဲ့ ခွင့်လွှတ်ကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၁ စာ. ၆-၇
မိသားစုတစ်စုက ဧည့်သည်တွေကို ဖိတ်ပြီး ကျွေးမွေး ဧည့်ခံနေကြစဉ်။

တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိစေတဲ့ လမ်းညွှန်ချက်

အိမ်မှာ၊ အလုပ်မှာ၊ မိတ်ဆွေတွေနဲ့ သင့်သင့်မြတ်မြတ် ရှိဖို့ ဘာလုပ်ရမယ်ဆိုတာ ဖန်ဆင်းရှင် ပြောပြထားတယ်။ လူများစွာကို အကျိုးဖြစ်စေခဲ့တဲ့ ဘုရားရဲ့ အကြံဉာဏ် တချို့ကို သုံးသပ်ကြည့်ပါ။

ခွင့်လွှတ်ပါ

“အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် . . . ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ကောလောသဲ ၃:၁၃။

ကျွန်တော်တို့အားလုံး အမှားနဲ့ မကင်းကြဘူး။ ကိုယ့်ကြောင့် တခြားသူတွေ စိတ်ထိခိုက်နိုင်တယ်။ တခြားသူတွေကြောင့်လည်း ကိုယ် စိတ်ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ခွင့်လွှတ်တတ်ဖို့၊ ခွင့်လွှတ်ခံရဖို့ လိုတယ်။ ခွင့်လွှတ်လိုက်ရင် ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်တဲ့သူအပေါ် အငြိုးအတေး မရှိတော့ဘူး။ ကျွန်တော်တို့ဟာ “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်” ဘူး။ တခြားသူတွေရဲ့ အပြစ်၊ အားနည်းချက်တွေကို ပြန်အစမဖော်ဘူး။ (ရောမ ၁၂:၁၇) ဒါပေမဲ့ သိပ်စိတ်ထိခိုက်ပြီး ဒီအကြောင်းပဲ တနုံ့နုံ့ တွေးနေမိတယ်ဆိုရင်ကော။ သက်ဆိုင်တဲ့သူနဲ့ နှစ်ကိုယ်ကြား လေးလေးစားစား ပြောဆိုဖြေရှင်းပါ။ ရည်ရွယ်ချက်က ပြန်သင့်မြတ်ဖို့ ဖြစ်တယ်။ ငြင်းခုံပြီး အနိုင်ယူဖို့ မဟုတ်ဘူး။ —ရောမ ၁၂:၁၈။

နှိမ့်ချပါ၊ လေးစားပါ

“စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။”—ဖိလိပ္ပိ ၂:၃။

နှိမ့်ချသူ၊ လေးစားတတ်သူတွေနဲ့ လူတွေ ပေါင်းသင်းချင်ကြတယ်။ အဲဒီလိုလူက ကြင်နာတတ်တယ်၊ ထောက်ထားစာနာတတ်တယ်၊ တစ်ဖက်သား စိတ်ထိခိုက်အောင် တမင်တကာ လုပ်မှာ မဟုတ်ဘူးဆိုတာ လူတွေ သိကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တခြားသူထက် သာတယ်လို့ ထင်ရင်၊ ကိုယ့်သဘောအတိုင်းပဲ ဇွတ်လုပ်မယ်ဆိုရင် အချေအတင် ဖြစ်လာမယ်၊ အခြေအနေ တင်းမာလာမယ်။ ကျွန်တော်တို့ကို လူတွေ ရှောင်လို့ မိတ်ဆွေ တစ်ယောက်တောင် ရှိမှာ မဟုတ်ဘူး။

မျက်နှာ မလိုက်ပါနဲ့

“ဘုရားသခင် မျက်နှာမလိုက် . . . [ဘူး]။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ။”—တမန်တော် ၁၀:၃၄၊ ၃၅။

ဖန်ဆင်းရှင်က လူမျိုး၊ ဘာသာစကား၊ လူမှုရေး အဆင့်အတန်း၊ အသားအရောင်ပေါ် မူတည်ပြီး မျက်နှာ မလိုက်ဘူး။ “လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်း” ခဲ့တာ။ (တမန်တော် ၁၇:၂၆) ဒါကြောင့် လူသားအားလုံးဟာ ညီအစ်ကို၊ ညီအစ်မတွေပဲ။ လူတိုင်းကို ဂုဏ်သိက္ခာရှိရှိ ကြင်ကြင်နာနာ ဆက်ဆံမယ်ဆိုရင် တခြားသူတွေလည်း ပျော်မယ်၊ ကိုယ်တိုင်လည်း ပျော်မယ်၊ ဖန်ဆင်းရှင်လည်း ပျော်မယ်။

နူးညံ့သိမ်မွေ့ပါ

“နူးညံ့သိမ်မွေ့ခြင်း . . . ကို ဝတ်ဆင်ကြပါ။” —ကောလောသဲ ၃:၁၂။

ကိုယ်က နူးညံ့သိမ်မွေ့မယ်ဆိုရင် တခြားသူတွေ သက်သောင့်သက်သာရှိမယ်။ ကျွန်တော်တို့နဲ့ ပြောရဲဆိုရဲရှိမယ်။ တည်ငြိမ်အေးဆေးတဲ့သူလို့ သိထားကြလို့ လိုအပ်ရင် ကျွန်တော်တို့ကို တည့်မတ်ပေးဖို့တောင် ဝန်လေးမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ဒေါသထွက်ရင် ကိုယ့်ရဲ့ နူးညံ့သိမ်မွေ့မှုကြောင့် သူ ဒေါသ ပြေသွားနိုင်တယ်။ “ညင်ညင်သာသာ ပြန်ပြောတဲ့ စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့ စကားကတော့ ဒေါသကို ဆွပေးတယ်” လို့ ပညာအလိမ္မာ ၁၅:၁ က ဆိုတယ်။

ရက်ရောပါ၊ ကျေးဇူးသိတတ်ပါ

“ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”—တမန်တော် ၂၀:၃၅။

အခုခေတ်လူများစွာဟာ လောဘကြီးတယ်၊ ကိုယ့်အတွက်ပဲ စဉ်းစားကြတယ်။ ဒါပေမဲ့ တကယ် ပျော်ရွှင်တဲ့သူတွေက ရက်ရောတဲ့သူတွေ ဖြစ်တယ်။ (လုကာ ၆:၃၈) ရက်ရောသူတွေဟာ ပစ္စည်းဥစ္စာထက် လူတွေကို ပိုချစ်လို့ ပျော်ကြတယ်။ အဲဒီမေတ္တာကြောင့်ပဲ ကျေးဇူးသိတတ်တယ်။ ကိုယ့်အပေါ် ရက်ရောသူကို ကျေးဇူးတင်ကြတယ်။ (ကောလောသဲ ၃:၁၅) ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ငါက ကပ်စေးနှဲသူ၊ ကျေးဇူးမသိတတ်တဲ့သူကို ကြိုက်သလား။ ဒါမှမဟုတ် ရက်ရောတဲ့သူ၊ ကျေးဇူးသိတတ်သူကို ကြိုက်သလား။’ ဒါကြောင့် ကိုယ်နှစ်သက်တဲ့ လူစားမျိုးဖြစ်အောင် ကြိုးစားပါ။—မဿဲ ၇:၁၂။

လူတွေကို ကျွန်မ အထင်မသေးတော့ဘူး

“‘ကိုယ့်အပေါ် ကိုယ်ထားတဲ့ စိတ်သဘောမျိုး သူတစ်ပါးပေါ်မှာလည်း ထားပါ။ . . . ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ မထင်ပါနဲ့’ လို့ ကျမ်းစာက ဆိုတယ်။” (ရောမ ၁၂:၁၆) “ဒီလမ်းညွှန်ချက်က မာန မကြီးအောင်၊ လူတွေကို အထင်မသေးအောင် ကျွန်မကို ကူညီပေးတယ်။ ကျွန်မရဲ့ လူမျိုးက တခြားလူမျိုးထက် ပိုသာတယ်လို့ မမြင်တော့ဘူး။ တခြား ဘာသာဝင်တွေကိုလည်း အထင်မသေးတော့ဘူး။ မိတ်ဆွေ ပိုပီသလာတယ်။ တခြားသူတွေကိုလည်း နှုတ်ဆက်တတ်လာတယ်။”—အာရှာ။

အာရှာ။

ထပ်လေ့လာပါ–

ပြောဆိုဆက်သွယ်ခြင်းအတွက် အကြံဉာဏ်ကောင်းတွေ ရချင်တယ်ဆိုရင် jw.org/my ထဲက သမ္မာကျမ်းစာ သွန်သင်ချက်များ > ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်း > လူမှုဆက်ဆံရေး မှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ