-
“လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”ကင်းမျှော်စင်—၂၀၀၉ | အောက်တိုဘာ ၁၅
-
-
အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူနေလော့
၁၃၊ ၁၄။ (က) ဆန့်ကျင်မှုကြုံရတဲ့အခါ ကျွန်ုပ်တို့ ဘာကြောင့်မအံ့သြကြသလဲ။ (ခ) ကျွန်ုပ်တို့ကို ညှဉ်းဆဲသူတွေကို ဘယ်လိုကောင်းချီးပေးနိုင်သလဲ။
၁၃ ရောမ ၁၂:၁၄၊ ၂၁ ကိုဖတ်ပါ။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်များကို ပြည့်စုံစေမည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချခြင်းက ကျွန်ုပ်တို့အား ကိုယ်တော်ပေးအပ်ထားသောလုပ်ငန်းကို ကောင်းစွာအာရုံစိုက်လုပ်ဆောင်စေနိုင်သည်၊ ယင်းလုပ်ငန်းမှာ ‘ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို’ “လူနေရာ မြေတစ်ပြင်လုံး၌” ဟောပြောခြင်းဖြစ်သည်။ (မ. ၂၄:၁၄) ဤလုပ်ငန်းသည် ရန်သူများအား အမျက်ထွက်စေမည်ကို ကျွန်ုပ်တို့ သိထားကြသည်။ အကြောင်းမှာ “လူအမျိုးမျိုးတို့သည် ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်” ဟုယေရှုသတိပေးခဲ့သောကြောင့်ဖြစ်သည်။ (မ. ၂၄:၉) ထို့ကြောင့် ကျွန်ုပ်တို့သည် ဆန့်ကျင်မှုကြုံရသောအခါ အံ့သြခြင်း၊ စိတ်ပျက်အားလျော့ခြင်း မရှိကြချေ။ တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– “ချစ်ရသောသူတို့၊ မီးကဲ့သို့ပူလောင်သော ပြဿနာများဖြင့် စမ်းသပ်ခံရသောအခါ ထူးဆန်းသောအမှုဖြစ်ပျက်သည့်အလား အံ့သြခြင်းမရှိကြနှင့်။ သို့အစား သင်တို့သည် . . . ကိုယ်တော်၏ဆင်းရဲဒုက္ခများကို မျှဝေခံစားနေရသည်ဖြစ်၍ ဝမ်းမြောက်လျက်နေကြလော့။”—၁ ပေ. ၄:၁၂၊ ၁၃။
-
-
“လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”ကင်းမျှော်စင်—၂၀၀၉ | အောက်တိုဘာ ၁၅
-
-
၁၅။ အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူနိုင်တဲ့ အကောင်းဆုံးနည်းက ဘာလဲ။
၁၅ ခရစ်ယာန်စစ်တစ်ဦးသည် “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့” ဟူသော ရောမအခန်းကြီး ၁၂ ၏နောက်ဆုံးအခန်းငယ်ကို လိုက်နာသည်။ အဆိုးအားလုံး၏ရင်းမြစ်မှာ စာတန်ဖြစ်သည်။ (ယော. ၈:၄၄; ၁ ယော. ၅:၁၉) တမန်တော်ယောဟန်ကိုပေးခဲ့သော အဆင်းအာရုံတွင် ယေရှုက ဘိသိက်ပေးခံရသောညီများသည် “သိုးသငယ်၏ အသွေးတော်ကြောင့်လည်းကောင်း၊ မိမိတို့သက်သေခံသော တရားစကားတော်ကြောင့်လည်းကောင်း [စာတန်]ကို အောင်မြင်ခဲ့ပြီ” ဟုပြောခဲ့သည်။ (ဗျာ. ၁၂:၁၁) စာတန်နှင့် ဤလောကစနစ်အပေါ်လွှမ်းမိုးလျက်ရှိသည့် သူ၏ဆိုးညစ်သောသြဇာကို အောင်မြင်နိုင်သည့် အကောင်းဆုံးနည်းမှာ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောသက်သေခံခြင်းဖြစ်ကြောင်း ဤအချက်က ဖော်ပြသည်။
-