-
ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၅။ တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားပါ
တစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်တူကြမှာ မဟုတ်ဘူး။ တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ အခြေအနေနှစ်ခုကို သုံးသပ်ပါ။
အခြေအနေ ၁။ စုဆုံပွဲတွေ၊ ဝတ်ပြုရေးနဲ့မဆိုင်တဲ့ လုပ်ဆောင်မှုတွေမှာ ဘောင်းဘီရှည် ဝတ်လေ့ရှိတဲ့ ညီအစ်မတစ်ယောက်က ဘောင်းဘီရှည် ဝတ်တာကို မကြိုက်တဲ့ ညီအစ်မတွေရှိရာ အသင်းတော်ဆီ ပြောင်းလာတယ်။
ရောမ ၁၅:၁ နဲ့ ၁ ကောရိန္သု ၁၀:၂၃၊ ၂၄ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ဒီကျမ်းပိုဒ်တွေအရ အဲဒီညီအစ်မ ဘယ်လို ဆုံးဖြတ်နိုင်သလဲ။ တခြားတစ်ယောက်က ကိုယ်နဲ့ အမှားအမှန်သိစိတ် မတူတဲ့အခါမျိုးမှာ သင် ဘာလုပ်မလဲ။
အခြေအနေ ၂။ ညီအစ်ကိုတစ်ယောက်က အရက် တော်သင့်ရုံသောက်တာကို ကျမ်းစာ မတားမြစ်မှန်း သိပေမဲ့ အရက်လုံးဝမသောက်ဘူး။ စုဆုံပွဲတစ်ခု သွားတဲ့အခါ ညီအစ်ကိုတွေ အရက်သောက်နေတာကို မြင်သွားတယ်။
ဒေသနာ ၇:၁၆ နဲ့ ရောမ ၁၄:၁၊ ၁၀ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ဒီကျမ်းပိုဒ်တွေအရ အဲဒီညီအစ်ကို ဘယ်လို ဆုံးဖြတ်နိုင်သလဲ။ ကိုယ့်သိစိတ် ခွင့်မပြုတာကို တခြားသူလုပ်နေတာ မြင်ရင် သင် ဘာလုပ်မလဲ။
ဆုံးဖြတ်ချက်ကောင်း ချစေနိုင်တဲ့အချက်များ
၁။ ဆုံးဖြတ်ချက် ချနိုင်ဖို့ ယေဟောဝါကို ဆုတောင်းပါ။—ယာကုပ် ၁:၅။
၂။ သက်ဆိုင်တဲ့မူတွေကို သိဖို့ ကျမ်းစာ၊ ကျမ်းစာစာပေတွေကို ရှာဖွေလေ့လာပါ။ ဝါရင့်ခရစ်ယာန်တွေနဲ့လည်း တိုင်ပင်ပါ။
၃။ ကိုယ်တိုင်နဲ့ တခြားသူရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်မလဲ စဉ်းစားပါ။
-
-
ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၂။ ကိုယ့်ရဲ့အသွင်အပြင်က ညီအစ်ကို/မတွေကို ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ။
ကိုယ့်စိတ်ကြိုက် ရွေးချယ်ဝတ်ဆင်နိုင်တာ မှန်ပေမဲ့ တခြားသူတွေကို ဘယ်လို ထိခိုက်စေမလဲဆိုတာ ထည့်စဉ်းစားသင့်တယ်။ တခြားသူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ‘သူတစ်ပါးရဲ့အလိုကို လိုက်ပြီး သူတို့အကျိုးအတွက် အားပေးမှု ဖြစ်စေမယ့်အရာတွေကို လုပ်ဆောင်ကြတယ်။’—ရောမ ၁၅:၁၊ ၂ ကို ဖတ်ပါ။
-