ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၁ စာ. ၁
  • သင်တို့သည် “ပွဲဝင်သောသူ” ဖြစ်ကြ၏!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်တို့သည် “ပွဲဝင်သောသူ” ဖြစ်ကြ၏!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သစ္စာရှိ ကောင်းကင်တမန်တွေကို အတုယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၈/၀၁ စာ. ၁

သင်တို့သည် “ပွဲဝင်သောသူ” ဖြစ်ကြ၏!

၁ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူဖြစ်ကြ၏။” (၁ ကော. ၄:၉) ယင်းက ဘာကိုဆိုလိုသနည်း၊ ယင်းက ယနေ့ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၂ ကောရိန္သုမြို့သားတစ်ဦးအတွက် “ပွဲဝင်သောသူ” ဟူသောအသုံးအနှုန်းက ပြစ်ဒဏ်စီရင်ခံရသူတို့ကို ရက်ရက်စက်စက်မသတ်မီ ထောင်နှင့်ချီသောပွဲကြည့်ပရိသတ်များရှေ့တွင် ထုတ်ပြထားသည့် ရောမထိုးခုတ်သတ်ပုတ်ပြိုင်ပွဲတစ်ခု၏ အကြိတ်အနယ်ပွဲစဉ်ကို သတိရစေနိုင်သည်။ အလားတူ၊ ပရိသတ်ကြီး—လူနှင့်ကောင်းကင်တမန်များ—သည် နိုင်ငံတော်အကြောင်းသက်သေခံခြင်းကြောင့် ပထမရာစုခရစ်ယာန်များခံခဲ့ရသည့် ဒုက္ခဆင်းရဲခြင်းများကို အကဲခတ်ရှုစားခဲ့ကြသည်။ (ဟေဗြဲ ၁၀:၃၂၊ ၃၃) မျက်မှောက်ခေတ်ပြိုင်ကွင်းတွင် ကျွန်ုပ်တို့၏ခံနိုင်ရည်သည် အကျိုးသက်ရောက်သကဲ့သို့ သူတို့၏သမာဓိစောင့်သိသောလမ်းစဉ်က ဘေးမှကြည့်နေသူများစွာကို အကျိုးသက်ရောက်ခဲ့သည်။ ကျွန်ုပ်တို့သည် မည်သူတို့ရှေ့ပွဲဝင်ကြသနည်း။

၃ လောကနှင့်လူတို့ရှေ့– တစ်ခါတစ်ရံ သတင်းဖြန့်ချိရေးက ယေဟောဝါလူမျိုး၏လုပ်ဆောင်မှုသတင်းများကို ထုတ်လွှင့်ကြသည်။ ကျွန်ုပ်တို့၏လုပ်ငန်းနှင့်ပတ်သက်၍ မှန်ကန်ပြီး ဘက်လိုက်ခြင်းမရှိသည့် သတင်းကောင်းများကို ကျွန်ုပ်တို့လေးမြတ်ကြစဉ် သားပုပ်လေလွင့်ပြောသူများက အခါအားလျော်စွာ ဖြန့်သည့် သတင်းဆိုးများကိုလည်း မျှော်လင့်ကြသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် “သတင်းဆိုးနှင့် သတင်းကောင်းအားဖြင့်” မိမိတို့ကိုယ်ကို ဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ် ဆက်၍ထောက်ခံနေရမည်ဖြစ်သည်။ (၂ ကော. ၆:၄၊ ၈၊ ကဘ) ယင်းက ကျွန်ုပ်တို့သည် ယေရှုခရစ်၏တပည့်စစ်များဖြစ်ကြောင်း နှလုံးရိုးဖြောင့်သောအကဲခတ်ကြည့်ရှုသူများကို ရှင်းလင်းသိရှိစေသည်။

၄ ကောင်းကင်တမန်များရှေ့– နာမ်ဝိညာဉ်သတ္တဝါများကလည်း ကျွန်ုပ်တို့ကိုအကဲခတ်ကြည့်ရှုကြသည်။ မာရ်နတ်နှင့်သူ၏နတ်ဆိုးများပါ ကြည့်ရှုနေသည်—သို့သော် “ဒေါသကြီးစွာဖြင့်” “ယေရှုအကြောင်းသက်သေခံသောအလုပ်” ကိုရပ်တန့်သွားစေရန် ရှာကြံနေခြင်းဖြစ်သည်။ (ဗျာ. ၁၂:၉၊ ၁၂၊ ၁၇၊ ကဘ) ဘုရားသခင့်သစ္စာရှိ ကောင်းကင်တမန်များသည် ကြည့်ရှုကြကာ အပြစ်သားတစ်ဦး နောင်တရသည့်အခါ ဝမ်းမြောက်ကြသည်။ (လု. ၁၅:၁၀) ကောင်းကင်တမန်များသည် ယနေ့ ကမ္ဘာပေါ်တွင် လုပ်ဆောင်လျက်ရှိသည့် ကျွန်ုပ်တို့၏ဓမ္မအမှုကို အရေးအကြီးဆုံး၊ အကျိုးအရှိဆုံးလုပ်ငန်းအဖြစ် ရှုမြင်ကြကြောင်း သိရှိရသည့်အတွက် ယင်းက ကျွန်ုပ်တို့ကို ခွန်အားရှိစေသင့်သည်!—ဗျာ. ၁၄:၆၊ ၇။

၅ သင်သည် အတိုက်အခံကြုံရသည့်အခါ သို့မဟုတ် သင့်ဓမ္မအမှုသည် အကျိုးရှိမည်မဟုတ်ဟုထင်သည့်အခါ စကြဝဠာတစ်ခုလုံးက သင့်ကိုအာရုံစိုက်နေသည်ကို သတိရပါ။ သင်၏သစ္စာရှိခံနိုင်ရည်က သင့်အကြောင်းကို များစွာဖော်ပြပါသည်။ အဆုံး၌ သင်၏ ‘ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသောတိုက်လှန်ခြင်း’ ကသင့်အား “ထာဝရအသက်ကိုကိုင်” စွဲနိုင်စေပါလိမ့်မည်။—၁ တိ. ၆:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ