ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏”
    ကင်းမျှော်စင်—၂၀၀၀ | ဩဂုတ် ၁
    • ပေါလု—“အစေအပါ” တစ်ဦးနှင့် “ဘဏ္ဍာစိုး” တစ်ဦး

      ၄။ အဘယ်ထူးခြားသောအခွင့်ထူးများကို ပေါလုခံစားခဲ့ရသနည်း။

      ၄ ပေါလုသည် အစောပိုင်းခရစ်ယာန်များအကြား၌ ပေါ်လွင်သူတစ်ဦးဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းကို နားလည်နိုင်ပါသည်။ သူသည် အမှုတော်ဆောင်ချိန်အတောအတွင်း မိုင်ပေါင်းထောင်ချီ၍ ပင်လယ်ခရီး၊ ကုန်းကြောင်းခရီးသွားခဲ့ပြီး အသင်းတော်များစွာကို တည်ထောင်ခဲ့သည်။ ထို့အပြင် ယေဟောဝါသည် ပေါလုကို အဆင်းအာရုံများမြင်စေပြီး နိုင်ငံခြားဘာသာစကားများ ပြောဆိုနိုင်သည့်စွမ်းရည်ဖြင့် ကောင်းချီးပေးခဲ့သည်။ (၁ ကောရိန္သု ၁၄:၁၈; ၂ ကောရိန္သု ၁၂:၁-၅) ကိုယ်တော်သည် ယခု ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင်ပါဝင်သည့် စာ ၁၄ စောင်ကို ရေးသားရန်လည်း ပေါလုအား ဝိညာဉ်တော်မှုတ်သွင်းခဲ့သည်။ ပေါလု၏ကြိုးစားအားထုတ်မှုများသည် အခြားတမန်တော်အားလုံး၏ လုပ်ဆောင်ချက်များထက် သာလွန်သည်ဟု ဆိုနိုင်သည်မှာထင်ရှား၏။—၁ ကောရိန္သု ၁၅:၁၀။

      ၅။ ပေါလုသည် မိမိကိုယ်ကို ကျိုးနွံစွာမြင်တတ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

      ၅ ပေါလုသည် ခရစ်ယာန်လုပ်ငန်း၏ရှေ့တန်းတွင် ရှိနေခဲ့ခြင်းကြောင့် သူသည် လူအများ၏အာရုံစိုက်မှု၌ ပျော်မွေ့နေမည်၊ အာဏာပြနေမည်ဟူ၍ပင် အချို့ကယူမှတ်ကြပေမည်။ သို့သော် ပေါလုသည် ကျိုးနွံသောကြောင့် ထိုသို့မပြုခဲ့ချေ။ သူသည် မိမိကိုယ်ကို “အညံ့ဆုံးသောတမန်တော်” ဟုခေါ်ဆိုခဲ့ပြီး ဤသို့ထပ်လောင်းပြောဆိုသည်– “ငါသည် အထက်က ဘုရားသခင်၏အသင်းတော်ကိုညှဉ်းဆဲသောကြောင့်၊ . . . တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုမခံထိုက်။” (၁ ကောရိန္သု ၁၅:၉) ပေါလုသည် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခဲ့သူတစ်ဦးအနေနှင့် လုပ်ငန်းတော်ဆိုင်ရာအခွင့်ထူးများကို ခံစားရဖို့မဆိုထားနှင့် ဘုရားသခင်နှင့်ဆက်ဆံခွင့်ရှိခြင်းမှာ မခံစားထိုက်သော ကရုဏာတော် ကြင်နာမှုကြောင့်သာဖြစ်ကြောင်း သူတစ်ခါမျှမမေ့ခဲ့ပါ။ (ယောဟန် ၆:၄၄; ဧဖက် ၂:၈) ထို့ကြောင့် ပေါလုသည် အမှုတော်ဆောင်ရာတွင် ထူးကဲစွာပြီးမြောက်အောင်မြင်ခဲ့သောကြောင့် သူတစ်ပါးထက်သာလွန်သည်ဟု မယူမှတ်ခဲ့ပါ။—၁ ကောရိန္သု ၉:၁၆။

      ၆။ ပေါလုသည် ကောရိန္သုမြို့သားများနှင့်ဆက်ဆံရာတွင် ကျိုးနွံခြင်းကို မည်သို့တင်ပြခဲ့သနည်း။

      ၆ ပေါလု၏ကျိုးနွံခြင်းသည် ကောရိန္သုမြို့သားများနှင့်ဆက်ဆံရာ၌ အထူးသဖြင့်ပေါ်လွင်သည်။ သူတို့ထဲမှ အချို့သူတို့သည် အာပေါလု၊ ကေဖနှင့် ပေါလုကိုယ်တိုင်ပင် အပါအဝင် ပေါ်လွင်သောဦးစီးကြီးကြပ်မှူးများဟု သူတို့ယူမှတ်ထားကြသူတို့ကို စွဲလမ်းနေကြသည်မှာ ထင်ရှားသည်။ (၁ ကောရိန္သု ၁:၁၁-၁၅) သို့သော် ပေါလုသည် ကောရိန္သုမြို့သားများ၏ချီးမွမ်းမှုကို တောင်းခံခြင်းသော်လည်းကောင်း၊ သူတို့၏လေးစားကြည်ညိုမှုကို အမြတ်ထုတ်ခြင်းသော်လည်းကောင်း မပြုခဲ့ပါ။ သူတို့ထံလည်ပတ်သောအခါ သူသည် မိမိကိုယ်ကို “ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာ” ဖြင့် မိတ်မဆက်ခဲ့ပါ။ ယင်းအစား၊ ပေါလုသည် မိမိကိုယ်တိုင်နှင့် မိမိ၏အပေါင်းပါများနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်– “ခရစ်တော်၏ အစေအပါကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကိုစောင့်သော ဘဏ္ဍာစိုးကဲ့သို့လည်းကောင်း သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။”a—၁ ကောရိန္သု ၂:၁-၅; ၄:၁။

      ၇။ ပေါလုသည် သွန်သင်မှုပေးသည့်အခါ၌ပင် ကျိုးနွံခြင်းကို မည်သို့တင်ပြခဲ့သနည်း။

      ၇ ပေါလုသည် ပြင်းထန်သည့်ဆုံးမမှုနှင့် ညွှန်ကြားမှုပေးခဲ့ရသည့်အခါ၌ပင် ကျိုးနွံခြင်းကိုတင်ပြခဲ့သည်။ သူသည် ခရစ်ယာန်ချင်းများကို မိမိ၏တမန်တော်အခွင့်အာဏာ အရှိန်အဝါအားဖြင့်မဟုတ်ဘဲ “ဘုရားသခင်၏ကရုဏာတော် [ကြင်နာမှု] ကို ထောက်ထား” ၍ “မေတ္တာအားဖြင့်” တောင်းပန်ခဲ့သည်။ (ရောမ ၁၂:၁၊ ၂; ဖိလေမုန် ၈၊ ၉) ပေါလုသည် ဤသို့အဘယ်ကြောင့် ပြုခဲ့သနည်း။ အကြောင်းမှာ မိမိကိုယ်ကို ‘သူတို့၏ယုံကြည်ခြင်းကိုအစိုးရ’ သူတစ်ဦးကဲ့သို့မဟုတ်ဘဲ ညီအစ်ကိုများ၏ ‘လုပ်ဖော်ဆောင်ဖက်ချင်း’ တစ်ဦးအဖြစ် အမှန်ပင်ရှုမြင်ခဲ့သောကြောင့်ဖြစ်၏။ (၂ ကောရိန္သု ၁:၂၄) ပထမရာစုခရစ်ယာန်အသင်းတော်က ပေါလုကို အထူးချစ်မြတ်နိုးခဲ့ကြခြင်းမှာ သူ၏ကျိုးနွံမှုကြောင့် အမှန်ဖြစ်ပေမည်။—တမန်တော် ၂၀:၃၆-၃၈။

  • “ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏”
    ကင်းမျှော်စင်—၂၀၀၀ | ဩဂုတ် ၁
    • a “အစေအပါများ” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် သင်္ဘောကြီးတစ်ခုပေါ်မှ တက်ခတ်သမားများထိုင်ရာ ခုံတန်းအနိမ့်တွင် လှော်ခတ်သည့်ကျွန်တစ်ဦးကို ရည်ညွှန်းနိုင်သည်။ ယင်းနှင့်ဆန့်ကျင်လျက် “ဘဏ္ဍာစိုးများ” သည် ခြံမြေကို ကြည့်ရှုစောင့်ထိန်းခြင်းအပါအဝင် သာ၍များသောတာဝန်များ အပ်နှင်းခံရပေမည်။ မည်သို့ပင်ဖြစ်စေ လှေသူကြီးအများစု၏အမြင်တွင် ဘဏ္ဍာစိုးသည် လှေထိုးသမားနည်းတူ ကျွန်ပြုခံရသူသာဖြစ်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ