ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ စက်တင်ဘာ စာ. ၈-၁၁၁
  • အာမဂေဒုန်ဟာ သတင်းကောင်းဖြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာမဂေဒုန်ဟာ သတင်းကောင်းဖြစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာမဂေဒုန်ဆိုတာ ဘာလဲ
  • ဘယ်ဖြစ်ရပ်တွေက အာမဂေဒုန်ကို ဦးတည်စေမလဲ
  • အာမဂေဒုန်မှာ ကယ်တင်ခံရဖို့ သင် ဘာလုပ်ရမလဲ
  • အဆုံးနီးလာတာနဲ့အမျှ ဘယ်လို ဆက်သစ္စာရှိနိုင်မလဲ
  • အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အစ္စရေးနိုင်ငံကနေ အာမဂေဒုန်စစ်ပွဲ စတင်ဖြစ်ပွားမလား—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ စက်တင်ဘာ စာ. ၈-၁၁၁

လေ့လာရန် ဆောင်းပါး ၃၆

အာမဂေဒုန်ဟာ သတင်းကောင်းဖြစ်

‘သူတို့က ဘုရင်တွေကို အာမဂေဒုန်မှာ စုရုံးတယ်။’ —ဗျာ. ၁၆:၁၆။

သီချင်း ၁၅၀ ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ

အကြိုသုံးသပ်ချက်a

၁-၂။ (က) အာမဂေဒုန်ဟာ လူသားတွေအတွက် ဘာကြောင့် သတင်းကောင်း ဖြစ်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

လူတွေက “အာမဂေဒုန်” ကို နျူကလီးယား စစ်ပွဲ ဒါမှမဟုတ် သဘာဝဘေးဆိုး တစ်ခုခုနဲ့ ဆက်စပ်ပြောတာကို သင် ကြားဖူးသလား။ ကျမ်းစာမှာတော့ အာမဂေဒုန်ကို ဝမ်းသာစရာ သတင်းကောင်းနဲ့ ဆက်စပ်ထားတယ်။ (ဗျာ. ၁:၃) အာမဂေဒုန်စစ်ပွဲဟာ လူတွေကို ဖျက်ဆီးဖို့ မဟုတ်ဘဲ ကယ်တင်ဖို့ ဖြစ်တယ်။ ဘယ်နည်းနဲ့လဲ။

၂ အာမဂေဒုန်စစ်ပွဲဟာ လူ့အုပ်ချုပ်မှုကို အဆုံးတိုင်ပေးခြင်းအားဖြင့် လူတွေကို ကယ်တင်မယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဆိုးသွမ်းမှုကို ဖယ်ရှားပေးပြီး ဖြောင့်မတ်သူတွေကို ဆက်အသက်ရှင်စေခြင်း၊ ကမ္ဘာဂြိုဟ် မပျက်စီးအောင် ကာကွယ်ပေးခြင်းအားဖြင့် လူတွေကို ကယ်တင်မယ်။ (ဗျာ. ၁၁:၁၈) ပိုနားလည်ဖို့ ဒီမေးခွန်းလေးခုကို ဆွေးနွေးကြစို့– အာမဂေဒုန်ဆိုတာ ဘာလဲ။ ဘယ်ဖြစ်ရပ်တွေက အာမဂေဒုန်ကို ဦးတည်စေမလဲ။ အာမဂေဒုန်မှာ ကယ်တင်ခံရဖို့ ဘာလုပ်ရမလဲ။ အာမဂေဒုန် နီးလာတာနဲ့အမျှ ဘယ်လို ဆက်သစ္စာရှိနိုင်မလဲ။

အာမဂေဒုန်ဆိုတာ ဘာလဲ

၃။ (က) “အာမဂေဒုန်” ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုသလဲ။ (ခ) ဗျာဒိတ် ၁၆:၁၄၊ ၁၆ အရ အာမဂေဒုန်ဟာ ပကတိနေရာဒေသ မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။

၃ ဗျာဒိတ် ၁၆:၁၄၊ ၁၆ ကိုဖတ်ပါ။ ကျမ်းစာမှာ “အာမဂေဒုန်” ဆိုတဲ့ စကားလုံး တစ်ကြိမ်ပဲ ပါတယ်။ “မေဂိဒေါတောင်” လို့ အဓိပ္ပာယ်ရတဲ့ ဟီဘရူးစကားလုံးကနေ ဆင်းသက်လာတယ်။ (ဗျာ. ၁၆:၁၆၊ အောက်ခြေမှတ်ချက်) မေဂိဒေါဆိုတာ ရှေးအစ္စရေးနိုင်ငံရဲ့ မြို့တစ်မြို့ ဖြစ်တယ်။ (ယောရှု ၁၇:၁၁) ဒါပေမဲ့ အာမဂေဒုန်ဆိုတာ ကမ္ဘာပေါ်က ပကတိ နေရာဒေသတစ်ခုကို ဆိုလိုတာ မဟုတ်ဘူး။ အတိအကျပြောရရင် “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” ယေဟောဝါကို ဆန့်ကျင်ဖို့ စုရုံးလာတဲ့ အခြေအနေကို ဆိုလိုတယ်။ (ဗျာ. ၁၆:၁၄) ဒါပေမဲ့ မြေကြီးဘုရင်တွေ စုရုံးပြီးနောက် ဆက်တိုက်လိုက်ပါလာတဲ့ စစ်ပွဲကို ရည်ညွှန်းဖို့လည်း “အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို သုံးပါမယ်။ အာမဂေဒုန်ဟာ ပုံဆောင်နေရာဖြစ်မှန်း ဘယ်လို သိရသလဲ။ ပထမ၊ ပကတိ မေဂိဒေါတောင်ဆိုတာ မရှိဘူး။ ဒုတိယ၊ မေဂိဒေါဆိုတဲ့ နေရာဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ၊” စစ်တပ်တွေ၊ လက်နက်တွေ ဆံ့နိုင်လောက်အောင် မကျယ်ဘူး။ တတိယ၊ ကမ္ဘာအနှံ့အပြားမှာ နေထိုင်တဲ့ ဘုရားလူမျိုးကို “ဘုရင်တွေ” တိုက်ခိုက်ချိန်မှာ အာမဂေဒုန်စစ်ပွဲ စတင်မှာဖြစ်တယ်။ အဲဒီအကြောင်း ဒီဆောင်းပါးမှာ တွေ့ရပါမယ်။

၄။ ဘုရားသခင်က နောက်ဆုံး စစ်ပွဲကြီးကို မေဂိဒေါနဲ့ ဘာကြောင့် ဆက်စပ်ထားတာလဲ။

၄ ယေဟောဝါက နောက်ဆုံး စစ်ပွဲကြီးကို မေဂိဒေါနဲ့ ဘာကြောင့် ဆက်စပ်ထားတာလဲ။ မေဂိဒေါနဲ့ အနားက ယေဇရေလ ချိုင့်ဝှမ်းမှာ စစ်ပွဲများစွာ ဖြစ်ခဲ့တယ်။ တစ်ခါတလေ ယေဟောဝါကိုယ်တိုင် ကြားဝင် တိုက်ခိုက်ပေးတယ်။ ဥပမာ၊ “မေဂိဒေါချောင်းနား” မှာ ဗိုလ်ချုပ် သိသရ ဦးဆောင်တဲ့ ခါနန်စစ်တပ်ကို အစ္စရေး တရားသူကြီး ဗာရက် အောင်မြင်ဖို့ ဘုရား ကူညီပေးခဲ့တယ်။ အံ့ဖွယ် အောင်ပွဲအတွက် ယေဟောဝါကို ဗာရက်နဲ့ ပရောဖက်မ ဒေဗောရ ကျေးဇူးတင် ချီးမွမ်းခဲ့တယ်။ ‘ကြယ်တာရာတွေ ကောင်းကင်တစ်ခွင်ကနေ သိသရကို တိုက်ခိုက်တယ်။ ကိရှုန်ချောင်းရေက ရန်သူတွေကို တိုက်ချပစ်ပြီ’ လို့ သူတို့ သီချင်းဆိုကြတယ်။—သူကြီး. ၅:၁၉-၂၁။

၅။ အာမဂေဒုန်စစ်ပွဲနဲ့ ဗာရက် တိုက်ခဲ့တဲ့ စစ်ပွဲ ဘယ်လို ကွာခြားမလဲ။

၅ ဗာရက်နဲ့ ဒေဗောရက သီချင်းကို ဒီလို နိဂုံးချုပ်ထားတယ်– “အို ယေဟောဝါ၊ ရန်သူအားလုံး ပျက်စီးပါစေ။ ကိုယ်တော့်ကို ချစ်မြတ်နိုးသူတွေကတော့ အရှိန်အဝါနဲ့ ထွန်းလင်းလာတဲ့ နေမင်းလို ဖြစ်ပါစေ။” (သူကြီး. ၅:၃၁) အာမဂေဒုန်မှာလည်း ဘုရားသခင်ကို ချစ်မြတ်နိုးသူတွေ ကယ်တင်ခံရပြီး ဘုရားသခင့် ရန်သူတွေ ပျက်စီးသွားပါလိမ့်မယ်။ အရေးကြီးတဲ့ ကွာခြားချက်ကတော့ အာမဂေဒုန်မှာ ဘုရားလူမျိုးဟာ တိုက်ခိုက်ဖို့ လိုမှာ မဟုတ်ဘူး။ လက်နက်တွေတောင် ရှိမှာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ကောင်းကင်တပ်မဟာကို “တည်ငြိမ်စွာ ယုံကြည်ကိုးစား” တာက သူတို့ရဲ့ “ခွန်အား” ဖြစ်ပါလိမ့်မယ်။—ဟေရှာ. ၃၀:၁၅။ ဗျာ. ၁၉:၁၁-၁၅။

၆။ အာမဂေဒုန်မှာ ရန်သူတွေကို ယေဟောဝါ ဘယ်လို အနိုင်ယူမလဲ။

၆ အာမဂေဒုန်မှာ ရန်သူတွေကို ဘုရားသခင် ဘယ်လို အနိုင်ယူမလဲ။ နည်းလမ်းများစွာကို သုံးနိုင်တယ်။ မြေငလျင်၊ မိုးသီး၊ လျှပ်စီးတွေကို သုံးနိုင်တယ်။ (ယောဘ ၃၈:၂၂၊ ၂၃။ ယေဇ. ၃၈:၁၉-၂၂) ရန်သူအချင်းချင်း တိုက်ခိုက်အောင်လည်း လုပ်နိုင်တယ်။ (၂ ရာ. ၂၀:၁၇၊ ၂၂၊ ၂၃) လူဆိုးတွေကို ဖျက်ဆီးဖို့ ကောင်းကင်တမန်တွေကိုလည်း သုံးနိုင်တယ်။ (ဟေရှာ. ၃၇:၃၆) ဘယ်နည်းကိုပဲ သုံးပါစေ ဘုရားသခင် အပြတ်အသတ် အောင်ပွဲရပါလိမ့်မယ်။ ရန်သူအားလုံး ဖျက်ဆီးခံရပြီး ဖြောင့်မတ်သူအားလုံး ကယ်တင်ခံရပါလိမ့်မယ်။—ပညာ. ၃:၂၅၊ ၂၆။

အာမဂေဒုန်အတွက် အခုကတည်းက အသင့်ပြင်ထားပါ

ကျမ်းစာက အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုသိနိုင်ဖို့ ကူညီပေးတယ်။ လောကကတော့ အဲဒီဖြစ်ရပ်တွေကြောင့် အံ့ဩသွားမယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။ သင်ကော ဘယ်လို တုံ့ပြန်မယ်ဆိုတာ စဉ်းစားထားပြီလား။

ရုပ်ပုံ ခြောက်ခုက အာမဂေဒုန်ကို ဦးတည်စေတဲ့ ဖြစ်ရပ်တွေအတွင်း လောကရဲ့ တုံ့ပြန်ပုံနဲ့ ယေဟောဝါလူမျိုးရဲ့ တုံ့ပြန်ပုံ ကွာခြားမှုကို ပုံဖော်ထား

(အပိုဒ် ၇-၁၅ ကိုကြည့်ပါ)b

ဘယ်ဖြစ်ရပ်တွေက အာမဂေဒုန်ကို ဦးတည်စေမလဲ

၇-၈။ (က) ၁ သက်သာလောနိတ် ၅:၁-၆ အရ ကမ္ဘာ့ခေါင်းဆောင်တွေ ဘယ်ထူးခြားတဲ့ ကြေညာချက်ကို ကြေညာကြမလဲ။ (ခ) အဲဒါဟာ ဘာကြောင့် အန္တရာယ်ရှိတဲ့ လိမ်လည်မှု ဖြစ်သလဲ။

၇ “ယေဟောဝါရဲ့နေ့” မတိုင်ခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်ကြလိမ့်မယ်။ (၁ သက်သာလောနိတ် ၅:၁-၆ ကိုဖတ်ပါ။) ၁ သက်သာလောနိတ် ၅:၂ မှာပါတဲ့ “ယေဟောဝါရဲ့နေ့” ဆိုတာ “ကြီးစွာသောဒုက္ခ” ကို ဆိုလိုတယ်။ (ဗျာ. ၇:၁၄) ကြီးစွာသောဒုက္ခ စတော့မယ်ဆိုတာ ဘယ်လို သိနိုင်မလဲ။ အလွန်ထူးခြားတဲ့ ကြေညာချက်အကြောင်း ကျမ်းစာ ပြောထားတယ်။ အဲဒီကြေညာချက်က ကြီးစွာသောဒုက္ခ စတော့မယ်ဆိုတာကို အချက်ပြပါလိမ့်မယ်။

“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြေညာချိန်မှာ

လောကရဲ့ တုံ့ပြန်ပုံ

စာတမ်းတစ်စောင်မှာ လက်မှတ်ထိုးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပြင်ဆင်နေ

(အပိုဒ် ၈ ကိုကြည့်ပါ)

ယေဟောဝါလူမျိုးရဲ့ တုံ့ပြန်ပုံ

စာပေတွန်းလှည်း ဘေးမှာ မောင်နှံတစ်စုံ ရပ်နေ

(အပိုဒ် ၈ ကိုကြည့်ပါ)

၈ အဲဒါကတော့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်ပဲ။ ကမ္ဘာ့ခေါင်းဆောင်တွေ ဘာကြောင့် အဲဒီလို ကြေညာကြမလဲ။ ကျွန်တော်တို့ အတိအကျ မသိဘူး။ ဘာသာရေးခေါင်းဆောင်တွေကော ပါမလား။ ပါနိုင်တယ်။ ဒါဟာ နတ်ဆိုးတွေဆီကလာတဲ့ လိမ်လည်မှု ဖြစ်တယ်။ အဲဒီလိမ်လည်မှုက သိပ်အန္တရာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ လူ့သမိုင်းမှာ အကြီးမားဆုံး ဘေးဒုက္ခ စတော့မယ့် အချိန်မှာတောင် လုံခြုံမှု ရှိနေတယ်လို့ လူတွေကို ထင်မှတ်စေမှာ ဖြစ်လို့ပဲ။ ဒါပေမဲ့ “ကိုယ်ဝန်ဆောင်မိန်းမက သားဖွားဝေဒနာ ရုတ်တရက် ခံစားရသလို မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။” ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကော။ သူတို့ကတော့ ယေဟောဝါရဲ့နေ့ ရုတ်တရက် ရောက်လာလို့ အံ့ဩမိနိုင်ပေမဲ့ အသင့်ဖြစ်နေကြပါလိမ့်မယ်။

၉။ စာတန့်လောကကို ဘုရား ဘယ်လို ဖျက်ဆီးမလဲ။

၉ ယေဟောဝါက နောဧခေတ်မှာ စာတန့်လောက တစ်ခုလုံးကို တစ်ကြိမ်တည်းနဲ့ အပြီးဖျက်ဆီးသလို အခု ဖျက်ဆီးမှာ မဟုတ်ဘူး။ အဆင့် နှစ်ဆင့် ရှိပါလိမ့်မယ်။ ပထမ၊ ကမ္ဘာ့မှားယွင်းတဲ့ ဘာသာရေး အင်ပါယာဖြစ်တဲ့ မဟာဗာဗုလုန်ကို ဖျက်ဆီးမယ်။ ပြီးနောက် အာမဂေဒုန်မှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစနစ်တွေ အပါအဝင် စာတန့်လောကရဲ့ ကျန်အစိတ်အပိုင်းတွေကို ဖျက်ဆီးမှာ ဖြစ်တယ်။ အဲဒီဖြစ်ရပ်ကြီး နှစ်ခုကို အသေးစိတ် ဆွေးနွေးကြပါစို့။

၁၀။ ဗျာဒိတ် ၁၇:၁၊ ၆ နဲ့ ၁၈:၂၄ အရ မဟာဗာဗုလုန်ကို ယေဟောဝါ ဘာကြောင့် ဖျက်ဆီးပစ်မလဲ။

၁၀ ‘ပြည့်တန်ဆာကြီး အပြစ်ဒဏ်ခံရ။’ (ဗျာဒိတ် ၁၇:၁၊ ၆။ ၁၈:၂၄ ကိုဖတ်ပါ။) မဟာဗာဗုလုန်ဟာ ဘုရားနာမည်ကို အကြီးအကျယ် ရှုတ်ချထားတယ်။ ဘုရားအကြောင်း မမှန်မကန် သွန်သင်ပေးတယ်။ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မဟာမိတ်ဖွဲ့တယ်။ မိမိရဲ့ ဩဇာအာဏာနဲ့ အရှိန်အဝါကို သုံးပြီး အသင်းသားတွေကို အမြတ်ထုတ်တယ်။ ဘုရားကျေးကျွန်တွေ အပါအဝင် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ (ဗျာ. ၁၉:၂) မဟာဗာဗုလုန်ကို ယေဟောဝါ ဘယ်လို ဖျက်ဆီးမလဲ။

‘ပြည့်တန်ဆာကြီး ပြစ်ဒဏ်ခံရ’ ချိန်မှာ

လောကရဲ့ တုံ့ပြန်ပုံ

ဘာသာရေး အဆောက်အအုံတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေ ဖျက်ဆီးနေ

(အပိုဒ် ၁၁ ကိုကြည့်ပါ)

ယေဟောဝါလူမျိုးရဲ့ တုံ့ပြန်ပုံ

မိသားစုတစ်စု အတူကျမ်းစာဖတ်နေ

(အပိုဒ် ၁၂ ကိုကြည့်ပါ)

၁၁။ “နီမြန်းတဲ့ သားရဲ” က ဘာကို ဆိုလိုသလဲ။ မဟာဗာဗုလုန်နဲ့ပတ်သက်တဲ့ ဘုရားအလိုတော် ပြည့်စုံရေးမှာ ဘယ်လို ပါဝင်မလဲ။

၁၁ “ချိုဆယ်ချောင်း” ရှိတဲ့ “နီမြန်းတဲ့ သားရဲတစ်ကောင်” ကို သုံးပြီး “ပြည့်တန်ဆာကြီး” ကို ယေဟောဝါ ဖျက်ဆီးပါလိမ့်မယ်။ အဲဒီသားရဲက ကုလသမဂ္ဂကို ဆိုလိုတယ်။ ချိုဆယ်ချောင်းက ကုလသမဂ္ဂကို ထောက်ပံ့နေတဲ့ လက်ရှိ အစိုးရတွေကို ဆိုလိုတယ်။ ဘုရား သတ်မှတ်ထားချိန်မှာ အဲဒီအစိုးရတွေက မဟာဗာဗုလုန်ကို တိုက်ခိုက်ကြလိမ့်မယ်။ သူ့ရဲ့ စည်းစိမ်တွေကို သိမ်းယူ၊ ဆိုးသွမ်းမှုကို ဖော်ထုတ်ခြင်းအားဖြင့် “သူ့ကို သိမ်းရုံးဖျက်ဆီးပြီး အဝတ်ဗလာ ဖြစ်စေမယ်။” (ဗျာ. ၁၇:၃၊ ၁၆) အဲဒီဖျက်ဆီးခြင်းက တစ်နေ့ချင်းမှာ ဖြစ်သလို မြန်လွန်းလို့ သူ့ကို ထောက်ပံ့သူတွေ အံ့ဩတကြီး ဖြစ်သွားလိမ့်မယ်။ တကယ်တော့ “ဘုရင်မလို ငါနန်းစံနေတာ။ ငါဟာ မုဆိုးမ မဟုတ်ဘူး။ ဘယ်တော့မှ ငိုကြွေးရမှာ မဟုတ်ဘူး” လို့ သူ ဟစ်ကြွေးလာခဲ့တာ။—ဗျာ. ၁၈:၇၊ ၈။

၁၂။ တိုင်းနိုင်ငံတွေကို ယေဟောဝါ ဘာလုပ်ခွင့်ပေးမှာ မဟုတ်သလဲ။ ဘာကြောင့်လဲ။

၁၂ မိမိလူမျိုးကို တိုင်းနိုင်ငံတွေ ဖျက်ဆီးဖို့တော့ ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။ ဘုရားလူမျိုးဟာ ဘုရားနာမည်ကို ခံယူထားသူတွေ၊ မဟာဗာဗုလုန်ကနေ ထွက်ပါဆိုတဲ့ အမိန့်ကို နာခံသူတွေ ဖြစ်တယ်။ (တ. ၁၅:၁၆၊ ၁၇။ ဗျာ. ၁၈:၄) တခြားသူတွေကိုလည်း ထွက်နိုင်ဖို့ ကူညီပေးနေကြတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ မဟာဗာဗုလုန် “ခံရမယ့် ကပ်ဘေးတွေကို” ခံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေတော့ ကြုံရမှာ ဖြစ်တယ်။

စားပွဲမှာ ဝိုင်းထိုင်နေတဲ့ ယေဟောဝါလူမျိုး မိသားစုတစ်စုရဲ့ အိမ်ကို ရဲတွေ လာနေချိန်မှာ ကောင်းကင်တမန်တွေ စောင့်ကြည့်နေ

ဘုရားလူမျိုးဟာ ဘယ်နေရာမှာပဲ ရှိပါစေ တိုက်ခိုက်ခံရချိန်မှာ ဘုရားကို ယုံကြည်ကိုးစားကြ (အပိုဒ် ၁၃ ကိုကြည့်ပါ)c

၁၃။ (က) ဂေါဂမင်းက ဘယ်သူလဲ။ (ခ) ယေဇကျေလ ၃၈:၂၊ ၈၊ ၉ အရ ဘယ်အချိန်မှာ အာမဂေဒုန်စစ်ပွဲ စတင်မလဲ။

၁၃ ဂေါဂရဲ့ တိုက်ခိုက်မှု။ (ယေဇကျေလ ၃၈:၂၊ ၈၊ ၉ ကိုဖတ်ပါ။) မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းအားလုံး ဖျက်ဆီးခံရပြီးနောက် ဘုရားလူမျိုးဟာ မုန်တိုင်းဒဏ်ကနေ လွတ်လာတဲ့ သစ်ပင်လို ထီးတည်း ကျန်နေလိမ့်မယ်။ စာတန်ဟာ အလွန်ဒေါသထွက်ပြီး “ညစ်ညူးတဲ့ သတင်းစကား” ဖြစ်တဲ့ နတ်ဆိုးတွေဆီက မှားယွင်းတဲ့ သတင်းကို ဖြန့်လိမ့်မယ်။ အဲဒီသတင်းကြောင့် နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ အုပ်စုက ယေဟောဝါရဲ့ ကျေးကျွန်တွေကို တိုက်ခိုက်မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄) အဲဒီအုပ်စုကို “မာဂေါဂပြည်က ဂေါဂမင်း” လို့ ခေါ်တယ်။ ဘုရားကျေးကျွန်တွေကို ဂေါဂမင်း တိုက်ခိုက်တဲ့အခါ အာမဂေဒုန်စစ်ပွဲ စတင်ပါလိမ့်မယ်။—ဗျာ. ၁၆:၁၆။

“မာဂေါဂပြည်က ဂေါဂမင်း” တိုက်ခိုက်ချိန်မှာ

လောကရဲ့ တုံ့ပြန်ပုံ

မာဂေါဂပြည်က ဂေါဂမင်းရဲ့ တိုက်ခိုက်မှုအတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ခိုက်နေ

(အပိုဒ် ၁၄ ကိုကြည့်ပါ)

ယေဟောဝါလူမျိုးရဲ့ တုံ့ပြန်ပုံ

တိုက်ခိုက်မှုအတွင်း ယေဟောဝါရဲ့ လူမျိုးကို ကောင်းကင်တမန်တစ်ပါး ကာကွယ်ပေးနေ

(အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၄။ ဂေါဂ ဘာကို သိလာမလဲ။

၁၄ ဂေါဂမင်းက “လူအင်အား၊” တစ်နည်းအားဖြင့် စစ်တပ်အင်အားကို အားကိုးလိမ့်မယ်။ (၂ ရာ. ၃၂:၈) ကျွန်တော်တို့ကတော့ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားကြပါလိမ့်မယ်။ အဲဒါက လူတွေအတွက်တော့ မိုက်မဲပုံရတယ်။ ဩဇာအာဏာကြီးခဲ့တဲ့ မဟာဗာဗုလုန်ကို သူ့ရဲ့ဘုရားတွေက “သားရဲ” နဲ့ “ချိုဆယ်ချောင်း” လက်ကနေ မကယ်တင်နိုင်ဘူး။ (ဗျာ. ၁၇:၁၆) ဒါကြောင့် ဂေါဂက ဘုရားလူမျိုးကို လွယ်လွယ်လေးနဲ့ အနိုင်ရမယ်လို့ ထင်ပြီး “ပြည်ကိုလွှမ်းမိုးတဲ့ မိုးတိမ်တွေလို” လာတိုက်ခိုက်လိမ့်မယ်။ (ယေဇ. ၃၈:၁၆) ဒါပေမဲ့ ဂေါဂ ထောင်ချောက်မိသွားမှန်း မကြာခင် သိလာလိမ့်မယ်။ ပင်လယ်နီမှာ ဖျက်ဆီးခံလိုက်ရတဲ့ ဖာရောလိုပဲ ယေဟောဝါကို တိုက်ခိုက်နေတာ ဖြစ်ကြောင်း သိလာပါလိမ့်မယ်။—ထွ. ၁၄:၁-၄။ ယေဇ. ၃၈:၃၊ ၄၊ ၁၈၊ ၂၁-၂၃။

၁၅။ ခရစ်တော်က ဘယ်နည်းနဲ့ အောင်ပွဲခံမလဲ။

၁၅ ခရစ်တော်နဲ့ ကောင်းကင် စစ်တပ်တွေက ဘုရားလူမျိုးကို ကာကွယ်ပြီး ဂေါဂနဲ့ သူ့ရဲ့စစ်တပ်ကို ဖျက်ဆီးပစ်လိမ့်မယ်။ (ဗျာ. ၁၉:၁၁၊ ၁၄၊ ၁၅) မှားယွင်းတဲ့ သတင်းစကားတွေ ဖြန့်ပြီး အာမဂေဒုန်ကို ဦးတည်စေတဲ့ အဓိကရန်သူ စာတန်ကိုကော။ ယေရှုက စာတန်နဲ့ နတ်ဆိုးတွေကို တွင်းနက်ကြီးထဲ ပစ်ချပြီး အနှစ် ၁၀၀၀ ချည်နှောင်ပါလိမ့်မယ်။—ဗျာ. ၂၀:၁-၃။

အာမဂေဒုန်မှာ ကယ်တင်ခံရဖို့ သင် ဘာလုပ်ရမလဲ

၁၆။ (က) ‘ဘုရားကို သိ’ ကြောင်း ကျွန်တော်တို့ ဘယ်လို ပြနေသလဲ။ (ခ) ယေဟောဝါကို သိတဲ့သူတွေ အာမဂေဒုန်မှာ ဘာဖြစ်မလဲ။

၁၆ ကျွန်တော်တို့ဟာ အမှန်တရား ရခါစဖြစ်စေ၊ သက်တမ်းကြာသူဖြစ်စေ အာမဂေဒုန်မှာ ကယ်တင်ခံရဖို့ ‘ဘုရားသခင်ကို သိ’ ပြီး ‘သခင်ယေရှုအကြောင်း သတင်းကောင်းကို နာခံ’ ရမယ်။ (၂ သက်. ၁:၇-၉) ဘုရား ကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာနဲ့ ဘုရားစံနှုန်းတွေကို သိတာက ‘ဘုရားကို သိ’ တာ ဖြစ်တယ်။ ဘုရားကို ချစ်ခြင်း၊ နာခံခြင်း၊ အကြွင်းမဲ့ ဆည်းကပ်ခြင်းအားဖြင့်လည်း ဘုရားကို သိကြောင်း ဖော်ပြနိုင်တယ်။ (၁ ယော. ၂:၃-၅။ ၅:၃) ဘုရားသခင်ကို သိကြောင်း ဖော်ပြတဲ့သူကို “ဘုရားသခင် သိ” တယ်။ ဘုရားက မိမိသိတဲ့သူတွေကိုပဲ အာမဂေဒုန်မှာ ကယ်တင်မယ်။ (၁ ကော. ၈:၃) ဘာကြောင့်လဲဆိုတော့ “ဘုရားသခင် သိ” တယ်ဆိုတာ ဘုရားရဲ့ မျက်နှာသာရတာကို ဆိုလိုတဲ့အတွက်ပဲ။

၁၇။ ‘သခင်ယေရှုအကြောင်း သတင်းကောင်းကို နာခံ’ တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၇ “သခင်ယေရှုအကြောင်း သတင်းကောင်း” ထဲမှာ ကျမ်းစာမှာပါတဲ့ ယေရှုရဲ့ သွန်သင်ချက်အားလုံး ပါဝင်တယ်။ အဲဒါတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးတာက သတင်းကောင်းကို နာခံနေတာပဲ။ နာခံခြင်းမှာ နိုင်ငံတော်ကို ပထမနေရာထားခြင်း၊ ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်ခြင်း၊ ဘုရားသခင့် နိုင်ငံတော်အကြောင်း ကြေညာခြင်းတို့ ပါဝင်တယ်။ (မ. ၆:၃၃။ ၂၄:၁၄) တာဝန်ကြီးတွေ ထမ်းဆောင်နေတဲ့ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေကို ထောက်မခြင်းလည်း ပါဝင်တယ်။—မ. ၂၅:၃၁-၄၀။

၁၈။ ခရစ်တော်ရဲ့ ဘိသိက်ခံညီတွေဟာ သူတို့ခံစားခဲ့ရတဲ့ ကြင်နာမှုကို ဘယ်လို ပြန်ဆပ်ပေးကြမလဲ။

၁၈ မကြာခင် ဘုရားသခင့် ဘိသိက်ခံကျေးကျွန်တွေဟာ “တခြားသိုးတွေ” ပြတဲ့ ကြင်နာမှုကို ပြန်ဆပ်ပေးကြပါလိမ့်မယ်။ (ယော. ၁၀:၁၆) ဘယ်နည်းအားဖြင့်လဲ။ အာမဂေဒုန်စစ်ပွဲ မစခင် ၁၄၄,၀၀၀ အားလုံးဟာ မသေနိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေအဖြစ် ကောင်းကင်ကို ထမြောက်ပြီးဖြစ်ပါလိမ့်မယ်။ ဂေါဂကို ဖျက်ဆီးမယ့်၊ “လူအုပ်ကြီး” ကို ကာကွယ်ပေးမယ့် ကောင်းကင်စစ်တပ်မှာ သူတို့အားလုံး ပါဝင်ကြပါလိမ့်မယ်။ (ဗျာ. ၂:၂၆၊ ၂၇။ ၇:၉၊ ၁၀) ယေဟောဝါရဲ့ ဘိသိက်ခံကျေးကျွန်တွေ မြေကြီးပေါ်ရှိနေတုန်း ထောက်မခွင့် ရတာဟာ လူအုပ်ကြီးအတွက် အခွင့်ထူးပါပဲ။

အဆုံးနီးလာတာနဲ့အမျှ ဘယ်လို ဆက်သစ္စာရှိနိုင်မလဲ

၁၉-၂၀။ အာမဂေဒုန် နီးလာတာနဲ့အမျှ အခက်အခဲတွေကြား ဘယ်လို ဆက်သစ္စာရှိနိုင်မလဲ။

၁၉ ဒီနောက်ဆုံးကာလမှာ ယေဟောဝါရဲ့ လူများစွာဟာ အခက်အခဲတွေ ကြုံနေရတယ်။ ဒါပေမဲ့ ဝမ်းမြောက်စွာ ခံရပ်နေကြတယ်။ (ယာ. ၁:၂-၄) ခံရပ်နိုင်ဖို့ အဓိက ကူညီပေးတာကတော့ အမြဲ ရင်ဖွင့်ဆုတောင်းခြင်းပါပဲ။ (လု. ၂၁:၃၆) ကျွန်တော်တို့ခေတ်နဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေ အပါအဝင် ကျမ်းစာကိုလည်း နေ့တိုင်း လေ့လာပြီး တွေးတောဆင်ခြင်ရမယ်။ (ဆာ. ၇၇:၁၂) အဲဒါတွေအပြင် အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ခြင်းက ယုံကြည်ခြင်းကို တိုးများစေပြီး မျှော်လင့်ချက် ရှင်သန်စေပါလိမ့်မယ်။

၂၀ မဟာဗာဗုလုန် ပျက်စီးပြီး အာမဂေဒုန် ပြီးဆုံးသွားတဲ့အခါ သင် ဘယ်လောက် စိတ်လှုပ်ရှားနေမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ အရေးကြီးဆုံးကတော့ ဘုရားသခင့် နာမည်နဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းသွားလို့ သင် အလွန်ပျော်နေပါလိမ့်မယ်။ (ယေဇ. ၃၈:၂၃) အာမဂေဒုန်ဟာ ဘုရားကို သိတဲ့သူ၊ သားတော်ကို နာခံတဲ့သူ၊ အဆုံးထိ ခံနိုင်ရည်ရှိသူတွေအတွက် သတင်းကောင်းပါပဲ။—မ. ၂၄:၁၃။

သင် ဘယ်လို ဖြေမလဲ

  • အာမဂေဒုန်ကို ဦးတည်စေတဲ့ ဖြစ်ရပ်တချို့က ဘာတွေလဲ။

  • “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်က ဘာကြောင့် အန္တရာယ်ရှိတဲ့ လိမ်ညာမှု ဖြစ်သလဲ။

  • အာမဂေဒုန် နီးလာတာနဲ့အမျှ ယေဟောဝါကို ဘယ်လို ဆက်သစ္စာရှိနိုင်မလဲ။

သီချင်း ၁၄၃ ဆက်မှုတော်ဆောင်ကာ စောင့်ဆိုင်းနေပါ

a ယေဟောဝါရဲ့ လူမျိုးဟာ အာမဂေဒုန်ကို စောင့်နေတာ အတော်ကြာနေပြီ။ အာမဂေဒုန်ဆိုတာ ဘာလဲ၊ ဘယ်ဖြစ်ရပ်တွေက အာမဂေဒုန်ကို ဦးတည်စေမလဲ၊ အဆုံးနီးလာတာနဲ့အမျှ ဘယ်လို ဆက်သစ္စာရှိနေနိုင်မလဲ ဆိုတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ပုံအညွှန်း– ကျွန်တော်တို့ ဝန်းကျင်မှာဖြစ်တဲ့ ဖြစ်ရပ်များ။ ကျွန်တော်တို့ကတော့ (၁) အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ကြမယ်။ (၂) ပုံမှန် လေ့လာမှု လုပ်ကြမယ်။ (၃) ဘုရားသခင့် ကာကွယ်မှုကို ဆက်ကိုးစားကြမယ်။

c ပုံအညွှန်း– ဖြစ်ပျက်နေတာတွေကို ယေရှုနဲ့ ကောင်းကင်တမန်တွေ သိကြောင်း ယုံကြည်စိတ်ချတဲ့ ခရစ်ယာန်မိသားစုရဲ့ အိမ်ထဲဝင်ဖို့ ရဲတွေ အသင့်ပြင်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ